Life style

ေရေျမာင္းအနီးမွာ လဲေလ်ာင္းေနတဲ့ အင္အားခ်ည့္နဲ႕ေနတဲ့အဘြားအိုတစ္ဦးအား ကယ္ဆယ္ေပးခဲ့တဲ့ လုံၿခဳံေရးအေစာင့္တစ္ဦး

Written by admm

ေရေျမာင္းအနီးမွာ လဲေလ်ာင္းေနတဲ့ အင္အားခ်ည့္နဲ႕ေနတဲ့အဘြားအိုတစ္ဦးအား ကယ္ဆယ္ေပးခဲ့တဲ့ လုံၿခဳံေရးအေစာင့္တစ္ဦး

 

 

 

ထိုင္းနိုင္ငံ Pathum Thani ျပည္နယ္ ဘန္ေကာက္ၿမိဳ႕အနီးရွိ တံတားတစ္ခုေအာက္၌ ေရေျမာင္းမွာ အထားခဲ့ခံခဲ့ရတဲ့ သက္ႀကီး႐ြယ္အိုအမ်ိဳးသမီးတစ္ဦးရဲ႕သတင္းကို တနလၤာေန႕ (စက္တင္ဘာ ၆ ရက္) မွာ Shin Min Daily News သတင္းက ျပန္လည္ေဖာ္ျပထားခဲ့ပါတယ္။ တံတားေအာက္ရွိ ေရေျမာင္းအနီး ႀကီးမားတဲ့ေၾကာ္ျငာစာ႐ြက္ႀကီးတစ္ခုေပၚမွာ လဲေလ်ာင္းေနခဲ့တဲ့ အမည္မသိသက္ႀကီး႐ြယ္အိုအမ်ိဳးသမီးတစ္ဦးကို လုံၿခဳံေရးအေစာင့္တစ္ဦးက အမွတ္မထင္ေတြ႕သြားခဲ့ၿပီး သူမကို ခ်က္ခ်င္းကယ္ဆယ္ကာ ရဲမ်ားကိုလည္း အေၾကာင္းၾကားခဲ့ပါတယ္။

ထို႔ေနာက္ ထိုေနရာရွိ အဆိုပါအင္အားခ်ည့္နဲ႕ကာ ပိန္လွီေနတဲ့အဘြားရဲ႕ အဝတ္အစားမ်ားႏွင့္မ်က္ႏွာသုတ္ပါဝါစတဲ့ သူမရဲ႕ပစၥည္းအေထာက္အထားမ်ားကို အတည္ျပဳခဲ့ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ားကို စတင္လုပ္ေဆာင္ခဲ့ၾကပါတယ္။

 

 

ေတြ႕ရွိခဲ့တဲ့လုံၿခဳံေရးအေစာင့္က သူစေတြ႕ခဲ့စဥ္က အဆိုပါအဘြားဟာ အလြန္ကို အားေလ်ာ့ေနေၾကာင္းႏွင့္ ေရမ်ားသာ စီးဆင္းလာခဲ့ပါက သူမေရနစ္သြားနိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အဆိုပါအဘြားက သူမစိတ္လိုလက္ရ အိပ္ဖို႔ ေျမာင္းထဲသို႔ဆင္းသြားခဲ့ေၾကာင္းေျဖခဲ့ေပမဲ့လည္း သူမရဲ႕ကိုယ္ခႏၶာအေျခအေနအရ သူမကိုယ္တိုင္ ထိုေနရာသို႔မေရာက္သြားနိုင္ဘူးလို႔လည္း ရဲမ်ားကယူဆခဲ့ၾကပါတယ္။

