Crd
Unicode
အားလုံးပြီးဆုံးသွားတဲ့ ခေတ်ကို ရောက်ရင် CDM ဝန်ထမ်းတွေကို သူမပိုင်ဆိုင်တဲ့ သုဒြာ ထုတ်လုပ်ရေးက တဆင့် ကျေးဇူးဆပ်မယ့် အိန္ဒြာ ကျော် ဇင်
အကယ်ဒမီ မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့ အကယ်ဒမီမင်းသား ပြေတီဦးတို့ကတော့ လူတကာ အာရုံစိုက်ခံရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ပေမယ့် အရေးကြီးတဲ့အချိန်မှာ ပြည်သူတွေနဲ့ တစ်သားတည်း အတူတူရှိနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ပြေတီဦးက လက်ရှိမှာတော့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲ ဖ.မ်.းဝ.ရ.မ်.းထုတ်ခံထားရပေမယ့်အိန္ဒြာကျော်ဇင်ကတော့ ပြည်သူတွေနဲ့အတူတူ ဆက်လက်ရပ်တည်ရင်း ပြည်သူတွေနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ အိန္ဒြာကျော်ဇင်က CDM မှာ ပါဝင်ပေးကြတဲ့ ဝန်ထမ်းတွေအတွက် သူမပိုင်ဆိုင်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ကျေးဇူးဆပ်မယ့်အကြောင်းကို ပြောပြလာပါတယ်။ အိန္ဒြာကျော်ဇင်က ဒီအမှောင်တွေလွန်သွားလို့ ရောင်နီသန်းတဲ့
ခေတ်ကို ရောက်တဲ့အခါ ကျွန်မတို့ရဲ့ THUDRA Production မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေရုံတင်ရင် CDM မှာ ပါဝင်ခဲ့တဲ့ဝန်ထမ်းတွေနဲ့ မိသားစုဝင် 1000 (ရုပ်ရှင်လက်မှတ် အစောင်ရေ1000) ကို လက်ဆောင်ပေးပါမယ်။ CDM ပြည်သူ့
ဝန်ထမ်းတွေရဲ့ ကျေးဇူးဟာ အားလုံးအပေါ်မှာ ရှိတဲ့အတွက် တတ်နိုင်သလောက် အသိအမှတ်ပြု ကျေးဇူးဆပ်တဲ့သဘောပါပဲ။ ဆိုပြီး လေးစားစွာ ပြောလာတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်ရင် သူမပိုင်ဆိုင်တဲ့
သုဒြာ ထုတ်လုပ်ရေးကတဆင့် CDM ဝန်ထမ်းတွေကို ကျေးဇူးဆပ်မယ် ဆိုတဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd