NEWS

ပ်ားရည္ေတြ တစက္စက္စီးက်ေနမွ၊ မ်က္ႏွာက်က္ေပၚမွာ ဧရာမပ်ားအုံႀကီးရွိမွန္း သိခဲ့တဲ့အိမ္ရွင္

Written by admm

ပ်ားရည္ေတြ တစက္စက္စီးက်ေနမွ၊ မ်က္ႏွာက်က္ေပၚမွာ ဧရာမပ်ားအုံႀကီးရွိမွန္း သိခဲ့တဲ့အိမ္ရွင္

 

 

အဂၤလန္နိုင္ငံ၊ လက္စတာၿမိဳ႕၊ Market Harborough မွာ အိမ္တစ္အိမ္ရဲ႕ မ်က္ႏွာက်က္ထဲကို ေတာႀကီးပ်ားေတြ ဝင္ေရာက္အုံဖြဲ႕ ေနထိုင္ခဲ့ပါတယ္။ အိမ္ရွင္မိသားစုကေတာ့ ပ်ားအုံႀကီး ရွိေနတာကို သတိမထားမိခဲ့ၾကပါဘူး။ ဒီလိုနဲ႕ လအတန္ၾကာတဲ့အခါမွာေတာ့ ပ်ားရည္ေတြဟာ မ်က္ႏွာက်က္ကေန တစက္စက္က်တဲ့အထိ ျဖစ္လာတယ္လို႔ Metro က ဆိုပါတယ္။

အေၾကာင္းကေတာ့ ပ်ားရည္ကို ပ်ားရည္လို႔ သတိမထားမိဘဲ၊ ေစးကပ္တဲ့အေစးေတြလို႔သာ ထင္ခဲ့ၾကလို႔ပါ။ ဒါ့အျပင္ မ်က္ႏွာက်က္ကိုလည္း ဖြင့္ၾကည့္ဖို႔ စိတ္ကူးမရွိခဲ့ၾကပါဘူး။ သူတို႔ရဲ႕အိမ္ဟာ အဂၤလန္ရဲ႕ ထိပ္သီးစာရင္းဝင္ 18 ရာစုက ေဆာက္လုပ္ခဲ့တဲ့ Grade II အဆင့္ အိမ္ျဖစ္ေနလို႔ပါ။

 

 

ဒီထက္ပိုၾကာတဲ့ ကာလကို ေရာက္တဲ့အခါမွာေတာ့ ပ်ားရည္ေတြဟာ ေရခ်ိဳးခန္းမ်က္ႏွာက်က္ကေန စီးက်လာတဲ့အထိ ျဖစ္လာခဲ့ပါတယ္။ ဒီအခါမွာေတာ့ သူတို႔စိတ္ထဲ နည္းနည္းေလး သံသယျဖစ္သြားၿပီး၊ အရသာကို ျမည္းစမ္းၾကည့္မွ ပ်ားအုံေတာ့ ရွိေနေလာက္ၿပီလို႔ ေတြးခဲ့မိတာပါ။ ပ်ားတစ္ေကာင္စ ႏွစ္ေကာင္စလည္း ေတြ႕လာခဲ့ရပါတယ္။

အိမ္အာမခံကုမၼဏီကို အေၾကာင္းၾကားတဲ့အခါမွာေတာ့ အာမခံကုမၼဏီက လာေရာက္ စစ္ေဆးခဲ့ပါတယ္။Ecclesiastical Insurers မွ တာဝန္ခံျဖစ္တဲ့ David Bonehill က အာမခံေပးထားတဲ့ အိမ္ေတြမွာ သက္တမ္း အလြန္ရင့္ေလ ပ်က္ဆီးမႈအတြက္ ေပးရမယ့္ ကုန္က်စာရိတ္က ေဈးႏႈန္းႀကီးျမင့္ေလပါဘဲ ဒီေတာ့ မည္သည့္အိမ္ပဲျဖစ္ျဖစ္ ပ်က္စီးထိခိုက္မႈ ရွိမရွိကို စစ္ေဆးေနဖို႔ လိုပါတယ္ လို႔ ဆိုပါတယ္။

 

 

