NEWS

ခြဲစိတ္မွု့အမွားတစ္ခုေၾကာင့္ အူမႀကီးေပါက္ကာ မစင္ေတြျပန္အန္ေနရတဲ့ အမ်ိဳးသမီး

Written by admm

ခြဲစိတ္မွု့အမွားတစ္ခုေၾကာင့္ အူမႀကီးေပါက္ကာ မစင္ေတြျပန္အန္ေနရတဲ့ အမ်ိဳးသမီး

 

 

အသက္(၃၄)ႏွစ္အ႐ြယ္ Kelly Yeoman အမည္ရ အမ်ိဳးသမီးဟာ ခြဲစိတ္မႈအမွားတစ္ခုေၾကာင့္ မစင္ေတြျပန္အန္ၿပီး၊ အသက္ရႈမဝျဖစ္ကာ အေရးေပၚကုသမႈ ခံယူေနရပါတယ္။ Kelly ဟာ ဘရစၥတိုးၿမိဳ႕က Southmead Hospital ေဆး႐ုံမွာ (၁၁)ပတ္ၾကာ ကုသမႈခံယူေနရၿပီး၊ လက္ရွိအခ်ိန္ထိေတာ့ အေျခအေနက တိုးတက္မႈမရွိေသးပါဘူး။

Kelly ရဲ႕ ေျပာျပခ်က္အရ ခြဲစိတ္ဆရာဝန္တစ္ဦးဟာ ခြဲစိတ္မႈျပဳလုပ္ေနစဥ္ သူမရဲ႕အူမႀကီးကို ထိခိုက္ပ်က္စီးေစခဲ့ရာက အခုလို မစင္အန္ျခင္းေဝဒနာ စတင္ခံစားခဲ့ရတာပါ။ သူမရဲ႕အေျခအေနကို စစ္ေဆးဖို႔အတြက္ ဓာတ္မွန္ရိုက္စဥ္မွာပင္ မစင္ေတြဟာ အူေတြရဲ႕အျပင္ကို ေရာက္ေနၿပီး၊ ရင္ေခါင္းအတြင္းမွာ ျပည့္ႏွက္ေနတာကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရပါတယ္။

 

 

လက္ရွိအခ်ိန္မွာေတာ့ Kelly ဟာ အေရးေပၚကုသမႈခံယူေနရဆဲျဖစ္ၿပီး၊ သူမရဲ႕ အသကၠို ကယ္ဆယ္ဖို႔ မိသားစုဝင္ေတြနဲ႕ သူငယ္ခ်င္းေတြက ရန္ပုံေငြရွာေဖြမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။ ေဒါက္တာေတြကေတာ့ ဒီအေျဖကို ရွာေနဆဲျဖစ္ၿပီး၊ သူမရဲ႕ မိသားစုဝင္ေတြက အစာအိမ္ အခ်ိန္မေ႐ြး ေပါက္သြားနိုင္တယ္လို႔ ယုံၾကည္ေနၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အူမႀကီးနဲ႕ အစာအိမ္ဟာ နဂိုလိုျပန္မျဖစ္ေသးဘဲ၊ လက္ရွိအခ်ိန္ထိ မစင္ေတြကို ပုံမွန္အတိုင္း အန္ေနဆဲျဖစ္ၿပီး၊ အသက္ရႈဖို႔ပင္ တစ္ခါတေလ အေတာ္ေလး ခက္ခဲေၾကာင္း ဆိုပါတယ္။ သူမဟာ latex နဲ႕ ကိုယ္တြင္းပိုးသတ္ေဆးေတြ ဓာတ္မတည့္ျခင္းကလည္း ေရာဂါကို ပိုၿပီးေထြျပားေစပါတယ္။

 

 

မိသားစုဝင္ေတြကေတာ့ Kelly ကို ပုဂၢလိကဆရာဝန္တစ္ဦးဦးနဲ႕ St Marks Hospital ေဆး႐ုံဆီ ေျပာင္းေ႐ႊ႕ကုသေပးလိုေပမယ့္ အခုအခ်ိန္ထိ ေဆး႐ုံနဲ႕ညွိနိုင္မႈအဆင္မေျပေသးပါဘူး။ သူငယ္ခ်င္းေတြ စုၿပီး ထူေထာင္ေပးထားတဲ့ GoFundMe ရံပုံေငြစာမ်က္ႏွာမွာေတာ့ ေပါင္ (၁)သိန္းေက်ာ္ ရရွိထားၿပီး၊ သူမအတြက္ မၾကာခင္မွာ ပိုေကာင္းတဲ့ ကုသမႈေတြ ျပဳလုပ္နိုင္မယ္လို႔ မိသားစုဝင္ေတြ သူငယ္ခ်င္းေတြက ယုံၾကည္ေနပါတယ္။

