Life style

အိမ္ယာမဲ့လို႔ အထင္ခံရၿပီး ဘတ္စ္ကားေပၚမတက္ဖို႔ တားျမစ္ခံခဲ့ရတဲ့ ႐ူပေဗဒပါေမာကၡ

Written by admm

အိမ္ယာမဲ့လို႔ အထင္ခံရၿပီး ဘတ္စ္ကားေပၚမတက္ဖို႔ တားျမစ္ခံခဲ့ရတဲ့ ႐ူပေဗဒပါေမာကၡ

 

 

ဖိလစ္ပိုင္နိုင္ငံ Polytechnic University of the Philippines (PUP) မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ႐ူပေဗဒပါေမာကၡတစ္ဦးကေတာ့ သူ႕ရဲ႕ အဝတ္အစားခပ္စုတ္စုတ္၊ ရွည္လွ်ားလွတဲ့ မုတ္ဆိတ္ေမြးျဖဴျဖဴ၊ ဆံပင္ျဖဴျဖဴေတြေၾကာင့္ Jeepney ဆရာက သူ႕ကို အိမ္ယာမဲ့နဲ႕မွားၿပီး ကားေပၚကို တက္ခြင့္မျပဳခဲ့ပါဘူး။

Jeepney ဆိုတာ ဖိလစ္ပိုင္တစ္ခြင္မွာ အသုံးမ်ားေနတဲ့ ဂ်စ္ကားနဲ႕ဝန္ေဆာင္မႈေပးတဲ့ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး စနစ္တစ္ခု ျဖစ္ပါတယ္။ ႐ူပါေဗဒပါေမာကၡဟာ ကားစီးမယ္လုပ္ေတာ့ ဘက္စ္ကားဆရာေတြက သူ႕ကို ကားေပၚတက္ခြင့္ မေပးပါဘူး။ ဒါကို သူနဲ႕အတူပါလာတဲ့ လုပ္ေဖာ္ကိုင္ဘက္ဆရာတစ္ဦးက မ်က္ျမင္သက္ေသအျဖစ္ ရွိေနခဲ့ပါတယ္။

 

 

အဆိုပါ ပါေမာကၡအမည္မွာ Ruben Madridejos ျဖစ္ၿပီး သူ႕ကို Madri လို႔လည္း ေခၚၾကပါတယ္။ သူဟာ Polytechnic University of the Philippines (PUP) တကၠသိုလ္၊ College of Science မွာတည္ရွိတဲ့ ႐ူပေဗဒသိပၸံပညာဌာနမွာ ပါေမာကၡရာထူးနဲ႕ တာဝန္ထမ္းေဆာင္ေနသူပါ။

ပါေမာကၡ Madri ဟာ ဂ်ာမနီနိုင္ငံမွ ႐ူပေဗဒမဟာဘြဲ႕ကို ရယူခဲ့ၿပီးေနာက္ ဖိလစ္ပိုင္မွာ ပါေမာကၡရာထူးနဲ႕ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။ သူဟာ အထက္တန္း၊ ေကာလိပ္စသည္တို႔မွာ ပညာေရးဘက္ အလြန္ထူးခြၽန္ခဲ့တာေၾကာင့္ (၁၉၈၁)ခုႏွစ္မွာ ဂ်ာမနီနိုင္ငံကို ပညာေတာ္သင္ဆု ေစလႊတ္ခံခဲ့ရၿပီး Master of Science in Geophysics ဘြဲ႕ကို ထူးခြၽန္စြာ ဆြတ္ခူးနိုင္ခဲ့ပါတယ္။ ဂ်ာမန္နဲ႕အဂၤလိပ္စကားကိုလည္း ကြၽမ္းက်င္စြာ ေျပာဆိုနိုင္သူပါ။

 

 

