ခ်စ္သူရွာဖို႔ (၆)မိုင္ခရီးကိုတစ္ရက္တည္းေရာက္ေအာင္ ေျပးတဲ့အသက္(၇၀)လိပ္အဖိုးႀကီး

ခ်စ္သူရွာဖို႔ (၆)မိုင္ခရီးကိုတစ္ရက္တည္းေရာက္ေအာင္ ေျပးတဲ့အသက္(၇၀)လိပ္အဖိုးႀကီး

 

 

အခ်စ္ဆိုတာ သက္ရွိသတၱဝါတိုင္းအတြက္ အေရးႀကီးပါတယ္။ သစ္ပင္ေတြလည္း သူတို႔နဲ႕ မ်ိဳးဗီဇတူတဲ့ အခ်စ္ကို ရွာရသလို၊ တိရစ္ဆာန္ေတြလည္း သူတို႔နဲ႕ အႏြယ္တူေတြကို ပိုးရပန္းရပါတယ္။ လူေတြမွာလည္း အခ်စ္က အလြန္အေရးႀကီးၿပီး ဘဝတစ္ခုစာေလာက္ေတာင္ ကိုးကြယ္အေရးထားျခင္း ခံရတဲ့အထိပါ။ အခ်စ္ကိစၥမွာ ဘယ္သူမွ တရားလြန္တယ္ဆိုတာ မရွိဘူးလို႔ ဆိုရမွာပါ။

အခုလည္း The Sun သတင္းစာမွာ ေဖာ္ျပထားတဲ့ အသက္ 70 အ႐ြယ္ လိပ္အဖိုးႀကီးကေတာ့ သူရဲ႕ ကာလရွည္ မ်ိဳသိပ္ထားရတဲ့ အခ်စ္ေတြ ေပါက္ကြဲဖို႔ ပိုင္ရွင္မသိေအာင္ ေလွာင္အိမ္ကေန ထြက္ေျပးခဲ့ပါတယ္။ သူ ဦးတည္တဲ့ေနရာကေတာ့ ေျခာက္မိုင္အကြာက ေဒသခံတိရစ္ဆာန္႐ုံေလးဆီကို ျဖစ္ပါတယ္။ အဲဒီမွာ သူနဲ႕ လိုက္ဖက္မယ့္ လိပ္ပ်ိဳမေလး ေရာက္ေနတယ္လို႔ ဆိုပါတယ္။

 

 

လိပ္ႀကီးရဲ႕ အမည္မွာ Freddie ျဖစ္ၿပီး၊ သူဟာ Jersey Zoo မွာ ေရာက္ရွိေနတဲ့ လိပ္မေလး Astrid ကို ပိုးပန္းဖို႔ သြားေရာက္ခဲ့တာပါ။ ယခုရာသီကလည္း လိပ္ေတြ မ်ိဳးပြားမိတ္လိုက္တဲ့ ရာသီမို႔ သူ႕မွာလည္း ဒီဆႏၵက ဘယ္ခ်ိဳးႏွိမ္ထားရမလဲေလ။ သူဟာ တစ္နာရီကို 0.25 မိုင္ႏႈန္းနဲ႕ ေျခာက္မိုင္အကြာကို တစ္ေန႕တည္း မနားတမ္း ျဖတ္သန္းခဲ့ရပါတယ္။

ဒါေပမယ့္ Freddie ဟာ 15 ႏွစ္အ႐ြယ္ Astrid ကို ေတြ႕ခြင့္မရခဲ့ပါဘူး။ အေၾကာင္းကေတာ့ သူ႕ကို Jersey Zoo တိရစ္ဆာန္႐ုံေနာက္ေက်ာ္အနီးမွာ ျဖတ္သြားျဖတ္လာတစ္ေယာက္ကေတြ႕ၿပီး လိပ္ေလွာင္အိမ္ထဲမွာ ထည့္ထားခဲ့လို႔ပါ။ ဒီေလာက္ခရီးကို တစ္ရက္အတြင္း ေရာက္ေအာင္သြားခဲ့တဲ့ Freddie ရဲ႕ လုပ္ေဆာင္မႈကို ပိုင္ရွင္ေတြက အံ့ၾသေနၾကပါတယ္။

 

 

Freddie ကို ျပန္လည္ပိုင္ဆိုင္ခြင့္ရခဲ့တဲ့ အဂၤလန္နိုင္ငံ St Mary, Jersey မွာ ေနထိုင္တဲ့ ပိုင္ရွင္ Joanne (53)ႏွစ္ကေတာ့ သူရဲ႕ လိပ္အား လႈပ္ရွားမႈႏွေးေကြးတဲ့ လိပ္တစ္ေကာင္ဆိုေပမယ့္ ဒီေလာက္ မိုင္အမ်ားႀကီးကို တစ္ရက္တည္း ေရာက္လိမ့္မယ္လို႔ ဘယ္တုန္းကမွ ထင္မထားခဲ့ဘူးလို႔ ဆိုပါတယ္။

