ေ႐ႊေရာင္ဆံပင္ကို ႏွစ္ေပါင္း ၃၀ နီးပါး ထိန္းသိမ္းပ်ိဳးေထာင္ခဲ့ရၿပီး လက္ေတြ႕ဘဝ Rapunzel ဟု လူေျပာမ်ားေနတဲ့ အမ်ိဳးသမီး

ေ႐ႊေရာင္ဆံပင္ကို ႏွစ္ေပါင္း ၃၀ နီးပါး ထိန္းသိမ္းပ်ိဳးေထာင္ခဲ့ရၿပီး လက္ေတြ႕ဘဝ Rapunzel ဟု လူေျပာမ်ားေနတဲ့ အမ်ိဳးသမီး

 

 

အသက္ ၃၄ ႏွစ္အ႐ြယ္ Alena Kravchenko အမည္ရွိဒီအမ်ိဳးသမီးကို ၁၈၀ စင္တီမီတာဆံပင္ေ႐ႊေရာင္ဆံပင္ႏွင့္ real-life Rapunzel ဟု ေခၚဆိုၾကပါတယ္။ ရွည္လ်ားတဲ့ဆံပင္ႏွင့္ သူမ၏ဆံပင္ထိန္းသိမ္းမႈကို ျပသၿပီးေနာက္အင္တာနက္၌ လူသိမ်ားပ်ံ့ႏွံ႕သြားခဲ့ပါတယ္။ Alena က သူမဆံပင္ဟာ အမ်ိဳးသမီးမ်ား၏စစ္မွန္တဲ့အလွတရားဟုယုံၾကည္ေသာေၾကာင့္ သူမဟာ ၅ ႏွစ္သားအ႐ြယ္ကတည္းကပင္ ဆံပင္ရွည္ထားလာခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ Alena အလြန္ငယ္႐ြယ္ခဲ့ေသးစဥ္က သူမရဲ႕အေမျဖစ္သူက ဆံပင္ရွည္ဟာ အမ်ိဳးသမီးမ်ားရဲ႕အလွကို ေဖာ္က်ဴးေပးၿပီး က်က္သေရရွိေစတယ္လို႔ သူမအား ေျပာၾကားခဲ့ပါတယ္။ Alena ဟာ အေမျဖစ္သူေျပာခဲ့တဲ့စကားကို ဘယ္ေတာ့မွမေမ့ခဲ့သလို သူမဟာ သဘာဝအလွတရားကိုလည္း ျမတ္နိုးတန္ဖိုးထားသူတစ္ဦးပါ။ ထို႔ေၾကာင့္ သူမရဲ႕ဆံပင္ကို သူမရဲ႕ခႏၶာကိုယ္နဲ႕သူမရဲ႕ဝိညာဥ္တို႔ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ႀကီးထြားလာေစခဲ့ပါတယ္။

 

 

ယမန္ႏွစ္က Alena ဟာ သူမရဲ႕လွပတဲ့ဆံပင္ပုံေတြကို မွ်ေဝဖို႔အတြက္ Instagram acc သစ္တစ္ခုကို ဖန္တီးခဲ့ပါတယ္။ ယခုအခ်ိန္ထိ Alena ဟာ SNS တြင္ Follower ၁,၇ဝဝ နီးပါးရွိေနပါၿပီ။ အသက္ ၃၄ ႏွစ္အ႐ြယ္ Alena က သူမဟာ ကမၻာတစ္ဝွမ္းလုံးရွိထူးဆန္းတဲ့ေယာက္်ားသားေတြဆီက ခ်စ္ခြင့္ပန္ျခင္းေတြကို အမ်ားႀကီးလက္ခံရေလ့ရွိၿပီး ၎တို႔ထဲမွေတာ္ေတာ္မ်ားမ်ားက သူမရဲ႕သဘာဝဆံပင္ကိုေတာင္ အနံ႕ခံခ်င္ၾကေၾကာင္း ေျပာၾကားခဲ့ပါတယ္။ သူစိမ္းေတြက သူမရဲ႕ဆံပင္ကိုျမင္တဲ့အခါ ၎တို႔မ်က္ႏွာေပၚမွာ အံ့ဩမႈနဲ႕စိတ္လႈပ္ရွားမႈတို႔ကိုဖုံးကြယ္ထားလို႔မရပါဘူး။ Instgram ေပၚရွိ သူမရဲ႕follower မ်ားဟာ အျပဳသေဘာေဆာင္ေသာ၊ ေကာင္းေသာမွတ္ခ်က္မ်ားႏွင့္တကြ သူမကို ေက်နပ္ႏွစ္သက္ၾကၿပီး သူမအား real-life Rapunzel ဟု ေခၚေဝၚခဲ့ၾကပါတယ္။

