ႏွစ္သန္းေပါင္း (၁၃၀)သက္တမ္းရွိ ဒိုင္နိုေဆာဥ(၃၀)ေက်ာ္ကို တူးေဖာ္ေတြ႕ရွိခဲ့

ႏွစ္သန္းေပါင္း (၁၃၀)သက္တမ္းရွိ ဒိုင္နိုေဆာဥ(၃၀)ေက်ာ္ကို တူးေဖာ္ေတြ႕ရွိခဲ့

 

 

လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း (၁၃၀)က က်န္ရွိခဲတဲ့ ဒိုင္နိုေဆာဥေတြကို တ႐ုတ္နိုင္ငံက စာသင္ေက်ာင္းအသစ္တစ္ခုရဲ႕ ၿခံဝင္းအတြင္းမွာ တူးေဖာ္ ေတြ႕ရွိခဲ့ပါတယ္။ ၎ဒိုင္နိုေဆာဥဟာ Jurassic Period လို႔ေခၚတဲ့ ဘူမိေဗဒသက္တမ္းရဲ႕ေနာက္ပိုင္းမွာ မိခင္ဒိုင္နိုေဆာမႀကီးက ဥခ်ခဲ့ပုံရပါတယ္။

Jurassic Period ဆိုသည္မွာ ဘူမိေဗဒပညာရွင္ေတြ စနစ္တက် သက္မွတ္ထားတဲ့ အခ်ိန္အပိုင္းအျခားတစ္ခုျဖစ္ၿပီး ႏွစ္ (၅၆)သန္းၾကာျမင့္ပါတယ္။ ၎ရဲ႕အရင္ေစာတဲ့ သက္တမ္းကိုေတာ့ Triassic Period လို႔ ေခၚၿပီး ႏွစ္သန္းေပါင္း (၂၀၁.၃)သန္း ၾကာျမင့္ပါတယ္။

 

 

Jurassic Period သက္တမ္းၿပီးတဲ့အခါမွာ Cretaceous Period ျဖစ္ၿပီး ႏွစ္သန္းေပါင္း (၁၄၅)သန္းလို႔ဆိုပါတယ္။ ဒါေတြက သိပၸံပညာရွင္ေတြသာ သီးျခားနားလည္နိုင္တဲ့ သက္မွတ္မႈေတြ ျဖစ္ပါတယ္။ အခု ဒိုင္နိုေဆာဥေတြကိုေတာ့ ဒိုင္နိုေဆာၿမိဳ႕ေတာ္လို႔ တင္စားေခၚေဝၚခံရတဲ့ေနရာမွာ တူးေဖာ္နိုင္ခဲ့တာပါ။

ေက်ာင္းအသစ္ေဆာက္လုပ္ဖို႔အတြက္ ေျမေတြကို တူးေဖာ္စဥ္မွာ ယခုကဲ့သို႔ ေက်ာက္ျဖစ္ေနတဲ့ ဒိုင္နိုေဆာဥေတြကို ေတြ႕ခဲ့ရတာျဖစ္ၿပီး၊ ဥေပါင္း (၃၀)အထိ ရရွိခဲ့တယ္လို႔ သိရပါတယ္။ အေဆာက္ဦေဟာင္းကို ဒိုင္းနမိုက္နဲ႕ ေဖာက္ခြဲၿပီးၿဖိဳခ်ခဲ့တာျဖစ္ေပမယ့္ ဒိုင္နိုေဆာဥေတြကိုေတာ့ ထိခိုက္မႈ မရွိခဲ့ပါဘူး။

 

 

ကနဦးတုန္းကေတာ့ ေက်ာက္ခဲအလုံးေတြလို႔ ယူဆခဲ့ေပမယ့္ အေရအတြက္ ပမာဏမ်ားျပားလာတဲ့အခါ ဒိုင္နိုေဆာအမႀကီးတစ္ေကာင္ရဲ႕ အသိုက္ေဟာင္းလို႔ ယူဆၿပီး ပညာရွင္ေတြကို ေခၚယူျပသခဲ့ပါတယ္။ ပညာရွင္ေတြက တူးေဖာ္ရရွိထားတဲ့ ေက်ာက္လုံးေတြကို စစ္ေဆးတဲ့အခါမွာ ဟုတ္မွန္ေၾကာင္း အတည္ျပခဲ့ပါတယ္။

ဒိုင္နိုေဆာမ်ိဳးရိုးဟာ Jurassic Period သက္တမ္းကုန္ဆုံးခ်ိန္မွ Cretaceous Period အေတာအတြင္းမွာ ရွင္သန္ခဲ့ၾကၿပီး ဒီအထဲမွာ ထရိုင္နိုေဆာရပ္၊ ဦးခ်ိဳသုံးခုပါ ထရိုင္ဆယ္ရာေတာ့၊ ငွက္ေတြကဲ့သို႔ အေမြးပါတဲ့ ဗယ္လာစီရပ္တာ သတၱဝါေတြလည္း ေကာင္းေကာင္းရွင္သန္ေပါက္ဖြားခဲ့ၾကတယ္လို႔ ဆိုပါတယ္။ အခုတူးေဖာ္ရရွိတဲ့ ဒိုင္နိုေဆာဥေတြကို Dayu County Museum မွာ ထိမ္းသိမ္းထားတယ္လို႔ သိရပါတယ္။

