Life style

မိေက်ာင္းႀကီးရဲ႕ဗိုက္ကို ခြဲၾကည့္ခ်ိန္မွာ ႏွစ္(၆၀၀၀)သက္တမ္းရွိ ေရွးေဟာင္းပစၥည္းမ်ားေတြ႕

Written by admm

မိေက်ာင္းႀကီးရဲ႕ဗိုက္ကို ခြဲၾကည့္ခ်ိန္မွာ ႏွစ္(၆၀၀၀)သက္တမ္းရွိ ေရွးေဟာင္းပစၥည္းမ်ားေတြ႕

 

 

မုဆိုးတစ္ဦးဟာ ဖမ္းမိခဲ့တဲ့ မိေက်ာင္းႀကီးတစ္ေကာင္ရဲ႕ ဝမ္းဗိုက္ကို ခြဲၾကည့္စဥ္မွာ ႏွစ္(၆၀၀၀)သက္တမ္းရွိတဲ့ ေရွးေဟာင္းပစၥည္းေတြကို ေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။ အဆိုပါ မိေက်ာင္းႀကီးဟာ (၁၃)ေပ (၅)လက္မ အရွည္ရွိပါတယ္။

မုဆိုးရဲ႕အမည္ကေတာ့ Shane Smith ပါ။ မိေက်ာင္းႀကီးဟာ (၅၃)စတုံ၊ သို႔မဟုတ္ (၇၅၀)ေပါင္ အေလးခ်ိန္ ရွိပါတယ္။ ၎ရဲ႕ဝမ္းဗိုက္ကို ခြဲၾကည့္တဲ့အခါ အေမရိကန္ေဒသရင္းလူမ်ိဳးေတြ ႀကီးစိုးခဲ့တဲ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၆၀၀၀)ေလာက္က အသုံးအေဆာင္ပစၥည္းေတြကို ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

 

 

အဆိုပါ ေတာက္တိုမယ္ရ ပစၥည္းေတြဟာ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း (၆၀၀၀)ကေန (၅၀၀၀)ၾကားမွာ ရွိလိမ့္မယ္လို႔ သိရပါတယ္။ အေမရိကန္ေဒသရင္းလူမ်ိဳးေတြ အသုံးျပဳခဲ့တဲ့ ျမားေခါင္းေတြ၊ ခ်ိန္သီးကဲ့သို႔ လက္သမားသုံးပစၥည္းေတြကို ဝမ္းဗိုက္ထဲကေန ေတြ႕ခဲ့ရတာပါ။

Shane နဲ႕အတူ ခြဲစိတ္ခဲ့သူကေတာ့ အေဖာ္မုဆိုးျဖစ္သူ John Hamilton ျဖစ္ပါတယ္။ Shane က ေတြ႕ရွိတဲ့ ျမားေခါင္းေတြကိုၾကည့္ၿပီး ဒီမိေက်ာင္းဟာ သူ႕ကိုပစ္ခတ္ခဲ့တဲ့ ျမားေတြကို စားေသာက္ခဲ့ပုံရတယ္လို႔ ေတြးခဲ့ေပမယ့္ မစၥစၥပီျပည္နယ္က ဘူမိေဗဒပညာရွင္ တစ္ဦးက ဒီျမားေတြ၊ ခ်ိန္သီးေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၆၀၀၀)ဝန္းက်င္ကလို႔ အတည္ျပဳခဲ့ပါသတဲ့။

 

 

 

Shane က သူရဲ႕လုပ္ငန္းနဲ႕ပတ္သက္တဲ့ စာမ်က္ႏွာျဖစ္တဲ့ Red Antler Processing မွာ က်ေနာ္တို႔ဟာ အေကာင္ႀကီးတဲ့ မိေက်ာင္းေတြရဲ႕ ဗိုက္ထဲမွာ ဘာေတြရွိသလဲ သိရဖို႔ ခြဲၾကည့္ေလ့ရွိပါတယ္ ေတြ႕ရတာေတြကေတာ့ စိတ္ဝင္စားစရာပါ ဒီ (၁၃)ေပေက်ာ္ အေကာင္ႀကီးကေတာ့ ဒီႏွစ္မွာ အထူးျခားဆုံးပါပဲ လို႔ ေရးထားပါတယ္။

မိေက်ာင္းဝမ္းဗိုက္ထဲမွာ ငါးရိုးေတြ၊ ငွက္ေမြးေတြ၊ ဆံခ်ည္ကဲ့သို႔အလုံးေတြ၊ ေစးကပ္ေနတဲ့ သဲေျခရည္ေတြ ေတြ႕ခဲ့ရတယ္လို႔ ေျပာပါတယ္။ အစကေတာ့ ေတြ႕ရွိတာေတြကို လူမႈကြန္ရက္ေပၚ မတင္ဖို႔ ဆုံးျဖတ္ခဲ့ပါေသးသတဲ့။ လူေတြက မယုံေလာက္ဘူးလို႔ ေတြးမိလို႔ျဖစ္ေၾကာင္း ဆိုပါတယ္။ သူတို႔ရဲ႕လုပ္ရပ္ကို ျပင္းထန္စြာ ေဝဖန္ေနသူေတြလည္း ေျမာက္မ်ားစြာ ရွိပါတယ္။