Crd

Unicode

ခွဲစိတ်မှု့အမှားတစ်ခုကြောင့် အူမကြီးပေါက်ကာ မစင်တွေပြန်အန်နေရတဲ့ အမျိုးသမီး

 

 

အသက်(၃၄)နှစ်အရွယ် Kelly Yeoman အမည်ရ အမျိုးသမီးဟာ ခွဲစိတ်မှုအမှားတစ်ခုကြောင့် မစင်တွေပြန်အန်ပြီး၊ အသက်ရှုမဝဖြစ်ကာ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။ Kelly ဟာ ဘရစ္စတိုးမြို့က Southmead Hospital ဆေးရုံမှာ (၁၁)ပတ်ကြာ ကုသမှုခံယူနေရပြီး၊ လက်ရှိအချိန်ထိတော့ အခြေအနေက တိုးတက်မှုမရှိသေးပါဘူး။

Kelly ရဲ့ ပြောပြချက်အရ ခွဲစိတ်ဆရာဝန်တစ်ဦးဟာ ခွဲစိတ်မှုပြုလုပ်နေစဉ် သူမရဲ့အူမကြီးကို ထိခိုက်ပျက်စီးစေခဲ့ရာက အခုလို မစင်အန်ခြင်းဝေဒနာ စတင်ခံစားခဲ့ရတာပါ။ သူမရဲ့အခြေအနေကို စစ်ဆေးဖို့အတွက် ဓာတ်မှန်ရိုက်စဉ်မှာပင် မစင်တွေဟာ အူတွေရဲ့အပြင်ကို ရောက်နေပြီး၊ ရင်ခေါင်းအတွင်းမှာ ပြည့်နှက်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။

 

 

လက်ရှိအချိန်မှာတော့ Kelly ဟာ အရေးပေါ်ကုသမှုခံယူနေရဆဲဖြစ်ပြီး၊ သူမရဲ့ အသက္ကို ကယ်ဆယ်ဖို့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက ရန်ပုံငွေရှာဖွေမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒေါက်တာတွေကတော့ ဒီအဖြေကို ရှာနေဆဲဖြစ်ပြီး၊ သူမရဲ့ မိသားစုဝင်တွေက အစာအိမ် အချိန်မရွေး ပေါက်သွားနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

လက်ရှိအချိန်မှာတော့ အူမကြီးနဲ့ အစာအိမ်ဟာ နဂိုလိုပြန်မဖြစ်သေးဘဲ၊ လက်ရှိအချိန်ထိ မစင်တွေကို ပုံမှန်အတိုင်း အန်နေဆဲဖြစ်ပြီး၊ အသက်ရှုဖို့ပင် တစ်ခါတလေ အတော်လေး ခက်ခဲကြောင်း ဆိုပါတယ်။ သူမဟာ latex နဲ့ ကိုယ်တွင်းပိုးသတ်ဆေးတွေ ဓာတ်မတည့်ခြင်းကလည်း ရောဂါကို ပိုပြီးထွေပြားစေပါတယ်။

 

 

မိသားစုဝင်တွေကတော့ Kelly ကို ပုဂ္ဂလိကဆရာဝန်တစ်ဦးဦးနဲ့ St Marks Hospital ဆေးရုံဆီ ပြောင်းရွှေ့ကုသပေးလိုပေမယ့် အခုအချိန်ထိ ဆေးရုံနဲ့ညှိနိုင်မှုအဆင်မပြေသေးပါဘူး။ သူငယ်ချင်းတွေ စုပြီး ထူထောင်ပေးထားတဲ့ GoFundMe ရံပုံငွေစာမျက်နှာမှာတော့ ပေါင် (၁)သိန်းကျော် ရရှိထားပြီး၊ သူမအတွက် မကြာခင်မှာ ပိုကောင်းတဲ့ ကုသမှုတွေ ပြုလုပ်နိုင်မယ်လို့ မိသားစုဝင်တွေ သူငယ်ချင်းတွေက ယုံကြည်နေပါတယ်။

Crd

About the author

admm