 

 

 

သူမဟာ သူစိမ္းမ်ားထံမွ ၎တို႔ရဲ႕နိုင္ငံသို႔ အလည္အပတ္သြားျခင္း သို႔မဟုတ္ ဆံပင္ညွပ္ေပးျခင္းကဲ့သို႔ေသာ ထူးဆန္းတဲ့ ဖိတ္ၾကားခ်က္ (သို႔) ေတာင္းဆိုမႈမ်ားစြာကိုပါ လက္ခံရရွိေလ့ရွိပါတယ္။ သူမရဲ႕ဆံပင္ထိန္းသိမ္းေရးအေၾကာင္းႏွင့္ပတ္သက္ၿပီး Alena ဟာ သူမရဲ႕ဆံပင္ရွည္ကိုဂ႐ုစိုက္ဖို႔အတြက္ တစ္ရက္ကို နာရီေပါင္းမ်ားစြာအခ်ိန္ေပးရေၾကာင္း၊ သူမဟာ တစ္ပတ္လွ်င္တစ္ႀကိမ္ ေခါင္းေလွ်ာ္ၿပီး တစ္ေန႕လွ်င္ ႏွစ္ႀကိမ္ေခါင္းၿဖီးေၾကာင္းေျပာၾကားခဲ့ပါတယ္။ Alena ဟာ ဆံပင္သန့္ဖို႔အတြက္ ၃လ တစ္ခါ ဆံပင္ညွပ္ဆိုင္သို႔သြားေလ့ရွိၿပီး မၾကာေသးမီကလည္း သူမရဲ႕ဆံပင္ကို ၁၅ စင္တီမီတာအထိ ညွပ္ခဲ့ပါေသးတယ္။

Crd

Unicode

ရွှေရောင်ဆံပင်ကို နှစ်ပေါင်း ၃၀ နီးပါး ထိန်းသိမ်းပျိုးထောင်ခဲ့ရပြီး လက်တွေ့ဘဝ Rapunzel ဟု လူပြောများနေတဲ့ အမျိုးသမီး

 

 

အသက် ၃၄ နှစ်အရွယ် Alena Kravchenko အမည်ရှိဒီအမျိုးသမီးကို ၁၈၀ စင်တီမီတာဆံပင်ရွှေရောင်ဆံပင်နှင့် real-life Rapunzel ဟု ခေါ်ဆိုကြပါတယ်။ ရှည်လျားတဲ့ဆံပင်နှင့် သူမ၏ဆံပင်ထိန်းသိမ်းမှုကို ပြသပြီးနောက်အင်တာနက်၌ လူသိများပျံ့နှံ့သွားခဲ့ပါတယ်။ Alena က သူမဆံပင်ဟာ အမျိုးသမီးများ၏စစ်မှန်တဲ့အလှတရားဟုယုံကြည်သောကြောင့် သူမဟာ ၅ နှစ်သားအရွယ်ကတည်းကပင် ဆံပင်ရှည်ထားလာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ Alena အလွန်ငယ်ရွယ်ခဲ့သေးစဉ်က သူမရဲ့အမေဖြစ်သူက ဆံပင်ရှည်ဟာ အမျိုးသမီးများရဲ့အလှကို ဖော်ကျူးပေးပြီး ကျက်သရေရှိစေတယ်လို့ သူမအား ပြောကြားခဲ့ပါတယ်။ Alena ဟာ အမေဖြစ်သူပြောခဲ့တဲ့စကားကို ဘယ်တော့မှမမေ့ခဲ့သလို သူမဟာ သဘာဝအလှတရားကိုလည်း မြတ်နိုးတန်ဖိုးထားသူတစ်ဦးပါ။ ထို့ကြောင့် သူမရဲ့ဆံပင်ကို သူမရဲ့ခန္ဓာကိုယ်နဲ့သူမရဲ့ဝိညာဉ်တို့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကြီးထွားလာစေခဲ့ပါတယ်။

