Life style

ဖြတ္ေခါင္း-ငါးကိုယ္နဲ႕ သြားေထာင္ခ်ီပါဝင္ေသာ ထူးဆန္းသည့္ငါးတစ္ေကာင္ကိုဖမ္းမိ

Written by admm

ဖြတ္ေခါင္း-ငါးကိုယ္နဲ႕ သြားေထာင္ခ်ီပါဝင္ေသာ ထူးဆန္းသည့္ငါးတစ္ေကာင္ကိုဖမ္းမိ

 

 

ၾသစေတးလွ်နိုင္ငံက ကမ္းေျခတစ္ခုမွာ Lizard Fishလို႔ အမည္ေပးထားတဲ့ ငါးထူးဆန္းတစ္ေကာင္ကို ဖမ္းဆီးရမိခဲ့ပါတယ္။ အဆိုပါ ငါးဟာ Hermaphrodite လို႔ ေခၚတဲ့ အထီးလိင္-အမလိင္ ႏွစ္မ်ိဳးစလုံး ပါဝင္တဲ့ ငါးျဖစ္ၿပီး၊ သြားအေခ်ာင္းငယ္ေလးေတြလည္း ေထာင္ခ်ီပါဝင္တယ္လို႔ သိရပါတယ္။

Lizard Fish လို႔ အမည္ေပးရျခင္းမွာ ငါးရဲ႕ဦးေခါင္းဟာ ဖြတ္ဦးေခါင္းနဲ႕ တူညီေနၿပီး၊ ခႏၶာကိုယ္က ငါးတစ္ေကာင္ရဲ႕ ခႏၶာကိုယ္ ျဖစ္ေနလို႔ပါ။ အဆိုပါငါး၏ ဇီဝေဗဒအမည္မွာ Bathysaurus ferox ျဖစ္ၿပီး၊ အလြန္ရွားပါးသည့္ ငါးမ်ိဳးစိတ္ ျဖစ္ပါတယ္။ ပင္လယ္ေရအနက္ 2500 မီတာ ဝန္းက်င္မွာ က်င္လည္က်က္စားေလ့ရွိတဲ့ ငါးလို႔ သိရပါတယ္။

 

 

ယခု ဒီငါးကို ေတြ႕ရွိခဲ့ရာေနရာကေတာ့ တက္စေမးနီးယားကမ္းရိုးတမ္းနဲ႕ ေရမိုင္ 50 ခန႔္အကြာေဝးမွာ ျဖစ္ပါတယ္။ မူလ ဇီဝေဗဒအမည္ကို ဘာသာျပန္ပါက fierce deep sea lizard ျဖစ္ၿပီး၊ ermaphrodite ကေတာ့ အထီးလိင္-အမလိင္ ႏွစ္မ်ိဳးစလုံးပါဝင္ျခင္းကို ဆိုလိုပါတယ္။

RV Investigator မွ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Asher Flatt က ပင္လယ္သမုဒၵရာ ေရမ်က္ႏွာျပင္ေအာက္က အလြန္နက္တဲ့ အပိုင္းမွာ က်ေနာ္တို႔ ေတြးထင္မထားတဲ့ ေရေနသတၱဝါဆန္းေတြ ရွိေနပါေသးတယ္ .. ပင္လယ္ေရ မ်က္ႏွာျပင္ေအာက္ 1000 နဲ႕ 2500 မီတာၾကားမွာ ငါးေတြ မွီခိုရပ္တည္နိုင္တဲ့ အစားအစာမရွိပါဘူး .. ဒါေပမယ့္ ဒီလိုသတၱဝါေတြ ရွိေနျခင္းဟာ ေတြးစရာအခ်က္ေတြ ျဖစ္လာေစပါတယ္ လို႔ ဆိုပါတယ္။

 

 

