NEWS

ဦးေခါင္းခြံကိုအနာခံေဖာက္ၿပီး ေ႐ႊဆြဲႀကိဳးအစစ္ေတြဆြဲထားတဲ့ ရက္ပါအဆိုေတာ္

Written by admm

ဦးေခါင္းခြံကိုအနာခံေဖာက္ၿပီး ေ႐ႊဆြဲႀကိဳးအစစ္ေတြဆြဲထားတဲ့ ရက္ပါအဆိုေတာ္

 

 

ဒီဇိုင္းနဲ႕ပတ္သက္ရင္ ကမၻာေပၚမွာ တစ္ေယာက္တည္းလို႔ေတာင္ ေျပာလို႔ရတဲ့ ရက္ပါတစ္ေယာက္ကေတာ့ အျခားလူငယ္ေတြနဲ႕ မတူတဲ့ ဒီဇိုင္းနဲ႕ လူစိတ္ဝင္စားမႈခံရဖို႔ ႀကိဳးပမ္းေနရွာပါတယ္။

သူ႕အမည္ကေတာ့ Dan Sur ျဖစ္ပါတယ္။ သူဟာ သူမ်ားနဲ႕မတူညီတဲ့ ဒီဇိုင္းပုံစံေၾကာင့္ လက္တေလာ သတင္းစာမ်က္ႏွာေတြထက္မွာ ေရပန္းစားခံေနရပါတယ္။ သူဟာ ဦးေခါင္းခြံကို အနာခံခြဲစိတ္ၿပီး ဆံပင္အစား ေ႐ႊဆြဲႀကိဳးေတြ တူေလာင္ဆြဲကာ စတန႔္ထြင္ခဲ့တာပါ။ သူ႕ရဲ႕ေခါင္းမွာ ေ႐ႊဆြဲႀကိဳးသံေတြ တခြၽင္ခြၽင္ ျဖစ္ေနပါသတဲ့။

 

 

သူ႕အဆိုအရေတာ့ သူနဲ႕ လိုင္းတူ အႏုပညာရွင္ေတြေတာ္ေတာ္မ်ားမ်ားဟာ ဆံပင္ကို ကာလာစုံ၊ ဒီဇိုင္းပုံစံ စုံလင္စြာနဲ႕ အလွဆင္ေနၾကတာကို ေက်ာ္ျဖတ္နိုင္ဖို႔ ဒီလို ဦးေခါင္းခြံ အနာခံေဖာက္တဲ့နည္းကို ေ႐ြးခ်ယ္ခဲ့တာလို႔ ဆိုပါတယ္။ ဒီနည္းဟာ ကမၻာေပၚမွာ သူ႕အျပင္ ႏွစ္ေယာက္ မရွိနိုင္ဘူးလို႔ ေျပာပါတယ္။

 

 

သူက ရိုးရွင္းလြန္းတဲ့ အျခားဒီဇိုင္းေတြနဲ႕ပတ္သက္ၿပီး ကြၽန္ေတာ့္သေဘာက တျခားလူေတြက သူတို႔ဆံပင္ေတြကို ေဆးေတြအမ်ိဳးမ်ိဳးဆိုးၾကတယ္ ဒါကို ေက်ာ္ျဖတ္ခ်င္တယ္ အခုဆို ကြၽန္ေတာ့္ပုံစံကို ဘယ္သူမွ အတုခိုးမခ်ေတာ့ဘူးလို႔ ထင္မွတ္ရတာပဲ လို႔ ေျပာခဲ့ပါတယ္။ သူဟာ သူမ်ားထက္ ႏွာတဖ်ား သာခဲ့ၿပီလို႔လည္း ဆိုပါတယ္။

 

 

သူဟာ ဆံပင္ေတြေနရာမွာ ေ႐ႊသားစစ္စစ္ ဆြဲႀကိဳးေတြကို အနာခံေဖာက္ၿပီး တြဲေလာင္းခ်ခဲ့တာပါ။ ဒါကို လူေတြက မယုံတစ္ဝက္ ယုံတစ္ဝက္ ျဖစ္ေနၾကပါတယ္။ သို႔ေပမယ့္ Dan Sur ကေတာ့ သူဟာ ဒီခြဲစိတ္ျပဳျပင္မႈကို တကယ္လုပ္ခဲ့တာျဖစ္ေၾကာင္း အာမခံခဲ့ပါတယ္။ တခ်ိဳ႕ဆို ဒါဟာ ေ႐ႊအစစ္ေတြ မျဖစ္နိုင္ဘူးလို႔လည္း သုံးသပ္ေနပါတယ္။

 

 

