NEWS
Written by admm
Crd
Unicode
ခြေချောင်း(၁၀)ချောင်းပါ၊ ကျောကုန်း၌ ကြာခွက်ပုံသဏ္ဌန်ရှိသည့် ရှားပါးသော ပင့်ကူကို လယ်သမားတစ်ဦးတွေ့ရှိ
ခြေချောင်းဆယ်ချောင်းပါ ကြာခွက်ကျောကုန်းပင့်ကူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက ရွိခဲ့တဲ့ ပင့်ကူပါ။ ထိုခေတ်ထိုအခါကတော့ အထိုက်အလျှောက် ပေါများခဲ့ပေမယ့် နှောင်းခေတ်မှာ မျိုးသုဉ်းပျောက်ကွယ်ခဲ့ပါတယ်။ ဒီလို ခြေချောင်းဆယ်ချောင်းပါ ပင့်ကူဟာ အခုခေတ်နောက်ပိုင်းမှာ (၆)ကောင်သာ တွေ့ခဲ့ရတယ်လို့ မှတ်တမ်းအရ သိရပါတယ်။
ကြွာခွက်ကျောကုန်းပင့်ကူဆိုတာ သူရဲ့ ကြာပန်းပင်က ကြာခွက်ပုံစံကျောကုန်းကြောင့် အလွယ်နာမည်ပေးလိုက်ခြင်းပါ။ ဒါက မျိုးရိုးနာမည် မဟုတ်ပါဘူး။ ပင့်ကူအားလုံးဟာ ခြေချောင်း ၈ ချောင်းသာ ပါဝင်ကြပေမယ့် သူကေတာ့ ဆယ်ချောင်းအထိ ပါဝင်တဲ့ သီးခြားပင့်ကူ မျိုးစိတ်ဖြစ်ပါတယ်။ ဒီပင့်ကူကို တရုတ်လယ်သမားကြီးက သူရဲ့ ခြံဝင်းထဲမှာ တွေ့ခဲ့ရတာပါ။
သူရဲ့ကျောကုန်းဟာ အများမြင်ရတဲ့အတိုင်းပင် ပန်းပုဆရာတစ်ဦးရဲ့ ပန်းပုလက်ရာလို ပန်းခက်ပန်းနွယ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါဟာ တစ်ခြားပင့်ကူတွေနဲ့ ယှဉ်တဲ့အခါ အလွန်ထူးခြားတဲ့ ပုံပန်းသဏ္႑န်ဖြစ်နေပါတယ်။ လယ်သမားကြီးရဲ့နာမည်ကတော့ လီဝမ်ဝှာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း သူရဲ့လယ်ကွင်းပြင်ထဲမှာ ဒီပင့်ကူကို တွေ့ခဲ့ရတာပါ။ ပညာရှင်တွေကတော့ ဒီပင့်ကူရဲ့ မျိုးစိတ်ဟာ Chinese hourglass spider ပင့်ကူမျိုးစိတ်ဖြစ်ကြောင်း၊ အလွန်ရှားပါးပြီး၊ တန်ဖိုးအားဖြင့် ဖြတ်လို့မလွယ်တဲ့ ပင့်ကူဖြစ်ကြောင်း၊ Cyclocosmia မျိုးစိတ်ဖြစ်ကြောင်း ဆိုပါတယ်။
နာမည်ထဲမှာပါတဲ့ Hourglass ဆိုတဲ့အတိုင်း သူရဲ့ ကျောကုန်းဟာ ဖန်နာရီတစ်ခုနဲ့လည်း တူညီပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ ဒီပင့်ကူရဲ့ ကျောကုန်းဟာ ကြာပန်းပင်ရဲ့ ကြာအိုး/ကြာခွက်နဲ့ တူညီနေလို့ ကြာခွက်ကျောကုန်းပင့်ကူလို့ အလွယ် ခေါ်ဆိုကြတယ်လို့ သိရပါတယ်။ ဒီမျိုးစိတ်မှာပင် ကြာခွက်ပုံစံ၊ ကြာအိုးပုံစံဆိုပြီး ကွဲပြားနေသေးတယ်လို့ သိရပါတယ်။
Crd
About the author
admm