ပင္လယ္ထဲေမ်ာေနတဲ့ ေပါင္(၅၃)သန္းတန္ မူးယစ္ေဆးထုပ္ႀကီးမွာၿငိေနတဲ့ လိပ္ႀကီး

ပင္လယ္ထဲေမ်ာေနတဲ့ ေပါင္(၅၃)သန္းတန္ မူးယစ္ေဆးထုပ္ႀကီးမွာၿငိေနတဲ့ လိပ္ႀကီး

 

 

အ႐ြယ္ေရာက္ၿပီး ပင္လယ္လိပ္တစ္ေကာင္ဟာ ေပါင္ (၅၃)သန္း တန္ေၾကးရွိ မူးယစ္ေဆးဝါး အထုပ္ႀကီးမွာၿငိတြယ္ရင္း ေရစီးနဲ႕အတူ ေမ်ာပါလာခဲ့ေၾကာင္း ကမ္းေျခတာဝန္ရွိသူေတြက ထုတ္ျပန္ခဲ့ပါတယ္။ ဒီလိပ္ႀကီးကို Operation Martillo အမည္ရ စစ္ဆင္ေရးအတြင္းမွာ ကယ္ဆယ္နိုင္ခဲ့တာ ျဖစ္ပါတယ္။

လိပ္ႀကီးဟာ အတြဲလိုက္ထုပ္ပိုးထားတဲ့ မူးယစ္ေဆးဝါးအထုတ္ေတြၾကားမွာ ႀကိဳးနဲ႕ၿငိေနၿပီး ႀကိဳးကို ဓားနဲ႕ျဖတ္ေတာက္ကာ ကယ္ဆယ္ခဲ့ရပါတယ္။ မူးယစ္ေဆးေတြကို အေမရိကန္ကမ္းေျခေစာင့္တပ္ဖြဲ႕က သိမ္းဆည္းနိုင္ခဲ့ပါတယ္။ လိပ္ႀကီးနဲ႕အတူ မူးယစ္ေဆးအထုပ္ေပါင္း (၂၆)ထုပ္ ပါဝင္ၿပီး၊ ကာလတန္ဖိုးအားျဖင့္ ေပါင္ (၅၃)သန္းအထိ တန္ေၾကးရွိပါတယ္။

 

 

ကမ္းေျခေစာင့္တပ္ဖြဲ႕ဝင္ေတြဟာ လႈပ္ရွားေနတဲ့ပင္လယ္လွိုင္းေတြၾကားမွာ လိပ္ႀကီးကို ၿငိေနတဲ့ႀကိဳးေတြကို ခက္ခက္ခဲခဲ ျဖတ္ေတာက္ခဲ့ရၿပီး၊ ေနာက္ဆုံးမွာေတာ့ ေဘးလြတ္ရာကို ျပန္လႊတ္နိုင္ခဲ့ေၾကာင္း သိရပါတယ္။ အထုပ္ေတြကို ျဖည္ၿပီးစစ္ေဆးတဲ့အခါမွာ (၈၁၆)ဂရမ္ အေလးခ်ိန္ရွိတဲ့ ကိုကင္းေတြကို ေတြ႕ရွိခဲ့ရေၾကာင္း သိရပါတယ္။

 

 

ဒီကိုကင္းေတြဟာ ပင္လယ္ထဲကေန ေမွ်ာယူဖို႔ ေသခ်ာေပါက္ ျပင္ဆင္ထားတာေတြ ျဖစ္ပုံရပါတယ္။ အေမရိကန္ဟာ ပစိဖိတ္ကမ္းရိုးတမ္းတစ္ေလွ်ာက္မွာ မူးယစ္ကုန္သြယ္ေရာင္းဝယ္မႈ တိုက္ျဖတ္ေရးကို အျမစ္ပ်က္ႏွိမ္နင္းဖို႔ စစ္ဆင္ေရးဆင္ႏႊဲေနၿပီး လက္ရွိအခ်ိန္ထိ ကိုကင္း (၁၄,၈၀၀) ေပါင္ ဖမ္းမိထားၿပီး၊ ေဆးေျခာက္ (၁၄)ေပါင္နဲ႕ လူ (၂၄)ေယာက္ ဖမ္းဆီးရမိထားေၾကာင္း သိရပါတယ္။

Crd

Unicode

ပင်လယ်ထဲမျောနေတဲ့ ပေါင်(၅၃)သန်းတန် မူးယစ်ဆေးထုပ်ကြီးမှာငြိနေတဲ့ လိပ်ကြီး

 

 

အရွယ်ရောက်ပြီး ပင်လယ်လိပ်တစ်ကောင်ဟာ ပေါင် (၅၃)သန်း တန်ကြေးရှိ မူးယစ်ဆေးဝါး အထုပ်ကြီးမှာငြိတွယ်ရင်း ရေစီးနဲ့အတူ မျောပါလာခဲ့ကြောင်း ကမ်းခြေတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိပ်ကြီးကို Operation Martillo အမည်ရ စစ်ဆင်ရေးအတွင်းမှာ ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လိပ်ကြီးဟာ အတွဲလိုက်ထုပ်ပိုးထားတဲ့ မူးယစ်ဆေးဝါးအထုတ်တွေကြားမှာ ကြိုးနဲ့ငြိနေပြီး ကြိုးကို ဓားနဲ့ဖြတ်တောက်ကာ ကယ်ဆယ်ခဲ့ရပါတယ်။ မူးယစ်ဆေးတွေကို အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ လိပ်ကြီးနဲ့အတူ မူးယစ်ဆေးအထုပ်ပေါင်း (၂၆)ထုပ် ပါဝင်ပြီး၊ ကာလတန်ဖိုးအားဖြင့် ပေါင် (၅၃)သန်းအထိ တန်ကြေးရှိပါတယ်။

 

 

ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ လှုပ်ရှားနေတဲ့ပင်လယ်လှိုင်းတွေကြားမှာ လိပ်ကြီးကို ငြိနေတဲ့ကြိုးတွေကို ခက်ခက်ခဲခဲ ဖြတ်တောက်ခဲ့ရပြီး၊ နောက်ဆုံးမှာတော့ ဘေးလွတ်ရာကို ပြန်လွှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အထုပ်တွေကို ဖြည်ပြီးစစ်ဆေးတဲ့အခါမှာ (၈၁၆)ဂရမ် အလေးချိန်ရှိတဲ့ ကိုကင်းတွေကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

 

 

ဒီကိုကင်းတွေဟာ ပင်လယ်ထဲကနေ မျှောယူဖို့ သေချာပေါက် ပြင်ဆင်ထားတာတွေ ဖြစ်ပုံရပါတယ်။ အမေရိကန်ဟာ ပစိဖိတ်ကမ်းရိုးတမ်းတစ်လျှောက်မှာ မူးယစ်ကုန်သွယ်ရောင်းဝယ်မှု တိုက်ဖြတ်ရေးကို အမြစ်ပျက်နှိမ်နင်းဖို့ စစ်ဆင်ရေးဆင်နွှဲနေပြီး လက်ရှိအချိန်ထိ ကိုကင်း (၁၄,၈၀၀) ပေါင် ဖမ်းမိထားပြီး၊ ဆေးခြောက် (၁၄)ပေါင်နဲ့ လူ (၂၄)ယောက် ဖမ်းဆီးရမိထားကြောင်း သိရပါတယ်။

Crd