Life style

အေမရိကန္ေတာနက္ထဲမွာ မွိုရွာသူမ်ားမွ ေခါင္းႏွစ္လုံးနဲ႕ သမင္ကိုေတြ႕ရွိခဲ့

Written by admm

အေမရိကန္ေတာနက္ထဲမွာ မွိုရွာသူမ်ားမွ ေခါင္းႏွစ္လုံးနဲ႕ သမင္ကိုေတြ႕ရွိခဲ့

 

 

သမင္ေတြရဲ႕ ေမြးဖြားမႈသမိုင္းမွာေတာ့ ပထမဆုံးအျဖစ္ မွတ္တမ္းဝင္ဖြယ္ရာရွိေနတဲ့ ကမၻာ့ပထမဆုံး ေခါင္းႏွစ္လုံးသမင္ေလးကို (၂၀၁၆)ခုႏွစ္ ေမလက ေတာနက္ႀကီးတစ္ခုတည္းမွာ မွိုရွာသူေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဆိုပါ ေတာနက္ႀကီးဟာ Freeburg, Minnesota အနီးမွာ တည္ရွိပါတယ္။ ေတြ႕ရွိခ်ိန္မွာ သမင္ေလးေတြမွာ အသက္မရွိေတာ့ပါဘူူး။

ေခါင္းႏွလုံးသမင္ေလးကို ရွာေဖြေတြ႕ရွိခဲ့တဲ့ မွိုရွာသမားေတြရဲ႕ နာမည္ကို သတင္းမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။ ဒီေတြ႕ရွိမႈဟာ သိပၸံပညာရွင္ေတြ အတြက္ေတာ့ အဖိုးမျဖတ္နိုင္တဲ့ ေလ့လာစရာတစ္ခုလို႔ ဆိုပါတယ္။ University of Georgia မွ သုေနသနပညာရွင္တစ္ဦးျဖစ္တဲ့ Gino DAngelo က အလြန္ကို ရွားပါးလွတဲ့ ေတြ႕ရွိမႈပါ လို႔ ဆိုပါတယ္။

 

 

Gino က ဘယ္ေလာက္ရွားပါးတယ္ဆိုတာကို တြက္ခ်က္ျပလို႔ေတာင္ ရမွာ မဟုတ္ပါဘူး အေမရိကန္မွာ ႏွစ္စဥ္ ဆယ္သန္းေသာ သမင္ေတြဟာ ထုံးစံအတိုင္း ပုံမွန္အေနအထားနဲ႕ ေမြးဖြားခဲ့ၾကသူေတြပါ ဒါေပမယ့္ သမင္ေလာကမွာလည္း ကြၽန္ေတာ္တို႔ ထင္မွတ္မထားတဲ့ အျဖစ္အပ်က္မ်ိဳးေတြ ရွိေနပါေသးတယ္ လို႔ ဆိုပါတယ္။

ေခါင္းႏွစ္လုံးသမင္ေလးဟာ သမင္တစ္ေကာင္တည္း တစ္သီးတစ္ျခားမဟုတ္ဘဲ၊ သမင္အမႏွစ္ေကာင္ ေပါင္းစပ္ၿပီး ျဖစ္ေပၚေနတာပါ။ ေခါင္းႏွစ္လုံး၊ ခႏၶာကိုယ္တစ္ခုဆိုေပမယ့္ လည္ပင္းႏွစ္ဘက္နဲ႕ သီးျခားဦးေခါင္းတစ္လုံးစီ ျဖစ္ပါတယ္။ ဒီသမင္ေလးကို သိပၸံပညာရွင္ေတြက CT Scan ရိုက္ျခင္း၊ MRI စစ္ေဆးျခင္းေတြ ျပဳလုပ္ခဲ့ပါတယ္။

 

 

 

စစ္ေဆးမႈအရ ထပ္မံေတြ႕ရွိခ်က္မွာ အစာအိမ္၊ အူမႀကီးလည္း သီးျခားတစ္စုံစီ ပါဝင္ေပမယ့္၊ တစ္ခုေသာ အစုံကသာ မစင္စြန႔္တဲ့ စအိုနဲ႕ ဆက္စပ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ထိုကဲ့သို႔ပင္ ကိုယ္လုံးတစ္ခုတည္းမွာ ႏွလုံးႏွစ္ခု၊ သရက္႐ြက္အပိုတစ္ခု၊ ပုံမွန္မဟုတ္တဲ့ အသည္းပုံစံတစ္ခုတို႔ ပါဝင္ေနျခင္းက ထူးျခားပါတယ္။

သို႔ေသာ္လည္း အခု ကိုယ္ခ်င္းဆက္သမင္ ေတြ႕ရွိမႈမွာ တိရစ္ဆာန္ေလာကမွာေတာ့ ပထမဆုံးမဟုတ္ေသးပါဘူး။ (၁၆၇၁)နဲ႕ (၂၀၀၆)အတြင္းမွာ သိပၸံပညာရွင္ေတြမွတ္တမ္းတင္ထားခဲ့တဲ့ ကိုယ္ခ်င္းဆက္တိရစ္ဆာန္ (၁၉)စုံအထိ ရွိခဲ့ပါတယ္။ ဒီအထဲမွာ သမင္က (၅)စုံပါဝင္ပါတယ္။ သို႔ေသာ္လည္း ဦးေခါင္းႏွစ္လုံးနဲ႕ သမင္ကေတာ့ အခုေတြ႕ရွိမႈက ပထမဆုံးအျဖစ္ မွတ္တမ္းတင္နိုင္ဖြယ္ရာ ရွိေနပါတယ္။