Crd

Unicode

နှစ်သန်းပေါင်း (၁၃၀)သက်တမ်းရှိ ဒိုင်နိုဆောဥ(၃၀)ကျော်ကို တူးဖော်တွေ့ရှိခဲ့

 

 

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၁၃၀)က ကျန်ရှိခဲတဲ့ ဒိုင်နိုဆောဥတွေကို တရုတ်နိုင်ငံက စာသင်ကျောင်းအသစ်တစ်ခုရဲ့ ခြံဝင်းအတွင်းမှာ တူးဖော် တွေ့ရှိခဲ့ပါတယ်။ ၎င်းဒိုင်နိုဆောဥဟာ Jurassic Period လို့ခေါ်တဲ့ ဘူမိဗေဒသက်တမ်းရဲ့နောက်ပိုင်းမှာ မိခင်ဒိုင်နိုဆောမကြီးက ဥချခဲ့ပုံရပါတယ်။

Jurassic Period ဆိုသည်မှာ ဘူမိဗေဒပညာရှင်တွေ စနစ်တကျ သက်မှတ်ထားတဲ့ အချိန်အပိုင်းအခြားတစ်ခုဖြစ်ပြီး နှစ် (၅၆)သန်းကြာမြင့်ပါတယ်။ ၎င်းရဲ့အရင်စောတဲ့ သက်တမ်းကိုတော့ Triassic Period လို့ ခေါ်ပြီး နှစ်သန်းပေါင်း (၂၀၁.၃)သန်း ကြာမြင့်ပါတယ်။

 

 

Jurassic Period သက်တမ်းပြီးတဲ့အခါမှာ Cretaceous Period ဖြစ်ပြီး နှစ်သန်းပေါင်း (၁၄၅)သန်းလို့ဆိုပါတယ်။ ဒါတွေက သိပ္ပံပညာရှင်တွေသာ သီးခြားနားလည်နိုင်တဲ့ သက်မှတ်မှုတွေ ဖြစ်ပါတယ်။ အခု ဒိုင်နိုဆောဥတွေကိုတော့ ဒိုင်နိုဆောမြို့တော်လို့ တင်စားခေါ်ဝေါ်ခံရတဲ့နေရာမှာ တူးဖော်နိုင်ခဲ့တာပါ။

ကျောင်းအသစ်ဆောက်လုပ်ဖို့အတွက် မြေတွေကို တူးဖော်စဉ်မှာ ယခုကဲ့သို့ ကျောက်ဖြစ်နေတဲ့ ဒိုင်နိုဆောဥတွေကို တွေ့ခဲ့ရတာဖြစ်ပြီး၊ ဥပေါင်း (၃၀)အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆောက်ဦဟောင်းကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲပြီးဖြိုချခဲ့တာဖြစ်ပေမယ့် ဒိုင်နိုဆောဥတွေကိုတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။

 

 

ကနဦးတုန်းကတော့ ကျောက်ခဲအလုံးတွေလို့ ယူဆခဲ့ပေမယ့် အရေအတွက် ပမာဏများပြားလာတဲ့အခါ ဒိုင်နိုဆောအမကြီးတစ်ကောင်ရဲ့ အသိုက်ဟောင်းလို့ ယူဆပြီး ပညာရှင်တွေကို ခေါ်ယူပြသခဲ့ပါတယ်။ ပညာရှင်တွေက တူးဖော်ရရှိထားတဲ့ ကျောက်လုံးတွေကို စစ်ဆေးတဲ့အခါမှာ ဟုတ်မှန်ကြောင်း အတည်ပြခဲ့ပါတယ်။

ဒိုင်နိုဆောမျိုးရိုးဟာ Jurassic Period သက်တမ်းကုန်ဆုံးချိန်မှ Cretaceous Period အတောအတွင်းမှာ ရှင်သန်ခဲ့ကြပြီး ဒီအထဲမှာ ထရိုင်နိုဆောရပ်၊ ဦးချိုသုံးခုပါ ထရိုင်ဆယ်ရာတော့၊ ငှက်တွေကဲ့သို့ အမွေးပါတဲ့ ဗယ်လာစီရပ်တာ သတ္တဝါတွေလည်း ကောင်းကောင်းရှင်သန်ပေါက်ဖွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုတူးဖော်ရရှိတဲ့ ဒိုင်နိုဆောဥတွေကို Dayu County Museum မှာ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။

Crd