အဘြားကို ကယ္တင္ခဲ့ရာမွာ အဘြားဟာ သူမဘာသာေတာင္ သူမ မရပ္တည္နိုင္ခဲ့တာေၾကာင့္ ရဲမ်ားရဲ႕သံသယမ်ားက ပိုေသခ်ာခဲ့ပါတယ္။ ထို႔ေနာက္ အဘြားရဲ႕အေထာက္အထားကို အတည္ျပဳခဲ့ၿပီးေနာက္မွာ သူမဟာ မူလက Ayutthaya ၿမိဳ႕မွာ သူမရဲ႕ကေလးမ်ားနဲ႕အတူေနခဲ့တယ္ဆိုတာ ရဲမ်ားကသိရွိခဲ့ရၿပီး အဘြားက ၎တို႔မသိထားတဲ့အေၾကာင္းတစ္ခုခုေၾကာင့္သာ ထိုေနရာမွာ ထားခဲ့ခံရပုံရေၾကာင္း ရဲမ်ားက ဆိုခဲ့ပါတယ္။

 

 

ရဲမ်ားက သူမရဲ႕ျပန႔္က်ဲေနတဲ့ပစၥည္းမ်ားၾကားမွ သူမရဲ႕ေဆး႐ုံဝင္ခြင့္ကဒ္ႏွင့္ေဆးကဒ္မ်ားကိုပါ ေတြ႕ရွိခဲ့ပါတယ္။ အဘြားရဲ႕အေျခအေနအား ရွင္းလင္းရန္ လက္ရွိရဲမ်ားက သူမရဲ႕ကေလးမ်ားကို ရွာေဖြေနၿပီျဖစ္ၿပီး ေလာေလာဆယ္ေတာ့ ထိုင္းျပည္တြင္းရွိ လူမႈကူညီေရးအဖြဲ႕အစည္းတစ္ခုက အဆိုပါအဘြားအား ေဆး႐ုံတင္ကာ လိုအပ္တဲ့ေဆးကုသမႈမ်ားျပဳလုပ္ေပးသြားမွာျဖစ္ပါတယ္။

 

 

လက္ရွိမွာ ဘယ္လိုအေၾကာင္းအရင္းေၾကာင့္ မရွင္းမလင္းျဖစ္ေနေပမယ့္လည္း ဒီလိုအေျခအေနမွာ သူမကိုယ္သူမကာကြယ္ဖို႔ဆိုတာမျဖစ္နိုင္တာေၾကာင့္ ရဲမ်ားက မၾကာခင္မွာ အဘြားရဲ႕ကေလးမ်ားကို အျမန္ရွာေတြ႕ၿပီး အေျခအေနမ်ားလည္းအတည္တက်ျပန္ျဖစ္လာလိမ့္မယ္လို႔သာ ေမွ်ာ္လင့္မိပါတယ္ဗ်ာ။

အဘြားလည္း သူမလက္ရွိခံယူေနတဲ့ေဆးကုသမႈကို ေကာင္းေကာင္းတုံ႕ျပန္နိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Crd

Unicode

ရေမြောင်းအနီးမှာ လဲလျောင်းနေတဲ့ အင်အားချည့်နဲ့နေတဲ့အဘွားအိုတစ်ဦးအား ကယ်ဆယ်ပေးခဲ့တဲ့ လုံခြုံရေးအစောင့်တစ်ဦး

ထိုင်းနိုင်ငံ Pathum Thani ပြည်နယ် ဘန်ကောက်မြို့အနီးရှိ တံတားတစ်ခုအောက်၌ ရေမြောင်းမှာ အထားခဲ့ခံခဲ့ရတဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးရဲ့သတင်းကို တနင်္လာနေ့ (စက်တင်ဘာ ၆ ရက်) မှာ Shin Min Daily News သတင်းက ပြန်လည်ဖော်ပြထားခဲ့ပါတယ်။ တံတားအောက်ရှိ ရေမြောင်းအနီး ကြီးမားတဲ့ကြော်ငြာစာရွက်ကြီးတစ်ခုပေါ်မှာ လဲလျောင်းနေခဲ့တဲ့ အမည်မသိသက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို လုံခြုံရေးအစောင့်တစ်ဦးက အမှတ်မထင်တွေ့သွားခဲ့ပြီး သူမကို ချက်ချင်းကယ်ဆယ်ကာ ရဲများကိုလည်း အကြောင်းကြားခဲ့ပါတယ်။