 

 

ယမန်နှစ်က Alena ဟာ သူမရဲ့လှပတဲ့ဆံပင်ပုံတွေကို မျှဝေဖို့အတွက် Instagram acc သစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ယခုအချိန်ထိ Alena ဟာ SNS တွင် Follower ၁,၇ဝဝ နီးပါးရှိနေပါပြီ။ အသက် ၃၄ နှစ်အရွယ် Alena က သူမဟာ ကမ္ဘာတစ်ဝှမ်းလုံးရှိထူးဆန်းတဲ့ယောက်ျားသားတွေဆီက ချစ်ခွင့်ပန်ခြင်းတွေကို အများကြီးလက်ခံရလေ့ရှိပြီး ၎င်းတို့ထဲမှတော်တော်များများက သူမရဲ့သဘာဝဆံပင်ကိုတောင် အနံ့ခံချင်ကြကြောင်း ပြောကြားခဲ့ပါတယ်။ သူစိမ်းတွေက သူမရဲ့ဆံပင်ကိုမြင်တဲ့အခါ ၎င်းတို့မျက်နှာပေါ်မှာ အံ့ဩမှုနဲ့စိတ်လှုပ်ရှားမှုတို့ကိုဖုံးကွယ်ထားလို့မရပါဘူး။ Instgram ပေါ်ရှိ သူမရဲ့follower များဟာ အပြုသဘောဆောင်သော၊ ကောင်းသောမှတ်ချက်များနှင့်တကွ သူမကို ကျေနပ်နှစ်သက်ကြပြီး သူမအား real-life Rapunzel ဟု ခေါ်ဝေါ်ခဲ့ကြပါတယ်။

 

 

 

သူမဟာ သူစိမ်းများထံမှ ၎င်းတို့ရဲ့နိုင်ငံသို့ အလည်အပတ်သွားခြင်း သို့မဟုတ် ဆံပင်ညှပ်ပေးခြင်းကဲ့သို့သော ထူးဆန်းတဲ့ ဖိတ်ကြားချက် (သို့) တောင်းဆိုမှုများစွာကိုပါ လက်ခံရရှိလေ့ရှိပါတယ်။ သူမရဲ့ဆံပင်ထိန်းသိမ်းရေးအကြောင်းနှင့်ပတ်သက်ပြီး Alena ဟာ သူမရဲ့ဆံပင်ရှည်ကိုဂရုစိုက်ဖို့အတွက် တစ်ရက်ကို နာရီပေါင်းများစွာအချိန်ပေးရကြောင်း၊ သူမဟာ တစ်ပတ်လျှင်တစ်ကြိမ် ခေါင်းလျှော်ပြီး တစ်နေ့လျှင် နှစ်ကြိမ်ခေါင်းဖြီးကြောင်းပြောကြားခဲ့ပါတယ်။ Alena ဟာ ဆံပင်သန့်ဖို့အတွက် ၃လ တစ်ခါ ဆံပင်ညှပ်ဆိုင်သို့သွားလေ့ရှိပြီး မကြာသေးမီကလည်း သူမရဲ့ဆံပင်ကို ၁၅ စင်တီမီတာအထိ ညှပ်ခဲ့ပါသေးတယ်။

Crd