သူက ဆက္လက္ၿပီး ေရေလးနည္းနည္းစိမ့္႐ုံေလာက္ကလည္း အလြန္မ်ားျပားတဲ့ ေလွ်ာ္ေၾကးပမာဏ ျဖစ္သြားနိုင္ပါတယ္ လို႔ ေျပာပါတယ္။ ယင္းေနာက္မွာေတာ့ အာမခံကုမၼဏီက ဆက္သြယ္ေပးမႈနဲ႕ ပ်ားအုံႀကီးကို ေနရာေ႐ႊ႕ေပးခဲ့ေၾကာင္း သိရပါတယ္။

Crd

Unicode

ပျားရည်တွေ တစက်စက်စီးကျနေမှ၊ မျက်နှာကျက်ပေါ်မှာ ဧရာမပျားအုံကြီးရှိမှန်း သိခဲ့တဲ့အိမ်ရှင်

 

 

အင်္ဂလန်နိုင်ငံ၊ လက်စတာမြို့၊ Market Harborough မှာ အိမ်တစ်အိမ်ရဲ့ မျက်နှာကျက်ထဲကို တောကြီးပျားတွေ ဝင်ရောက်အုံဖွဲ့ နေထိုင်ခဲ့ပါတယ်။ အိမ်ရှင်မိသားစုကတော့ ပျားအုံကြီး ရှိနေတာကို သတိမထားမိခဲ့ကြပါဘူး။ ဒီလိုနဲ့ လအတန်ကြာတဲ့အခါမှာတော့ ပျားရည်တွေဟာ မျက်နှာကျက်ကနေ တစက်စက်ကျတဲ့အထိ ဖြစ်လာတယ်လို့ Metro က ဆိုပါတယ်။

အကြောင်းကတော့ ပျားရည်ကို ပျားရည်လို့ သတိမထားမိဘဲ၊ စေးကပ်တဲ့အစေးတွေလို့သာ ထင်ခဲ့ကြလို့ပါ။ ဒါ့အပြင် မျက်နှာကျက်ကိုလည်း ဖွင့်ကြည့်ဖို့ စိတ်ကူးမရှိခဲ့ကြပါဘူး။ သူတို့ရဲ့အိမ်ဟာ အင်္ဂလန်ရဲ့ ထိပ်သီးစာရင်းဝင် 18 ရာစုက ဆောက်လုပ်ခဲ့တဲ့ Grade II အဆင့် အိမ်ဖြစ်နေလို့ပါ။

 

 

ဒီထက်ပိုကြာတဲ့ ကာလကို ရောက်တဲ့အခါမှာတော့ ပျားရည်တွေဟာ ရေချိုးခန်းမျက်နှာကျက်ကနေ စီးကျလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီအခါမှာတော့ သူတို့စိတ်ထဲ နည်းနည်းလေး သံသယဖြစ်သွားပြီး၊ အရသာကို မြည်းစမ်းကြည့်မှ ပျားအုံတော့ ရှိနေလောက်ပြီလို့ တွေးခဲ့မိတာပါ။ ပျားတစ်ကောင်စ နှစ်ကောင်စလည်း တွေ့လာခဲ့ရပါတယ်။

အိမ်အာမခံကုမ္မဏီကို အကြောင်းကြားတဲ့အခါမှာတော့ အာမခံကုမ္မဏီက လာရောက် စစ်ဆေးခဲ့ပါတယ်။Ecclesiastical Insurers မှ တာဝန်ခံဖြစ်တဲ့ David Bonehill က အာမခံပေးထားတဲ့ အိမ်တွေမှာ သက်တမ်း အလွန်ရင့်လေ ပျက်ဆီးမှုအတွက် ပေးရမယ့် ကုန်ကျစာရိတ်က ဈေးနှုန်းကြီးမြင့်လေပါဘဲ ဒီတော့ မည်သည့်အိမ်ပဲဖြစ်ဖြစ် ပျက်စီးထိခိုက်မှု ရှိမရှိကို စစ်ဆေးနေဖို့ လိုပါတယ် လို့ ဆိုပါတယ်။

 

 

သူက ဆက်လက်ပြီး ရေလေးနည်းနည်းစိမ့်ရုံလောက်ကလည်း အလွန်များပြားတဲ့ လျှော်ကြေးပမာဏ ဖြစ်သွားနိုင်ပါတယ် လို့ ပြောပါတယ်။ ယင်းနောက်မှာတော့ အာမခံကုမ္မဏီက ဆက်သွယ်ပေးမှုနဲ့ ပျားအုံကြီးကို နေရာရွှေ့ပေးခဲ့ကြောင်း သိရပါတယ်။

Crd

About the author

admm