ထို့နောက် ထိုနေရာရှိ အဆိုပါအင်အားချည့်နဲ့ကာ ပိန်လှီနေတဲ့အဘွားရဲ့ အဝတ်အစားများနှင့်မျက်နှာသုတ်ပါဝါစတဲ့ သူမရဲ့ပစ္စည်းအထောက်အထားများကို အတည်ပြုခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

တွေ့ရှိခဲ့တဲ့လုံခြုံရေးအစောင့်က သူစတွေ့ခဲ့စဉ်က အဆိုပါအဘွားဟာ အလွန်ကို အားလျော့နေကြောင်းနှင့် ရေများသာ စီးဆင်းလာခဲ့ပါက သူမရေနစ်သွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါအဘွားက သူမစိတ်လိုလက်ရ အိပ်ဖို့ မြောင်းထဲသို့ဆင်းသွားခဲ့ကြောင်းဖြေခဲ့ပေမဲ့လည်း သူမရဲ့ကိုယ်ခန္ဓာအခြေအနေအရ သူမကိုယ်တိုင် ထိုနေရာသို့မရောက်သွားနိုင်ဘူးလို့လည်း ရဲများကယူဆခဲ့ကြပါတယ်။

အဘွားကို ကယ်တင်ခဲ့ရာမှာ အဘွားဟာ သူမဘာသာတောင် သူမ မရပ်တည်နိုင်ခဲ့တာကြောင့် ရဲများရဲ့သံသယများက ပိုသေချာခဲ့ပါတယ်။ ထို့နောက် အဘွားရဲ့အထောက်အထားကို အတည်ပြုခဲ့ပြီးနောက်မှာ သူမဟာ မူလက Ayutthaya မြို့မှာ သူမရဲ့ကလေးများနဲ့အတူနေခဲ့တယ်ဆိုတာ ရဲများကသိရှိခဲ့ရပြီး အဘွားက ၎င်းတို့မသိထားတဲ့အကြောင်းတစ်ခုခုကြောင့်သာ ထိုနေရာမှာ ထားခဲ့ခံရပုံရကြောင်း ရဲများက ဆိုခဲ့ပါတယ်။

ရဲများက သူမရဲ့ပြန့်ကျဲနေတဲ့ပစ္စည်းများကြားမှ သူမရဲ့ဆေးရုံဝင်ခွင့်ကဒ်နှင့်ဆေးကဒ်များကိုပါ တွေ့ရှိခဲ့ပါတယ်။ အဘွားရဲ့အခြေအနေအား ရှင်းလင်းရန် လက်ရှိရဲများက သူမရဲ့ကလေးများကို ရှာဖွေနေပြီဖြစ်ပြီး လောလောဆယ်တော့ ထိုင်းပြည်တွင်းရှိ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုက အဆိုပါအဘွားအား ဆေးရုံတင်ကာ လိုအပ်တဲ့ဆေးကုသမှုများပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ဘယ်လိုအကြောင်းအရင်းကြောင့် မရှင်းမလင်းဖြစ်နေပေမယ့်လည်း ဒီလိုအခြေအနေမှာ သူမကိုယ်သူမကာကွယ်ဖို့ဆိုတာမဖြစ်နိုင်တာကြောင့် ရဲများက မကြာခင်မှာ အဘွားရဲ့ကလေးများကို အမြန်ရှာတွေ့ပြီး အခြေအနေများလည်းအတည်တကျပြန်ဖြစ်လာလိမ့်မယ်လို့သာ မျှော်လင့်မိပါတယ်ဗျာ။

အဘွားလည်း သူမလက်ရှိခံယူနေတဲ့ဆေးကုသမှုကို ကောင်းကောင်းတုံ့ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Crd

About the author

admm