Life style

စပါးအုန္းေႁမြကေျခေထာက္ကိုတင္းတင္းၾကပ္ၾကပ္ပတ္ထားလို႔ အကူေခၚခဲ့ရတဲ့ေႁမြဖမ္းသမား

Written by admm

စပါးအုန္းေႁမြကေျခေထာက္ကိုတင္းတင္းၾကပ္ၾကပ္ပတ္ထားလို႔ အကူေခၚခဲ့ရတဲ့ေႁမြဖမ္းသမား

 

 

ေတာင္အာဖရိကနိုင္ငံ၊ Limpopo Province ၿမိဳ႕မွာ အရွည္ 9 ေပရွိ စပါးအုန္းေႁမြတစ္ေကာင္ဟာ ေနအိမ္တစ္ခု ၿခံဝင္းအတြင္းကို ေရာက္ေနတဲ့အတြက္ ေႁမြဖယ္ရွားရွင္းလင္းေရးအဖြဲ႕ကို အိမ္ရွင္က အေၾကာင္းၾကားခဲ့ရပါတယ္။ ေႁမြဖယ္ရွားရွင္းလင္းေရး သမားေတြဟာ ေႁမြကို ၿခံဝင္းအတြင္းကေန ဖယ္ရွားဖို႔အတြက္ အရင္ဆုံး ဖမ္းယူခဲ့ရတယ္လို႔ Mirror က ဆိုပါတယ္။

ေႁမြကို ဖမ္းမိၿပီးေနာက္မွာေတာ့ ေႁမြႀကီးဟာ ဖမ္းတဲ့သူကို ျပန္လည္ခုခံဖို႔ ႀကိဳးစားခဲ့ၿပီး၊ သူ အားသန္တဲ့ ခႏၶာကိုယ္ႀကီးနဲ႕ ေႁမြဖမ္းသမား ရဲ႕ေျခေထာက္ကို အတင္းအၾကပ္ ရစ္ပတ္ထားပါတယ္။ စပါးအုန္း၊ စပါးႀကီးေႁမြေတြရဲ႕ ရစ္ပတ္အားဟာ အလြန္ျပင္းထန္ေလ့ရွိၿပီး၊ သတၱဝါငယ္ငယ္ေလးေတြရဲ႕ အရိုးေတြကို က်ိဳးေစပါတယ္။

 

 

အခုလည္း ေႁမြဖမ္းသမားဟာ ဟန္ခ်က္ပ်က္ၿပီး လဲက်ေတာ့မလိုအထိ ျဖစ္ခဲ့ရၿပီး၊ အနီးအနားမွာရပ္ေနတဲ့ အကူအရာရွိကို ျဖည္ခိုင္းရတဲ့အထိ ျဖစ္ခဲ့တာပါ။ စပါးအုံးေႁမြေတြဟာ ေပ 30 အထိ အရွည္ရွိၿပီး၊ အေကာင္ႀကီးေလး ေၾကာက္စရာေကာင္းေလ ျဖစ္ပါတယ္။

ဒါ့အျပင္ ထင္မွတ္မထားေလာက္ေအာင္ လွ်င္ျမန္ၿပီး၊ ကုန္း/ေရထဲက သတၱဝါေတြကို ဖမ္းဆီးစားေသာက္ေလ့ရွိပါတယ္။ မၾကာေသးခင္ကပဲ ထိုင္းနိုင္ငံမွာ 17 ေပအရွည္ရွိ စပါးအုန္းေႁမြႀကီးတစ္ေကာင္ဟာ အိမ္ေႁမြေၾကာင္တစ္ေကာင္ကို မ်ိဳခ်ခဲ့ၿပီး၊ ျပန္လည္ အန္ထုတ္ခဲ့တဲ့ အျဖစ္အပ်က္ ျဖစ္ခဲပါေသးတယ္။

 

 

ထိုင္းနိုင္ငံ၊ အိႏၵိယနိုင္ငံ၊ ေတာင္အာဖရိက၊ အင္ဒိုနီးရွား ေတာစပ္စပ္ ဧရိယာေတြမွာ ေတာႀကီး စပါးအုန္းေႁမြေတြ၊ စပါးႀကီးေႁမြေတြရဲ႕ အႏၱရာယ္ကို ႏွစ္စဥ္ႀကဳံေတြ႕ရေလ့ရွိပါတယ္။ ယမန္ႏွစ္ကပင္ အင္ဒိုနီးရွားနိုင္ငံ ဆီအုန္းေတာထဲမွာ အမ်ိဳးသားတစ္ဦးကို စပါးအုန္းေႁမြက မ်ိဳခဲ့ပါတယ္။ ဒီအျဖစ္အပ်က္မွာ ႐ြာသားေတြက စပါးအုန္းေႁမြကို သတ္ခဲ့ရၿပီး၊ ဗိုက္ကို ခြဲၾကည့္တဲ့အခါ ေပ်ာက္ဆုံးသူ အမ်ိဳးသားရဲ႕အေလာင္းကို ေတြ႕ခဲ့ရပါတယ္။