Crd

Unicode

မိကျောင်းကြီးရဲ့ဗိုက်ကို ခွဲကြည့်ချိန်မှာ နှစ်(၆၀၀၀)သက်တမ်းရှိ ရှေးဟောင်းပစ္စည်းများတွေ့

မုဆိုးတစ်ဦးဟာ ဖမ်းမိခဲ့တဲ့ မိကျောင်းကြီးတစ်ကောင်ရဲ့ ဝမ်းဗိုက်ကို ခွဲကြည့်စဉ်မှာ နှစ်(၆၀၀၀)သက်တမ်းရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ မိကျောင်းကြီးဟာ (၁၃)ပေ (၅)လက်မ အရှည်ရှိပါတယ်။

မုဆိုးရဲ့အမည်ကတော့ Shane Smith ပါ။ မိကျောင်းကြီးဟာ (၅၃)စတုံ၊ သို့မဟုတ် (၇၅၀)ပေါင် အလေးချိန် ရှိပါတယ်။ ၎င်းရဲ့ဝမ်းဗိုက်ကို ခွဲကြည့်တဲ့အခါ အမေရိကန်ဒေသရင်းလူမျိုးတွေ ကြီးစိုးခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀၀၀)လောက်က အသုံးအဆောင်ပစ္စည်းတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ တောက်တိုမယ်ရ ပစ္စည်းတွေဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း (၆၀၀၀)ကနေ (၅၀၀၀)ကြားမှာ ရှိလိမ့်မယ်လို့ သိရပါတယ်။ အမေရိကန်ဒေသရင်းလူမျိုးတွေ အသုံးပြုခဲ့တဲ့ မြားခေါင်းတွေ၊ ချိန်သီးကဲ့သို့ လက်သမားသုံးပစ္စည်းတွေကို ဝမ်းဗိုက်ထဲကနေ တွေ့ခဲ့ရတာပါ။

Shane နဲ့အတူ ခွဲစိတ်ခဲ့သူကတော့ အဖော်မုဆိုးဖြစ်သူ John Hamilton ဖြစ်ပါတယ်။ Shane က တွေ့ရှိတဲ့ မြားခေါင်းတွေကိုကြည့်ပြီး ဒီမိကျောင်းဟာ သူ့ကိုပစ်ခတ်ခဲ့တဲ့ မြားတွေကို စားသောက်ခဲ့ပုံရတယ်လို့ တွေးခဲ့ပေမယ့် မစ္စစ္စပီပြည်နယ်က ဘူမိဗေဒပညာရှင် တစ်ဦးက ဒီမြားတွေ၊ ချိန်သီးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀၀၀)ဝန်းကျင်ကလို့ အတည်ပြုခဲ့ပါသတဲ့။

Shane က သူရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ စာမျက်နှာဖြစ်တဲ့ Red Antler Processing မှာ ကျနော်တို့ဟာ အကောင်ကြီးတဲ့ မိကျောင်းတွေရဲ့ ဗိုက်ထဲမှာ ဘာတွေရှိသလဲ သိရဖို့ ခွဲကြည့်လေ့ရှိပါတယ် တွေ့ရတာတွေကတော့ စိတ်ဝင်စားစရာပါ ဒီ (၁၃)ပေကျော် အကောင်ကြီးကတော့ ဒီနှစ်မှာ အထူးခြားဆုံးပါပဲ လို့ ရေးထားပါတယ်။

မိကျောင်းဝမ်းဗိုက်ထဲမှာ ငါးရိုးတွေ၊ ငှက်မွေးတွေ၊ ဆံချည်ကဲ့သို့အလုံးတွေ၊ စေးကပ်နေတဲ့ သဲခြေရည်တွေ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ အစကတော့ တွေ့ရှိတာတွေကို လူမှုကွန်ရက်ပေါ် မတင်ဖို့ ဆုံးဖြတ်ခဲ့ပါသေးသတဲ့။ လူတွေက မယုံလောက်ဘူးလို့ တွေးမိလို့ဖြစ်ကြောင်း ဆိုပါတယ်။ သူတို့ရဲ့လုပ်ရပ်ကို ပြင်းထန်စွာ ဝေဖန်နေသူတွေလည်း မြောက်များစွာ ရှိပါတယ်။

Crd

About the author

admm