Life style
Written by admm
Crd
Unicode
အားဖြည့်အချိုရည်အလွန်အကျွံသောက်ခြင်းကြောင့် ဦးနှောက်သွေးယိုမှုဖြစ်ကာ ဦးခေါင်းခွံကြီးချိုင့်သွားခဲ့ရတဲ့ အမျိုးသားတစ်ဦး
Austin အမည်ရှိအမျိုးသား နှင့် Brianna အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့ပထမဆုံးရင်သွေးကိုတွေ့ရန် အလွန်စိတ်လှုပ်ရှားခဲ့ကြပါတယ်။ သို့ပေမဲ့ Brianna ဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သူမအတွက် မတွေးဝံ့စရာဖြစ်ရပ်ကိုကြုံတွေ့ခဲ့ရပါတယ်။ မနက်ခင်းတစ်ခုမှာ Brianna အား သူမရဲ့ယောက္ခမဖြစ်သူထံမှ Austin ဟာ မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့ ဆိုးဝါးတဲ့သတင်းများနှင့်အတူ သူမကိုဖုန်းဆက်လာခဲ့ပါတယ်။ Brianna ဟာ ခင်ပွန်း Austin မွာ ဦးနှောက်သွေးယိုစီးမှုရှိနေတာကိုသိလိုက်ရပေမယ့် သူမဟာ ၎င်းကဲ့သို့ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်းရဲ့နောက်ကွယ်က အဖြစ်အပျက်ကို သိခဲ့ရပြီးနောက် သူမဟာ ပို၍ပင်ထိတ်လန့်သွားခဲ့ရပါတယ်။
Austin ဟာ သူ့အလုပ်များအတွက် အချိန်ပိုကြာကြာအလုပ်လုပ်နိုင်ရန် မကြာခဏ ဆိုသလို အားဖြည့်အချိုရည်များကို သောက်လေ့ရှိသူဖြစ်ပါတယ်။ ၎က Austin အတွက် အလေ့အကျင့်တစ်ခုလိုဖြစ်လာစေခဲ့ပြီး နောက်ပိုင်းမှာ သူ့အား အလွန်အကျွံသောက်လာစေခဲ့ပါတယ်။ ထို့အပြင် ဆရာဝန္မ်ားက Austin ရဲ့ ဦးနှောက်သွေးယိုခြင်းကိုဖြစ်စေရတဲ့အဓိကအကြောင်းရင်းက အားဖြည့်အချိုရည်များအလွန်အကျွံသောက်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် Austin ဟာ ၅ နာရီကြာခွဲစိတ်ခဲ့ရပြီး ခွဲစိတ်မှုပြီးတဲ့နောက်မှာ သူဟာ လူတိုင်းကမမှတ်မိနိုင်လောက်အောင် သူ့ရဲ့မျက်နှာပေါ်မှာ စက်များနှင့် ပြွန်မျိုးစုံဖြင့် ချိတ်ဆက်ထားခဲ့ရပါတယ်။