ဒီအတြက္ Dan Sur က အစစ္ေတြပါ ဘယ္လို လုပ္သလဲဆိုေတာ့ ဦးေခါင္းခြံထဲကို စိုက္ထားတာ အဲဒီအတြက္ ခ်ိတ္ကေလးေတြက ဦးေခါင္းခြံကို တြယ္ထားရတာေပါ့ေလ တခ်ိဳ႕ကိုေတာ့ ဦးေခါင္းအေရျပားကေန ေဖာက္ဆြဲထားတယ္ ေ႐ႊဆံပင္ေပါ့ဗ်ာ ရက္ပါေလာကမွာ ကြၽန္ေတာ္က ဒီပုံစံ ပထမဆုံးပဲ လို႔ ဗြီဒီယိုဖိုင္နဲ႕ ရွင္းျပခဲ့ပါတယ္။ တခ်ိဳ႕ကေတာ့ သူ႕ကို ရက္ပါေလာကမွာ အႂကြားထူဆုံးဆိုၿပီး ေဝဖန္ေနပါတယ္။

Crd

Unicode

ဦးခေါင်းခွံကိုအနာခံဖောက်ပြီး ရွှေဆွဲကြိုးအစစ်တွေဆွဲထားတဲ့ ရက်ပါအဆိုတော်

 

 

ဒီဇိုင်းနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ တစ်ယောက်တည်းလို့တောင် ပြောလို့ရတဲ့ ရက်ပါတစ်ယောက်ကတော့ အခြားလူငယ်တွေနဲ့ မတူတဲ့ ဒီဇိုင်းနဲ့ လူစိတ်ဝင်စားမှုခံရဖို့ ကြိုးပမ်းနေရှာပါတယ်။

သူ့အမည်ကတော့ Dan Sur ဖြစ်ပါတယ်။ သူဟာ သူများနဲ့မတူညီတဲ့ ဒီဇိုင်းပုံစံကြောင့် လက်တလော သတင်းစာမျက်နှာတွေထက်မှာ ရေပန်းစားခံနေရပါတယ်။ သူဟာ ဦးခေါင်းခွံကို အနာခံခွဲစိတ်ပြီး ဆံပင်အစား ရွှေဆွဲကြိုးတွေ တူလောင်ဆွဲကာ စတန့်ထွင်ခဲ့တာပါ။ သူ့ရဲ့ခေါင်းမှာ ရွှေဆွဲကြိုးသံတွေ တချွင်ချွင် ဖြစ်နေပါသတဲ့။

 

 

သူ့အဆိုအရတော့ သူနဲ့ လိုင်းတူ အနုပညာရှင်တွေတော်တော်များများဟာ ဆံပင်ကို ကာလာစုံ၊ ဒီဇိုင်းပုံစံ စုံလင်စွာနဲ့ အလှဆင်နေကြတာကို ကျော်ဖြတ်နိုင်ဖို့ ဒီလို ဦးခေါင်းခွံ အနာခံဖောက်တဲ့နည်းကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ ဒီနည်းဟာ ကမ္ဘာပေါ်မှာ သူ့အပြင် နှစ်ယောက် မရှိနိုင်ဘူးလို့ ပြောပါတယ်။

 

 

သူက ရိုးရှင်းလွန်းတဲ့ အခြားဒီဇိုင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော့်သဘောက တခြားလူတွေက သူတို့ဆံပင်တွေကို ဆေးတွေအမျိုးမျိုးဆိုးကြတယ် ဒါကို ကျော်ဖြတ်ချင်တယ် အခုဆို ကျွန်တော့်ပုံစံကို ဘယ်သူမှ အတုခိုးမချတော့ဘူးလို့ ထင်မှတ်ရတာပဲ လို့ ပြောခဲ့ပါတယ်။ သူဟာ သူများထက် နှာတဖျား သာခဲ့ပြီလို့လည်း ဆိုပါတယ်။

 

 

သူဟာ ဆံပင်တွေနေရာမှာ ရွှေသားစစ်စစ် ဆွဲကြိုးတွေကို အနာခံဖောက်ပြီး တွဲလောင်းချခဲ့တာပါ။ ဒါကို လူတွေက မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေကြပါတယ်။ သို့ပေမယ့် Dan Sur ကတော့ သူဟာ ဒီခွဲစိတ်ပြုပြင်မှုကို တကယ်လုပ်ခဲ့တာဖြစ်ကြောင်း အာမခံခဲ့ပါတယ်။ တချို့ဆို ဒါဟာ ရွှေအစစ်တွေ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်နေပါတယ်။

 

 

ဒီအတွက် Dan Sur က အစစ်တွေပါ ဘယ်လို လုပ်သလဲဆိုတော့ ဦးခေါင်းခွံထဲကို စိုက်ထားတာ အဲဒီအတွက် ချိတ်ကလေးတွေက ဦးခေါင်းခွံကို တွယ်ထားရတာပေါ့လေ တချို့ကိုတော့ ဦးခေါင်းအရေပြားကနေ ဖောက်ဆွဲထားတယ် ရွှေဆံပင်ပေါ့ဗျာ ရက်ပါလောကမှာ ကျွန်တော်က ဒီပုံစံ ပထမဆုံးပဲ လို့ ဗွီဒီယိုဖိုင်နဲ့ ရှင်းပြခဲ့ပါတယ်။ တချို့ကတော့ သူ့ကို ရက်ပါလောကမှာ အကြွားထူဆုံးဆိုပြီး ဝေဖန်နေပါတယ်။

Crd

About the author

admm