Life style

ပီ႐ူးတြင္ မပ်က္စီးေသးသည့္ ၿဂိဳဟ္သား႐ုပ္အေလာင္းတစ္ခု ေတြ႕ရွိ

Written by admm

ပီ႐ူးတြင္ မပ်က္စီးေသးသည့္ ၿဂိဳဟ္သား႐ုပ္အေလာင္းတစ္ခု ေတြ႕ရွိ

 

 

ပီ႐ူနိုင္ငံ Nazca Lines အမည္ရ ေရွးေဟာင္း သုေတသနဆိုင္ရာ ဘူမိေဗဒနယ္ေျမမွာ မပ်က္စီးေသးတဲ့ ၿဂိဳဟ္သားတစ္ဦးရဲ႕ ႐ုပ္ႂကြင္းကို ေတြ႕ရွိခဲ့တယ္လို႔ နီးစပ္သူေတြက အတည္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီဗြီဒီယိုဟာ တမင္ဖန္တီးထားတာျဖစ္ၿပီး၊ လူထုဆီကေန မမွန္မကန္ေသာနည္းလမ္းျဖင့္ ေငြေၾကးရွာႀကံမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခံေနရပါတယ္။

အဆိုပါ ဗြီဒီယိုကို ျဖန႔္ေဝခဲ့တဲ့ ဝက္ဘ္ဆိုဒ္အမည္မွာ Gaia.com ျဖစ္ၿပီး၊ ယင္းဗြီဒီယိုကိုၾကည့္ရႈဖို႔အတြက္ အြန္လိုင္းဘဏ္ ဝန္ေဆာင္မႈစသည္တို႔မွ ေငြေပးေခ်ခဲ့ရတယ္လို႔ သိရပါတယ္။ အဆိုပါဝက္ဘ္ဆိုဒ္မွာေတာ့ ဒီၿဂိဳဟ္သား႐ုပ္အေလာင္းကို သုေတသနတူးေဖာ္မႈလုပ္ငန္းခြင္တစ္ခုမွ ေတြ႕ခဲ့ရတယ္လို႔ ဆိုထားပါတယ္။ ဒီ႐ုပ္အေလာင္းရဲ႕ သက္တမ္းကလည္း AD 245-410 အတြင္းလို႔ ေဖာ္ျပထားပါတယ္။

 

 

Daily Mail မွာ ေဖာ္ျပထားခ်က္မွာေတာ့ လူပုံစံနဲ႕နီးနီးစပ္စပ္ကို တူညီေနတဲ့ အဆို ႐ုပ္အေလာင္းဟာ 5 ေပ 5 လက္မ အရပ္ျမင့္ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ လူမႈကြန္ယက္အသုံးျပဳသူအမ်ားစုကေတာ့ ဒီ႐ုပ္ႂကြင္းဟာ ၿဂိဳဟ္သား႐ုပ္ႂကြင္း မဟုတ္ဖူးလို႔ ယုံၾကည္ေနၾကပါတယ္။

 

 

မွတ္ခ်က္ေရးသူတစ္ဦးက ၾကည့္ၾကည့္ပါဦး ပလာစတာနဲ႕ တမင္တကာလုပ္ထားတာႀကီး လို႔ ေရးသားခဲ့ပါတယ္။ အျခားတစ္ေယာက္ကလည္း ရိုင္းရိုင္းစိုင္းစိုင္း မွတ္ခ်က္ေပးခဲ့ၿပီး၊ ေနာက္တစ္ဦးကေတာ့ ယုံေတာ့ ယုံခ်င္ပါတယ္ .. ဒါေပမယ့္ လုပ္ႀကံမႈႀကီးဆိုတာ အသိသာႀကီးပါ DNA ေစာင့္ၾကတာေပါ့ လို႔ ေရးသားခဲ့ပါတယ္။

 

 

ဗြီဒီယိုထဲမွာပါတဲ့ ႐ုပ္အေလာင္းရဲ႕ ေျခေထာက္ေတြ လက္ေခ်ာင္းေတြဟာ သာမန္နဲ႕မတူပဲ၊ ရွည္လွ်ားတဲ့အဆစ္ပိုင္းနဲ႕ ေျခတစ္ဘက္၊ လက္တစ္ဖက္မွာ လူေတြကဲ့သို႔ ငါးေခ်ာင္းမပါဝင္ပဲ၊ သုံးေခ်ာင္းသာ ပါဝင္ပါတယ္။ မ်က္ႏွာ၊ ႏွာေခါင္းနဲ႕၊ ပါးစပ္ စသည္တို႔မွာ အရိုးစုတစ္ခုရဲ႕ အဂၤါရပ္မဟုတ္ပဲ၊ အသားေတြျပည့္ေနၿပီး၊ အိပ္ေနတဲ့လူတစ္ေယာက္နဲ႕ တူညီေနတာကလည္း သံသယျဖစ္ဖြယ္ အခ်က္ပါဘဲ။

