NEWS


Written by admm


 

 

 


 

 


 

 

 


Crd

Unicode

မိခင်ဖြစ်သူရဲ့အရေးပေါ်အခြေနေကြောင့်ကလေးမွေးဖွားပေးခဲ့ရတဲ့(၁၁)နှစ်အရွယ်ကောင်လေးရဲ့အံ့ဖွယ်လုပ်ရပ်

 

 

 

Ashly Moreau ဆိုတဲ့အမျိုးသမီးဟာ(34)ပတ်ရှိပီဖြစ်တဲ့ကိုယ်ဝန်ကိုလွယ်ထားရသူတစ်ယောက်ပါ။မွေးဖွားချိန်လစေ့ဖို့ထက်စောနေသေးပေမဲ့၊သူမရဲ့ရေမွှာဟာရုတ်တရက်စောပေါက်ခဲ့ရပါတယ်။ထိုအချိန်မှာတော့သူမရဲ့ဘေးမှာ၊သားဖြစ်သူ(11)နှစ်အရွယ် Jaden ဆိုတဲ့သားလေးသာဘေးမှာရှိနေခဲ့ပါတယ်။Jaden ဟာမိခင်ရဲ့ဖြစ်စဉ်ကိုကြည့်ပီး၊ဘေးအိမ်မှာနေတဲ့အဖွားကိုအော်ခေါ်ခဲ့ပီးအဖွားဖြစ်သူလဲချက်ချင်း 911 ကိုဖုန်းဆက်ပေးခဲ့ပါတယ်။၊Jaden ရဲ့မိခင်ကလဲခလေးထွက်ခါနီးဖြစ်နေခဲ့လို့၊သားအမိနှစ်ယောက်ဗျာများခဲ့ပီးရေချိုးခန်းထဲဝင်ပီး၊သားလေး Jaden တစ်ယောက်လဲမကြောက်မရွံ့နဲ့မာမီ သားဘာလုပ်ရမယ်ဆိုတာမာမီပြောဆိုတာနဲ့၊ခလေးလေးကလဲထွက်လာခဲ့ပါတယ်။

 

 

ခလေးထွက်လာတဲ့အခါမှာတော့၊ခလေးအသက်မရှုတာကိုသတိထားမိတာကြောင့် ၊Jaden တစ်ယောက်ခလေးနှာခေါင်းနဲ့ခန္ဓာကိုယ်တစ်ဝိုက်ကိုသန့်ရှင်းရေးလုပ်ပေး၊အသက်ရှုအောင်လုပ်ပေးရင်းအနည်းငယ်အသက်ရှုလာတဲ့အခါမှာတော့ ၊(911)ရောက်လာခဲ့ပီးနီးစပ်ရာဆေးရုံကိုသားအမိနှစ်ယောက်ကိုပို့ဆောင်နိုင်လိုက်တဲ့အခါမှာတော့၊မိခင်ကောခလေးပါလိုအပ်တဲ့ဆေးကုသမှုခံယူအပီးမှာ၊စိုးရိမ်စရာအန္တရာယ်ကလွတ်မြောက်နိုင်ခဲ့ပါတယ်။

 

 

 

ဆရာဝန်များကအံ့သြလောက်တဲ့အထိကို ၊Jaden ရဲ့ရဲရင့်ပြတ်သားတဲ့လုပ်ရပ်ကိုချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။Jaden ကြောင့်သာမဟုတ်ရင် ၊ခလေးငယ်လေးဟာအသက်မရှင်နိုင်ဘူးလို့တောင်ဆရာဝန်များကပြောပြခဲ့ကြပါတယ်။ Jaden လေးဟာတကယ့်ကို လူငယ်Hero တစ်ယောက်အဖြစ်နာမည်ကြီးနေခဲ့ပီး၊အများကြားမှာပြောစမှတ်တွင်ခဲ့ပါတယ်။

Crd

About the author

admm