Crd

Unicode

အမေရိကန်တောနက်ထဲမှာ မှိုရှာသူများမှ ခေါင်းနှစ်လုံးနဲ့ သမင်ကိုတွေ့ရှိခဲ့

သမင်တွေရဲ့ မွေးဖွားမှုသမိုင်းမှာတော့ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ဖွယ်ရာရှိနေတဲ့ ကမ္ဘာ့ပထမဆုံး ခေါင်းနှစ်လုံးသမင်လေးကို (၂၀၁၆)ခုနှစ် မေလက တောနက်ကြီးတစ်ခုတည်းမှာ မှိုရှာသူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ တောနက်ကြီးဟာ Freeburg, Minnesota အနီးမှာ တည်ရှိပါတယ်။ တွေ့ရှိချိန်မှာ သမင်လေးတွေမှာ အသက်မရှိတော့ပါဘူူး။

ခေါင်းနှလုံးသမင်လေးကို ရှာဖွေတွေ့ရှိခဲ့တဲ့ မှိုရှာသမားတွေရဲ့ နာမည်ကို သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီတွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ လေ့လာစရာတစ်ခုလို့ ဆိုပါတယ်။ University of Georgia မှ သုနေသနပညာရှင်တစ်ဦးဖြစ်တဲ့ Gino DAngelo က အလွန်ကို ရှားပါးလှတဲ့ တွေ့ရှိမှုပါ လို့ ဆိုပါတယ်။

Gino က ဘယ်လောက်ရှားပါးတယ်ဆိုတာကို တွက်ချက်ပြလို့တောင် ရမှာ မဟုတ်ပါဘူး အမေရိကန်မှာ နှစ်စဉ် ဆယ်သန်းသော သမင်တွေဟာ ထုံးစံအတိုင်း ပုံမှန်အနေအထားနဲ့ မွေးဖွားခဲ့ကြသူတွေပါ ဒါပေမယ့် သမင်လောကမှာလည်း ကျွန်တော်တို့ ထင်မှတ်မထားတဲ့ အဖြစ်အပျက်မျိုးတွေ ရှိနေပါသေးတယ် လို့ ဆိုပါတယ်။

ခေါင်းနှစ်လုံးသမင်လေးဟာ သမင်တစ်ကောင်တည်း တစ်သီးတစ်ခြားမဟုတ်ဘဲ၊ သမင်အမနှစ်ကောင် ပေါင်းစပ်ပြီး ဖြစ်ပေါ်နေတာပါ။ ခေါင်းနှစ်လုံး၊ ခန္ဓာကိုယ်တစ်ခုဆိုပေမယ့် လည်ပင်းနှစ်ဘက်နဲ့ သီးခြားဦးခေါင်းတစ်လုံးစီ ဖြစ်ပါတယ်။ ဒီသမင်လေးကို သိပ္ပံပညာရှင်တွေက CT Scan ရိုက်ခြင်း၊ MRI စစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ဆေးမှုအရ ထပ်မံတွေ့ရှိချက်မှာ အစာအိမ်၊ အူမကြီးလည်း သီးခြားတစ်စုံစီ ပါဝင်ပေမယ့်၊ တစ်ခုသော အစုံကသာ မစင်စွန့်တဲ့ စအိုနဲ့ ဆက်စပ်နေတာကို တွေ့ခဲ့ရပါတယ်။ ထိုကဲ့သို့ပင် ကိုယ်လုံးတစ်ခုတည်းမှာ နှလုံးနှစ်ခု၊ သရက်ရွက်အပိုတစ်ခု၊ ပုံမှန်မဟုတ်တဲ့ အသည်းပုံစံတစ်ခုတို့ ပါဝင်နေခြင်းက ထူးခြားပါတယ်။

သို့သော်လည်း အခု ကိုယ်ချင်းဆက်သမင် တွေ့ရှိမှုမှာ တိရစ္ဆာန်လောကမှာတော့ ပထမဆုံးမဟုတ်သေးပါဘူး။ (၁၆၇၁)နဲ့ (၂၀၀၆)အတွင်းမှာ သိပ္ပံပညာရှင်တွေမှတ်တမ်းတင်ထားခဲ့တဲ့ ကိုယ်ချင်းဆက်တိရစ္ဆာန် (၁၉)စုံအထိ ရှိခဲ့ပါတယ်။ ဒီအထဲမှာ သမင်က (၅)စုံပါဝင်ပါတယ်။ သို့သော်လည်း ဦးခေါင်းနှစ်လုံးနဲ့ သမင်ကတော့ အခုတွေ့ရှိမှုက ပထမဆုံးအဖြစ် မှတ်တမ်းတင်နိုင်ဖွယ်ရာ ရှိနေပါတယ်။

Crd

About the author

admm