အခုေတာ့ ပါေမာကၡ Madri ဟာ သူရဲ႕ ဖိုသီဖက္သီေနတဲ့ပုံစံ၊ ျဖဴစြတ္ေနတဲ့ မုတ္ဆိတ္က်င္စြယ္ေတြေၾကာင့္ Jeepney ဆရာေတြက သူ႕ကို ပါေမာကၡပါလို႔ေျပာလည္း ယုံမွာမဟုတ္ၾကပါဘူး။ ဒါေၾကာင့္ အိမ္ယာမဲ့လို႔ ထင္ၿပီး သူ႕ကို ကားေပၚေပးတက္ဖို႔ ျငင္းဆန္ခဲ့ၾကပါတယ္။ Madri နဲ႕အတူ လုပ္ေဖာ္ကိုင္ဘက္ဆရာမတစ္ဦးျဖစ္တဲ့ Rozel Billones လည္း ရွိေနခဲ့ပါတယ္။

သူမရဲ႕အေျပာအရ Madri ကိုၾကည့္ၿပီး ဘက္စ္ကားဒရိုင္ဘာေတြ အားလုံးက ေနရာလြတ္မရွိေတာ့ဘူးလို႔ ေျပာဆိုၾကတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ တစ္ျခားခရီးသည္ေတြကိုေတာ့ ဘာမွမေျပာဘဲ ကားေပၚကိုတက္ေစတယ္လို႔ ဆိုပါတယ္။ ေနာက္ဆုံး Rozel က ေနရာေပးဖို႔လွမ္းေခၚမွ ပါေမာကၡ Madri ခမ်ာ ဘက္စ္ကားေပၚတက္ခြင့္ရခဲ့ပါတယ္။

 

 

ဒါေတာင္ ခရီးသည္တစ္ဦးက ေနရာေပးဖို႔ ျငင္းဆန္ေနလို႔ Madri က သူလည္း ဒီနိုင္ငံသားတစ္ေယာက္ျဖစ္ေၾကာင္း၊ ဘာျဖစ္လို႔ ေနရာမေပးခ်င္ၾကတာလဲလို႔ ေမးတဲ့အခါ လူေတြက စကားမေျပာခ်င္တာလိုလိုနဲ႕ မ်က္ႏွာကို လႊဲခဲ့ေၾကာင္း၊ ဒါကို Rozel က ေဒါသျဖစ္ေနေပမယ့္ သူမရဲ႕ လူမႈကြန္ယက္သူငယ္ခ်င္းေတြက ပါေမာကၡအတြက္ စကားမ်ားရန္ျဖစ္ဖို႔ မေတာ္ေၾကာင္း၊ လူဆိုတာ ဒီလိုပဲ ျပင္ပအသြင္အျပင္ကိုၾကည့္ၿပီး အေပၚယံဆုံးျဖတ္တတ္ၾကေၾကာင္း သတိေပးခဲ့ၾကရတယ္လို႔ သိရပါတယ္။

Crd

Unicode

အိမ်ယာမဲ့လို့ အထင်ခံရပြီး ဘတ်စ်ကားပေါ်မတက်ဖို့ တားမြစ်ခံခဲ့ရတဲ့ ရူပဗေဒပါမောက္ခ

ဖိလစ်ပိုင်နိုင်ငံ Polytechnic University of the Philippines (PUP) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရူပဗေဒပါမောက္ခတစ်ဦးကတော့ သူ့ရဲ့ အဝတ်အစားခပ်စုတ်စုတ်၊ ရှည်လျှားလှတဲ့ မုတ်ဆိတ်မွေးဖြူဖြူ၊ ဆံပင်ဖြူဖြူတွေကြောင့် Jeepney ဆရာက သူ့ကို အိမ်ယာမဲ့နဲ့မှားပြီး ကားပေါ်ကို တက်ခွင့်မပြုခဲ့ပါဘူး။

Jeepney ဆိုတာ ဖိလစ်ပိုင်တစ်ခွင်မှာ အသုံးများနေတဲ့ ဂျစ်ကားနဲ့ဝန်ဆောင်မှုပေးတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်တစ်ခု ဖြစ်ပါတယ်။ ရူပါဗေဒပါမောက္ခဟာ ကားစီးမယ်လုပ်တော့ ဘက်စ်ကားဆရာတွေက သူ့ကို ကားပေါ်တက်ခွင့် မပေးပါဘူး။ ဒါကို သူနဲ့အတူပါလာတဲ့ လုပ်ဖော်ကိုင်ဘက်ဆရာတစ်ဦးက မျက်မြင်သက်သေအဖြစ် ရှိနေခဲ့ပါတယ်။

