Life style

လိပ္သားေပါက္(၈၀၀)ေက်ာ္ကို ေမြးေပးၿပီး ရွားပါးလိပ္မ်ိဳးစိတ္ကို ထိန္းသိမ္းေပးခဲ့တဲ့ လိပ္ႀကီး

Written by admm

လိပ္သားေပါက္(၈၀၀)ေက်ာ္ကို ေမြးေပးၿပီး ရွားပါးလိပ္မ်ိဳးစိတ္ကို ထိန္းသိမ္းေပးခဲ့တဲ့ လိပ္ႀကီး

 

 

လိပ္အႀကီးစားမ်ိဳးႏြယ္ဝင္တစ္ဦးျဖစ္တဲ့ Diego လို႔ အမည္ရွိတဲ့ လိပ္ႀကီးဟာ အခုဆိုရင္ သားသမီးေပါင္း (၈၀၀) ရွိေနၿပီျဖစ္ၿပီး သူ႕ရဲ႕မ်ိဳးစိတ္ဟာ ရွားပါးမ်ိဳးႏြယ္ဝင္ျဖစ္တာေၾကာင့္ ေသခ်ာထိန္းသိမ္းေစာင့္ေရွာက္ဖို႔လိုအပ္ေၾကာင္း LAD BIBLE သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

Diego ဆိုတဲ့ လိပ္ႀကီးဟာ ၁၉၆၀ခုႏွစ္ကတည္းက California အေနာက္ေတာင္ဘက္ရွိ Santa Cruz ကြၽန္းစုမွာ သားေဖာက္ေမြးျမဴေရးလုပ္ဖို႔ ေခၚလာတဲ့ လိပ္ေတြထဲက တစ္ေကာင္အပါအဝင္ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက အဆိုပါလိပ္ေတြထဲမွာ Diegoe နဲ႕ မ်ိဳးစိတ္တူတာ အထီးႏွစ္ေကာင္နဲ႕ အမ (၁၂)ေကာင္ပဲ ရွိခဲ့တာပါ။

 

 

အခုႏွစ္ေပါင္း (၅၀၀)ေက်ာ္လာၿပီးေနာက္ပိုင္းမွာ လိပ္ႀကီးမ်ိဳးႏြယ္စုဝင္ လိပ္သားေပါက္ေပါင္း (၂,၀၀၀)ေက်ာ္ ေမြးျမဴနိုင္ခဲ့ၿပီး Diego ကေတာ့ အဆိုပါလိပ္သားေပါက္ (၂,၀၀၀)ေက်ာ္ထဲကမွ လိပ္သားေပါက္ (၈၀၀)ေက်ာ္ရဲ႕ ဖခင္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆိုပါ လိပ္ႀကီးမ်ိဳးႏြယ္စုဝင္ လိပ္သားေပါက္ေတြကိုေတာ့ အခုလက္ရွိမွာ Ecuador ရဲ႕ ပတ္ဝန္းက်င္ထိန္းသိမ္းမႈဆိုင္ရာ ဝန္ႀကီးဌာနက တာဝန္ယူၿပီး ဆက္လက္ေစာင့္ေရွာက္သြားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

အခုအေျခအေနက လိပ္ေတြရဲ႕ ေမြးဖြားႏႈန္းက အရမ္းျမင့္မားေနတာ အားရစရာပါ။ ဒါ့ေၾကာင့္ အခုလက္ရွိ လိပ္သားေပါက္ေတြ ပို႔ေပးၿပီးရင္ေတာ့ သားဖြားႏႈန္းကို ေလွ်ာ့ခ်ၿပီး ပုံမွန္အေနအထားကို ျပန္သြားမွာပါလို႔ လိပ္ႀကီးမ်ိဳးႏြယ္ဝင္လိပ္မ်ား ေစာင့္ေရွာက္ေရးအဖြဲ႕(GTRI) မွ ဒါရိုက္တာတစ္ဦးျဖစ္သူ Washington Tapia မွ ေျပာၾကားခဲ့ပါတယ္။

Crd

Unicode

လိပ်သားပေါက်(၈၀၀)ကျော်ကို မွေးပေးပြီး ရှားပါးလိပ်မျိုးစိတ်ကို ထိန်းသိမ်းပေးခဲ့တဲ့ လိပ်ကြီး

 

 

လိပ်အကြီးစားမျိုးနွယ်ဝင်တစ်ဦးဖြစ်တဲ့ Diego လို့ အမည်ရှိတဲ့ လိပ်ကြီးဟာ အခုဆိုရင် သားသမီးပေါင်း (၈၀၀) ရှိနေပြီဖြစ်ပြီး သူ့ရဲ့မျိုးစိတ်ဟာ ရှားပါးမျိုးနွယ်ဝင်ဖြစ်တာကြောင့် သေချာထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း LAD BIBLE သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Diego ဆိုတဲ့ လိပ်ကြီးဟာ ၁၉၆၀ခုနှစ်ကတည်းက California အနောက်တောင်ဘက်ရှိ Santa Cruz ကျွန်းစုမှာ သားဖောက်မွေးမြူရေးလုပ်ဖို့ ခေါ်လာတဲ့ လိပ်တွေထဲက တစ်ကောင်အပါအဝင်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အဆိုပါလိပ်တွေထဲမှာ Diegoe နဲ့ မျိုးစိတ်တူတာ အထီးနှစ်ကောင်နဲ့ အမ (၁၂)ကောင်ပဲ ရှိခဲ့တာပါ။

 

 

အခုနှစ်ပေါင်း (၅၀၀)ကျော်လာပြီးနောက်ပိုင်းမှာ လိပ်ကြီးမျိုးနွယ်စုဝင် လိပ်သားပေါက်ပေါင်း (၂,၀၀၀)ကျော် မွေးမြူနိုင်ခဲ့ပြီး Diego ကတော့ အဆိုပါလိပ်သားပေါက် (၂,၀၀၀)ကျော်ထဲကမှ လိပ်သားပေါက် (၈၀၀)ကျော်ရဲ့ ဖခင်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ လိပ်ကြီးမျိုးနွယ်စုဝင် လိပ်သားပေါက်တွေကိုတော့ အခုလက်ရှိမှာ Ecuador ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ယူပြီး ဆက်လက်စောင့်ရှောက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

အခုအခြေအနေက လိပ်တွေရဲ့ မွေးဖွားနှုန်းက အရမ်းမြင့်မားနေတာ အားရစရာပါ။ ဒါ့ကြောင့် အခုလက်ရှိ လိပ်သားပေါက်တွေ ပို့ပေးပြီးရင်တော့ သားဖွားနှုန်းကို လျှော့ချပြီး ပုံမှန်အနေအထားကို ပြန်သွားမှာပါလို့ လိပ်ကြီးမျိုးနွယ်ဝင်လိပ်များ စောင့်ရှောက်ရေးအဖွဲ့(GTRI) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Washington Tapia မှ ပြောကြားခဲ့ပါတယ်။

Crd

About the author

admm