ဆေးရုံခုတင်ပေါ်မှာ မလှုပ်မယှက်ရှိနေခဲ့တဲ့ သားဖြစ်သူကိုမြင်လိုက်တာနဲ့ Austin ရဲ့မိခင်အား ဝမ်းနည်းစွာ ငိုကြွေးနေခဲ့ပြီး ဇနီးကိုဖက်ထားရင်း သန်မာတဲ့ယောကျ်ားကြီးတစ်ယောက်ဖြစ်တဲ့ယောက္ခထီးကပါ မျက်ရည်ကျနေခဲ့ကြောင်းကို Brianna က ပြောပြခဲ့ပါတယ်။ ထို့နောက် သူမဟာ ခင်ပွန်းသည်ရဲ့မိသားစုကိုကြည့်ရင်း အတူတူ ငိုကြွေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာတော့ Austin ဟာ ဦးနှောက်ခွဲစိတ်မှုကို ထပ်မံပြုလုပ်ပြီးနောက်မှာ ၎င်းရဲ့အကျိုးဆက်ဟာ Austin အား လေဖြတ်ခြင်း၊ တက်ခြင်း၊ ရောင်ရမ်းခြင်းစတဲ့သူမတို့မမျှော်လင့်ထားတဲ့အရာများကိုဖြစ်ပေါ်စေခဲ့ပါတယ်။
သူ့ဆေးရုံကုတင်ဘေးမှာခဏထိုင်ရင်း သူအဆင်ပြေလိမ့်မယ်လို့ဆုတောင်းရင်း ကျွန်မလက်မလျော့ပစ်ဖို့ အားတင်းထားခဲ့ရတယ် ၊ ဘယ်လောက်ပဲရှုပ်ထွေးနေပါစေ ဒါတွေအားလုံးက ကျွန်မတို့ရဲ့ဘဝပါဘဲ ၊ ကျွန်မ ဆေးရုံမှာ နှစ်ပတ်ကြာနေခဲ့ပြီးနောက် သူ အသက်ရှင်မှာလား၊ ကျွန်မတို့ကိုဘဲ ထားသွားနေလေမလားလို့တွေးနေခဲ့ရတယ် ၊ တစ်နေ့တော့ ကျွန်မကလေးမွေးဖို့အချိန်ရောက်လာလို့ ကျွန်မအိမ်ပြန်လာခဲ့ရတယ် ၊ ဒါမဲ့ သားလေးကိုမွေးတဲ့နေမှာဘဲ Austin က နိုးလာခဲ့တယ် ၊ ကျွန်မ သူ့ကိုတစ်ပတ်လောက်သွားမတွေ့နိုင်ခဲ့လို့ အဖေနဲ့တူတဲ့သားလေးကိုကြည့်ရင်းငိုခဲ့ရတယ် ၊ သားလေးကတစ်ပတ်သားအရွယ်ဘဲရှိသေးတော့ သားလေးကို ယောက္ခမကြီးနဲ့ထားခဲ့ပြီး သားလေးနဲ့ကျွန်မက သူ့ကိုဘယ်လောက်လိုအပ်နေကြောင်းကိုပြောပြဖို့ Austin ကို သွားတွေ့ခဲ့သေးတယ်၊
အဲ့တာနဲ့ ရက်အပတ်ပေါင်းများစွာကုန်လွန်သွားပြီးနောက်မှာ Austin က နောက်ထပ်သောကုသမှုနဲ့လုပ်ထုံးလုပ်နည်းတွေကို ပြုလုပ်ခဲ့ရတယ်၊ သားလေး အသက် ၂ လကျော်အရွယ်ရောက်တော့ သူ့အဖေနှင့် ပထမဆုံးသွားတွေ့ခဲ့တယ်၊ အဲဒီနေ့က ကျွန်မနှလုံးသားကပျော်ရွှင်မှုတစ်ချို့ကိုပြန်ရခဲ့တဲ့နေ့လေးပဲ ၊ အချိန်အနည်းငယ်ကြာပြီးနောက်မှာ သူလည်း နောက်ဆုံးအိမ်သို့လာနိုင်ခဲ့တယ်၊ ဒါမဲ့ ကျွန်မတို့ဘဝက ပုံမှန်လိုမဟုတ်တော့ဘဲ ဆရာ၀န်တွေ ၊ ဆေးရုံတွေနဲ့ဘဲ ခရီးဆက်နေခဲ့ရတယ်၊ ဒါမဲ့ ကျွန်မတို့က ဒီအရာကိုအတူတူအားတင်းပြီးကျော်ဖြတ်သွားမှာပါ ဟု Brianna က သူမနှင့်ခင်ပွန်းဖြစ်သူတို့ကြုံတွေ့ခဲ့ရတဲ့ဝမ်းနည်းဖွယ်အဖြစ်အပျက်ကို ပြန်လည်မျှဝေထားခဲ့ပါတယ်။
Crd
About the author
admm