Crd
Unicode
ရှေးဟောင်းစစ်သင်္ဘောများနဲ့ စစ်လက်နက်များကို ပင်လယ်ကြမ်းပြင်တစ်နေရာမှာ ရှာတွေ့
မက္ကဆီကိုနိုင်ငံ၊ Yucatan ကျွန်းဆွယ်ပေါ်က Sisal အမည်ရ မြို့ကလေးအနီး ကမ်းလွန်းပင်လယ်ပြင်မှာ လွန်ခဲ့တဲ့ ရာစုနှစ်တော်တော်များများက နစ်မြုပ်ခဲ့တဲ့ရှေးဟောင်းစစ်သင်္ဘောများနဲ့ ရှေးခေတ်စစ်လက်နက်အသုံးအဆောင်တွေကို သိပ္ပံပ့ာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
စစ်သင်္ဘောဟာ ဒက်ချ်တွေ အသုံးပြုခဲ့တဲ့ စစ်သင်္ဘောတွေ ဖြစ်ပြီး၊ ရှေးခေတ်ဧရာမ အမြောက်လက်နက်များ၊ မီးပြတိုက်အကျိုးအပြတ်များအပါအဝင် အခြားလူမှုအသုံးအဆောင်တွေကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော်တုန်းက Sisal မြို့ကလေးဟာ အလွန်စည်ကားခဲ့တဲ့ ဆိပ်ခံမြို့ကလေးဖြစ်ပါတယ်။
၎င်းမြို့နဲ့ မနီးမဝေးမှာ သင်္ဘောထုတ်လုပ်တဲ့ သင်္ဘေားကျဉ်းလဲ ရှိပါတယ်။ တွေ့ရှိခဲ့တဲ့ ဧရာမအမြောက်တွေကတော့ တန် (၃၀၀)ခန့်အထိ အလေးချိန်ရှိပြီး သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ သင်္ဘောမနစ်မြုပ်ခင်မှာ သင်္ဘောရဲ့အလေးချိန်ကိုလျော့ဖို့အတွက် အမြှောက်တွေကို သင်္ဘောသားတွေကိုယ်တိုင် ရေထဲကို ပစ်ချခဲ့တာလို့ ယူဆရပါတယ်။
လက်ရှိအချိန်မှာ တွေ့ရှိထားတဲ့ သင်္ဘောနှစ်စင်းအနက် တစ်စသင်းက (၁၈)ရာစုနှစ်တုန်းက ဒက်ချ်တွေအသုံးပြုခဲ့တဲ့ ရှေးဟောင်းစစ်သင်္ဘောဖြစ်ပြီး၊ တစ်ခုကတော့ ဗြိတိန်တွေအသုံးပြုခဲ့တဲ့ မီးသင်္ဘောဖြစ်ကြောင်း သိရပါတယ်။ မီးသင်္ဘောကတော့ (၁၈၀၇) နဲ့ (၁၈၇၀) အတောအတွင်းမှာ တည်ဆောက်ခဲ့ပုံရပါတယ်။
၎င်းမီးသင်္ဘောမှာ စက်၊ ရေယက်ဘီးနဲ့တို့ ပါဝင်ပြီး ထိုခေတ်ထိုအခါက ခေတ်ကောင်းခဲ့တဲ့ Royal Mail Steam Packet Company က တည်ဆောက်ခဲ့ပုံရတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ပါတယ်။ ရေနက်ကြမ်းပြင်မှာ ရှေးခေတ်ကြွေထည်များ၊ အုပ်ကြွပ်များနဲ့၊ ယင်းခေတ်ကအသုံးပြုခဲ့တဲ့ မီးဖိုချောင်သုံး ဇွန်းခက်ရင်း အစရှိတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဘောလုံးကဲ့သို့လုံးဝန်းနေတဲ့ အမြောက်ဆံတွေလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Crd