Joanne က သူက အေတာ္ေလး ႏွေးတဲ့လိပ္ေတြထဲမွာ ပါဝင္ပါတယ္ ဒါေပမယ့္ သူရဲ႕ အေဖာ္ကို ေတြ႕ရဖို႔ အျမန္ဆုံး အားထုတ္ခဲ့ပုံရပါတယ္ .. အရင္ကလည္း သူ ေပ်ာက္သြားဖူးလို႔ ေနာက္တစ္ခါ ျပန္ေတြ႕တဲ့အခါမွာေတာ့ သူ႕ရဲ႕ အခြံကို လိပ္စာေရးေပးထားရပါတယ္ Freddie က က်မတို႔ဆီကို ေရာက္ေနတာ ဆယ္စုႏွစ္တစ္ႏွစ္စာ ေက်ာ္သြားပါၿပီ လို႔ ေျပာခဲ့ပါတယ္။

Crd

Unicode

ချစ်သူရှာဖို့ (၆)မိုင်ခရီးကိုတစ်ရက်တည်းရောက်အောင် ပြေးတဲ့အသက်(၇၀)လိပ်အဖိုးကြီး

 

 

အချစ်ဆိုတာ သက်ရှိသတ္တဝါတိုင်းအတွက် အရေးကြီးပါတယ်။ သစ်ပင်တွေလည်း သူတို့နဲ့ မျိုးဗီဇတူတဲ့ အချစ်ကို ရှာရသလို၊ တိရစ္ဆာန်တွေလည်း သူတို့နဲ့ အနွယ်တူတွေကို ပိုးရပန်းရပါတယ်။ လူတွေမှာလည်း အချစ်က အလွန်အရေးကြီးပြီး ဘဝတစ်ခုစာလောက်တောင် ကိုးကွယ်အရေးထားခြင်း ခံရတဲ့အထိပါ။ အချစ်ကိစ္စမှာ ဘယ်သူမှ တရားလွန်တယ်ဆိုတာ မရှိဘူးလို့ ဆိုရမှာပါ။

အခုလည်း The Sun သတင်းစာမှာ ဖော်ပြထားတဲ့ အသက် 70 အရွယ် လိပ်အဖိုးကြီးကတော့ သူရဲ့ ကာလရှည် မျိုသိပ်ထားရတဲ့ အချစ်တွေ ပေါက်ကွဲဖို့ ပိုင်ရှင်မသိအောင် လှောင်အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ သူ ဦးတည်တဲ့နေရာကတော့ ခြောက်မိုင်အကွာက ဒေသခံတိရစ္ဆာန်ရုံလေးဆီကို ဖြစ်ပါတယ်။ အဲဒီမှာ သူနဲ့ လိုက်ဖက်မယ့် လိပ်ပျိုမလေး ရောက်နေတယ်လို့ ဆိုပါတယ်။

 

 

လိပ်ကြီးရဲ့ အမည်မှာ Freddie ဖြစ်ပြီး၊ သူဟာ Jersey Zoo မှာ ရောက်ရှိနေတဲ့ လိပ်မလေး Astrid ကို ပိုးပန်းဖို့ သွားရောက်ခဲ့တာပါ။ ယခုရာသီကလည်း လိပ်တွေ မျိုးပွားမိတ်လိုက်တဲ့ ရာသီမို့ သူ့မှာလည်း ဒီဆန္ဒက ဘယ်ချိုးနှိမ်ထားရမလဲလေ။ သူဟာ တစ်နာရီကို 0.25 မိုင်နှုန်းနဲ့ ခြောက်မိုင်အကွာကို တစ်နေ့တည်း မနားတမ်း ဖြတ်သန်းခဲ့ရပါတယ်။

ဒါပေမယ့် Freddie ဟာ 15 နှစ်အရွယ် Astrid ကို တွေ့ခွင့်မရခဲ့ပါဘူး။ အကြောင်းကတော့ သူ့ကို Jersey Zoo တိရစ္ဆာန်ရုံနောက်ကျော်အနီးမှာ ဖြတ်သွားဖြတ်လာတစ်ယောက်ကတွေ့ပြီး လိပ်လှောင်အိမ်ထဲမှာ ထည့်ထားခဲ့လို့ပါ။ ဒီလောက်ခရီးကို တစ်ရက်အတွင်း ရောက်အောင်သွားခဲ့တဲ့ Freddie ရဲ့ လုပ်ဆောင်မှုကို ပိုင်ရှင်တွေက အံ့သြနေကြပါတယ်။

 

 

Freddie ကို ပြန်လည်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အင်္ဂလန်နိုင်ငံ St Mary, Jersey မှာ နေထိုင်တဲ့ ပိုင်ရှင် Joanne (53)နှစ်ကတော့ သူရဲ့ လိပ်အား လှုပ်ရှားမှုနှေးကွေးတဲ့ လိပ်တစ်ကောင်ဆိုပေမယ့် ဒီလောက် မိုင်အများကြီးကို တစ်ရက်တည်း ရောက်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးလို့ ဆိုပါတယ်။

Joanne က သူက အတော်လေး နှေးတဲ့လိပ်တွေထဲမှာ ပါဝင်ပါတယ် ဒါပေမယ့် သူရဲ့ အဖော်ကို တွေ့ရဖို့ အမြန်ဆုံး အားထုတ်ခဲ့ပုံရပါတယ် .. အရင်ကလည်း သူ ပျောက်သွားဖူးလို့ နောက်တစ်ခါ ပြန်တွေ့တဲ့အခါမှာတော့ သူ့ရဲ့ အခွံကို လိပ်စာရေးပေးထားရပါတယ် Freddie က ကျမတို့ဆီကို ရောက်နေတာ ဆယ်စုနှစ်တစ်နှစ်စာ ကျော်သွားပါပြီ လို့ ပြောခဲ့ပါတယ်။

Crd