Crd

Unicode

စပါးအုန်းမြွေကခြေထောက်ကိုတင်းတင်းကြပ်ကြပ်ပတ်ထားလို့ အကူခေါ်ခဲ့ရတဲ့မြွေဖမ်းသမား

 

 

တောင်အာဖရိကနိုင်ငံ၊ Limpopo Province မြို့မှာ အရှည် 9 ပေရှိ စပါးအုန်းမြွေတစ်ကောင်ဟာ နေအိမ်တစ်ခု ခြံဝင်းအတွင်းကို ရောက်နေတဲ့အတွက် မြွေဖယ်ရှားရှင်းလင်းရေးအဖွဲ့ကို အိမ်ရှင်က အကြောင်းကြားခဲ့ရပါတယ်။ မြွေဖယ်ရှားရှင်းလင်းရေး သမားတွေဟာ မြွေကို ခြံဝင်းအတွင်းကနေ ဖယ်ရှားဖို့အတွက် အရင်ဆုံး ဖမ်းယူခဲ့ရတယ်လို့ Mirror က ဆိုပါတယ်။

မြွေကို ဖမ်းမိပြီးနောက်မှာတော့ မြွေကြီးဟာ ဖမ်းတဲ့သူကို ပြန်လည်ခုခံဖို့ ကြိုးစားခဲ့ပြီး၊ သူ အားသန်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ မြွေဖမ်းသမား ရဲ့ခြေထောက်ကို အတင်းအကြပ် ရစ်ပတ်ထားပါတယ်။ စပါးအုန်း၊ စပါးကြီးမြွေတွေရဲ့ ရစ်ပတ်အားဟာ အလွန်ပြင်းထန်လေ့ရှိပြီး၊ သတ္တဝါငယ်ငယ်လေးတွေရဲ့ အရိုးတွေကို ကျိုးစေပါတယ်။

 

 

အခုလည်း မြွေဖမ်းသမားဟာ ဟန်ချက်ပျက်ပြီး လဲကျတော့မလိုအထိ ဖြစ်ခဲ့ရပြီး၊ အနီးအနားမှာရပ်နေတဲ့ အကူအရာရှိကို ဖြည်ခိုင်းရတဲ့အထိ ဖြစ်ခဲ့တာပါ။ စပါးအုံးမြွေတွေဟာ ပေ 30 အထိ အရှည်ရှိပြီး၊ အကောင်ကြီးလေး ကြောက်စရာကောင်းလေ ဖြစ်ပါတယ်။

ဒါ့အပြင် ထင်မှတ်မထားလောက်အောင် လျှင်မြန်ပြီး၊ ကုန်း/ရေထဲက သတ္တဝါတွေကို ဖမ်းဆီးစားသောက်လေ့ရှိပါတယ်။ မကြာသေးခင်ကပဲ ထိုင်းနိုင်ငံမှာ 17 ပေအရှည်ရှိ စပါးအုန်းမြွေကြီးတစ်ကောင်ဟာ အိမ်မြွေကြောင်တစ်ကောင်ကို မျိုချခဲ့ပြီး၊ ပြန်လည် အန်ထုတ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ခဲပါသေးတယ်။

 

 

ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်အာဖရိက၊ အင်ဒိုနီးရှား တောစပ်စပ် ဧရိယာတွေမှာ တောကြီး စပါးအုန်းမြွေတွေ၊ စပါးကြီးမြွေတွေရဲ့ အန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိပါတယ်။ ယမန်နှစ်ကပင် အင်ဒိုနီးရှားနိုင်ငံ ဆီအုန်းတောထဲမှာ အမျိုးသားတစ်ဦးကို စပါးအုန်းမြွေက မျိုခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ ရွာသားတွေက စပါးအုန်းမြွေကို သတ်ခဲ့ရပြီး၊ ဗိုက်ကို ခွဲကြည့်တဲ့အခါ ပျောက်ဆုံးသူ အမျိုးသားရဲ့အလောင်းကို တွေ့ခဲ့ရပါတယ်။

Crd

About the author

admm