အဆိုပါ ပါမောက္ခအမည်မှာ Ruben Madridejos ဖြစ်ပြီး သူ့ကို Madri လို့လည်း ခေါ်ကြပါတယ်။ သူဟာ Polytechnic University of the Philippines (PUP) တက္ကသိုလ်၊ College of Science မှာတည်ရှိတဲ့ ရူပဗေဒသိပ္ပံပညာဌာနမှာ ပါမောက္ခရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူပါ။

ပါမောက္ခ Madri ဟာ ဂျာမနီနိုင်ငံမှ ရူပဗေဒမဟာဘွဲ့ကို ရယူခဲ့ပြီးနောက် ဖိလစ်ပိုင်မှာ ပါမောက္ခရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူဟာ အထက်တန်း၊ ကောလိပ်စသည်တို့မှာ ပညာရေးဘက် အလွန်ထူးချွန်ခဲ့တာကြောင့် (၁၉၈၁)ခုနှစ်မှာ ဂျာမနီနိုင်ငံကို ပညာတော်သင်ဆု စေလွှတ်ခံခဲ့ရပြီး Master of Science in Geophysics ဘွဲ့ကို ထူးချွန်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျာမန်နဲ့အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သူပါ။

အခုတော့ ပါမောက္ခ Madri ဟာ သူရဲ့ ဖိုသီဖက်သီနေတဲ့ပုံစံ၊ ဖြူစွတ်နေတဲ့ မုတ်ဆိတ်ကျင်စွယ်တွေကြောင့် Jeepney ဆရာတွေက သူ့ကို ပါမောက္ခပါလို့ပြောလည်း ယုံမှာမဟုတ်ကြပါဘူး။ ဒါကြောင့် အိမ်ယာမဲ့လို့ ထင်ပြီး သူ့ကို ကားပေါ်ပေးတက်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ Madri နဲ့အတူ လုပ်ဖော်ကိုင်ဘက်ဆရာမတစ်ဦးဖြစ်တဲ့ Rozel Billones လည်း ရှိနေခဲ့ပါတယ်။

သူမရဲ့အပြောအရ Madri ကိုကြည့်ပြီး ဘက်စ်ကားဒရိုင်ဘာတွေ အားလုံးက နေရာလွတ်မရှိတော့ဘူးလို့ ပြောဆိုကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ခြားခရီးသည်တွေကိုတော့ ဘာမှမပြောဘဲ ကားပေါ်ကိုတက်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး Rozel က နေရာပေးဖို့လှမ်းခေါ်မှ ပါမောက္ခ Madri ခမျာ ဘက်စ်ကားပေါ်တက်ခွင့်ရခဲ့ပါတယ်။

ဒါတောင် ခရီးသည်တစ်ဦးက နေရာပေးဖို့ ငြင်းဆန်နေလို့ Madri က သူလည်း ဒီနိုင်ငံသားတစ်ယောက်ဖြစ်ကြောင်း၊ ဘာဖြစ်လို့ နေရာမပေးချင်ကြတာလဲလို့ မေးတဲ့အခါ လူတွေက စကားမပြောချင်တာလိုလိုနဲ့ မျက်နှာကို လွှဲခဲ့ကြောင်း၊ ဒါကို Rozel က ဒေါသဖြစ်နေပေမယ့် သူမရဲ့ လူမှုကွန်ယက်သူငယ်ချင်းတွေက ပါမောက္ခအတွက် စကားများရန်ဖြစ်ဖို့ မတော်ကြောင်း၊ လူဆိုတာ ဒီလိုပဲ ပြင်ပအသွင်အပြင်ကိုကြည့်ပြီး အပေါ်ယံဆုံးဖြတ်တတ်ကြကြောင်း သတိပေးခဲ့ကြရတယ်လို့ သိရပါတယ်။

Crd

About the author

admm