ဒီဖြတ္ငါးကို Flinders Commonwealth Marine Reserve အဖြဲ႕က ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ယင္းငါးကို Museums Victoria and Australias Commonwealth Scientific and Industrial Research Organisation (CSIRO) မွာ သုေတသနေတြ ျပဳလုပ္ေနဆဲျဖစ္ၿပီး၊ ေနာက္ထပ္ ထူးဆန္းတဲ့ ငါးေတြ ဖမ္းမိဦးမယ္လို႔ လည္း ေမွ်ာ္လင့္ေနၾကပါတယ္။

Crd

Unicode

ဖွတ်ခေါင်း-ငါးကိုယ်နဲ့ သွားထောင်ချီပါဝင်သော ထူးဆန်းသည့်ငါးတစ်ကောင်ကိုဖမ်းမိ

သြစတေးလျှနိုင်ငံက ကမ်းခြေတစ်ခုမှာ Lizard Fishလို့ အမည်ပေးထားတဲ့ ငါးထူးဆန်းတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ ငါးဟာ Hermaphrodite လို့ ခေါ်တဲ့ အထီးလိင်-အမလိင် နှစ်မျိုးစလုံး ပါဝင်တဲ့ ငါးဖြစ်ပြီး၊ သွားအချောင်းငယ်လေးတွေလည်း ထောင်ချီပါဝင်တယ်လို့ သိရပါတယ်။

Lizard Fish လို့ အမည်ပေးရခြင်းမှာ ငါးရဲ့ဦးခေါင်းဟာ ဖွတ်ဦးခေါင်းနဲ့ တူညီနေပြီး၊ ခန္ဓာကိုယ်က ငါးတစ်ကောင်ရဲ့ ခန္ဓာကိုယ် ဖြစ်နေလို့ပါ။ အဆိုပါငါး၏ ဇီဝဗေဒအမည်မှာ Bathysaurus ferox ဖြစ်ပြီး၊ အလွန်ရှားပါးသည့် ငါးမျိုးစိတ် ဖြစ်ပါတယ်။ ပင်လယ်ရေအနက် 2500 မီတာ ဝန်းကျင်မှာ ကျင်လည်ကျက်စားလေ့ရှိတဲ့ ငါးလို့ သိရပါတယ်။

ယခု ဒီငါးကို တွေ့ရှိခဲ့ရာနေရာကတော့ တက်စမေးနီးယားကမ်းရိုးတမ်းနဲ့ ရေမိုင် 50 ခန့်အကွာဝေးမှာ ဖြစ်ပါတယ်။ မူလ ဇီဝဗေဒအမည်ကို ဘာသာပြန်ပါက fierce deep sea lizard ဖြစ်ပြီး၊ ermaphrodite ကတော့ အထီးလိင်-အမလိင် နှစ်မျိုးစလုံးပါဝင်ခြင်းကို ဆိုလိုပါတယ်။

RV Investigator မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Asher Flatt က ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်အောက်က အလွန်နက်တဲ့ အပိုင်းမှာ ကျနော်တို့ တွေးထင်မထားတဲ့ ရေနေသတ္တဝါဆန်းတွေ ရှိနေပါသေးတယ် .. ပင်လယ်ရေ မျက်နှာပြင်အောက် 1000 နဲ့ 2500 မီတာကြားမှာ ငါးတွေ မှီခိုရပ်တည်နိုင်တဲ့ အစားအစာမရှိပါဘူး .. ဒါပေမယ့် ဒီလိုသတ္တဝါတွေ ရှိနေခြင်းဟာ တွေးစရာအချက်တွေ ဖြစ်လာစေပါတယ် လို့ ဆိုပါတယ်။

ဒီဖွတ်ငါးကို Flinders Commonwealth Marine Reserve အဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ယင်းငါးကို Museums Victoria and Australias Commonwealth Scientific and Industrial Research Organisation (CSIRO) မှာ သုတေသနတွေ ပြုလုပ်နေဆဲဖြစ်ပြီး၊ နောက်ထပ် ထူးဆန်းတဲ့ ငါးတွေ ဖမ်းမိဦးမယ်လို့ လည်း မျှော်လင့်နေကြပါတယ်။

Crd

About the author

admm