Crd

Unicode

ပီရူးတွင် မပျက်စီးသေးသည့် ဂြိုဟ်သားရုပ်အလောင်းတစ်ခု တွေ့ရှိ

ပီရူနိုင်ငံ Nazca Lines အမည်ရ ရှေးဟောင်း သုတေသနဆိုင်ရာ ဘူမိဗေဒနယ်မြေမှာ မပျက်စီးသေးတဲ့ ဂြိုဟ်သားတစ်ဦးရဲ့ ရုပ်ကြွင်းကို တွေ့ရှိခဲ့တယ်လို့ နီးစပ်သူတွေက အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဗွီဒီယိုဟာ တမင်ဖန်တီးထားတာဖြစ်ပြီး၊ လူထုဆီကနေ မမှန်မကန်သောနည်းလမ်းဖြင့် ငွေကြေးရှာကြံမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

အဆိုပါ ဗွီဒီယိုကို ဖြန့်ဝေခဲ့တဲ့ ဝက်ဘ်ဆိုဒ်အမည်မှာ Gaia.com ဖြစ်ပြီး၊ ယင်းဗွီဒီယိုကိုကြည့်ရှုဖို့အတွက် အွန်လိုင်းဘဏ် ဝန်ဆောင်မှုစသည်တို့မှ ငွေပေးချေခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါဝက်ဘ်ဆိုဒ်မှာတော့ ဒီဂြိုဟ်သားရုပ်အလောင်းကို သုတေသနတူးဖော်မှုလုပ်ငန်းခွင်တစ်ခုမှ တွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒီရုပ်အလောင်းရဲ့ သက်တမ်းကလည်း AD 245-410 အတွင်းလို့ ဖော်ပြထားပါတယ်။

Daily Mail မှာ ဖော်ပြထားချက်မှာတော့ လူပုံစံနဲ့နီးနီးစပ်စပ်ကို တူညီနေတဲ့ အဆို ရုပ်အလောင်းဟာ 5 ပေ 5 လက်မ အရပ်မြင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်အသုံးပြုသူအများစုကတော့ ဒီရုပ်ကြွင်းဟာ ဂြိုဟ်သားရုပ်ကြွင်း မဟုတ်ဖူးလို့ ယုံကြည်နေကြပါတယ်။

မှတ်ချက်ရေးသူတစ်ဦးက ကြည့်ကြည့်ပါဦး ပလာစတာနဲ့ တမင်တကာလုပ်ထားတာကြီး လို့ ရေးသားခဲ့ပါတယ်။ အခြားတစ်ယောက်ကလည်း ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးခဲ့ပြီး၊ နောက်တစ်ဦးကတော့ ယုံတော့ ယုံချင်ပါတယ် .. ဒါပေမယ့် လုပ်ကြံမှုကြီးဆိုတာ အသိသာကြီးပါ DNA စောင့်ကြတာပေါ့ လို့ ရေးသားခဲ့ပါတယ်။

ဗွီဒီယိုထဲမှာပါတဲ့ ရုပ်အလောင်းရဲ့ ခြေထောက်တွေ လက်ချောင်းတွေဟာ သာမန်နဲ့မတူပဲ၊ ရှည်လျှားတဲ့အဆစ်ပိုင်းနဲ့ ခြေတစ်ဘက်၊ လက်တစ်ဖက်မှာ လူတွေကဲ့သို့ ငါးချောင်းမပါဝင်ပဲ၊ သုံးချောင်းသာ ပါဝင်ပါတယ်။ မျက်နှာ၊ နှာခေါင်းနဲ့၊ ပါးစပ် စသည်တို့မှာ အရိုးစုတစ်ခုရဲ့ အင်္ဂါရပ်မဟုတ်ပဲ၊ အသားတွေပြည့်နေပြီး၊ အိပ်နေတဲ့လူတစ်ယောက်နဲ့ တူညီနေတာကလည်း သံသယဖြစ်ဖွယ် အချက်ပါဘဲ။

Crd

About the author

admm