Crd
Unicode
ဆံပင်ကောင်းလွန်းလို့ အရုပ်ကလေးလို့ ထင်မှတ်ခြင်းခံရတဲ့ ရှစ်လသမီးလေး
Bella Cole လို့အမည်ရတဲ့ 8 လ သမီးလေးဟာ မွေးကတည်းက ဆံပင်တွေကောင်းလွန်းလို့ သူမကို တွေ့တဲ့သူတိုင်း က အရုပ်ကလေးလို့ ထင်နေကြပါတယ်တဲ့။ ဒီလိုမဟုတ်ဖူးဆိုရင်လည်း မရင်းနီးသေးသူတွေကတော့ ဆံပင်အတု တပ်ထားတာလို့ ထင်နေကြတယ်လို့ ဆိုကြပါတယ်။
Cole ကို Monsters Inc က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဇာတ်ကောင် Boo နဲ့ တူကြောင်း အမ်ားက ဆိုကြပါတယ်။ အခုတော့ မိခင်ဖြစ်သူ Phillipa Rabbitts (27)နှစ်က အပြင်သွားရင်တော့ Cole ကို မခေါ်ရဲအောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ သမီးရဲ့ဆံပင်ကို အစစ္လား အတုလားဆိုပြီး ကိုင်ကြဆွဲကြလွန်းလို့ပါတဲ့။
ဒါပေမယ့် Cole ဟာ Syndromes Without a Name (SWANS)ဆိုတဲ့ ရောဂါလက္ခဏာနဲ့ မွေးဖွားလာသူမို့
မွေးစအချိန်က 4 ပေါင် 11 အောင်စသာရှိပြီး ခန္ဓာကိုယ်လေးက သေးညပ်ပါတယ်။ SWANS ဆိုတဲ့ ရောဂါဟာ Cole ကို ဆိုးဝါးစွာမသက်ရောက်နိုင်ပေမယ့် အခြားကလေးတွေကိုတော့ ပုံပျက်ပန်းပျက်ဖြစ်စေတာမျိုးတွေ ရှိပါတယ်။ တစ်ချိ့ဆို မျက်လုံးစွေစောင်း၊ ဆံပင်အားနည်း စတဲ့အခြေအနေတွေ ရင်ဆိုင်ရပါတယ်။
Cole ရဲ့ ထူးခြားတဲ့အခြေအနေကြောင့် လူတွေက မကြာခဏ လာရောက်ကြည့်ရှုကြပြီး၊ သူမတို့အိမ်ဟာ ဧည့်သည်
ပျက်တယ်ရယ်လို့ပင် မရှိကြောင်း Rabbitts က ဆိုပါတယ်။ Rabbitts အွန်လိုင်းဒီဇိုင်းအယ်ဒီတာ တစ်ယောက်ဖြစ်ပြီး Chelmsford, Essex မွာ နေထိုင်ပါတယ်။ Cole ဟာ ရှစ်လသမီးဆိုပေမယ့် အလေးချိန်က 11 ပေါင်သာ ရှိပါတယ်။
Rabbitts က သူက တကယ့် သေးသေးလေးပါဘဲ ခန္ဓာကိုယ်က မထြားပဲ ဆံပင်တွေသာ တစ္ဖြားဖြားထြက္လာ လို့ ကျွန်မတို့ကတောင် ဆံပင်တစ်ခုပဲ ပွားလာတာလို့တောင် ဟာသ လုပ်ရတဲ့အထိပါဘဲ .. ဒါပေမယ့် သူ ကျန်းမာပါ
တယ် ဒီလို ခန္ဓာကိုယ်လေးက သေးကွေးလွန်းတော့ လူတွေ အရုပ်ကလေးနဲ့ တူတယ်လို့ထင်တာ မဆန်းပါဘူး လို့ ဆိုပါတယ်။
ဒီလို ဆံပင်ကောင်းရခြင်းမှာ ဖခင် Matthew Cole ရဲ့မျိုးဗီဇလည်း ပါသလို မိခင် Rabbitts ရဲ့ဗီဇလည်းပါဝင်
ကြောင်း ဆိုပါတယ်။ Rabbitts က သူ့အဖေက ဆံပင်တအားကောင်းတယ် .. ကျွန်မက ဆံပင်အနက်ရောင် ဒါပေမယ့် ဆံအုံထူတယ် ဒီအချက်နှစ်ခုက သမီးဆီမွာ သွားစုနေတာ လို့ ဂုဏ်ယူစွာ ပြောခဲ့ပါတယ်။
Crd