NEWS

ရဲလက္ကထြက္ေျပးေနတာ ၁ လေက်ာ္သြားခဲ့လို႔ ဖမ္းဝရန္းေတာင္ထုတ္ခဲ့ရတဲ့ႏြားမေလး

Written by admm

ရဲလက္ကထြက္ေျပးေနတာ ၁ လေက်ာ္သြားခဲ့လို႔ ဖမ္းဝရန္းေတာင္ထုတ္ခဲ့ရတဲ့ႏြားမေလး

 

 

အေမရိကန္နိုင္ငံရွိ ႏြားမေလးတစ္ေကာင္ကေတာ့ ေတာ္ေတာ္ထူးဆန္းတယ္လို႔ ေျပာရပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီႏြားမေလးဟာ ရဲတပ္ဖြဲ႕ဝင္ေတြကိုယ္တိုင္ လိုက္ဖမ္းတာေတာင္ ဖမ္းမမိဘဲ တစ္လေက်ာ္အထိ ထြက္ေျပးေနတာျဖစ္ေၾကာင္း Lad Bible သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

 

 

အေမရိကန္နိုင္ငံ၊ ဖေလာ္ရီဒါျပည္နယ္၊ Pembroke Pines ၿမိဳ႕မွာ လြန္ခဲ့တဲ့ ဇန္နဝါရီလ ၂၀၂၀ ခုႏွစ္ကတည္းက ႏြားမေလးတစ္ေကာက္ကို ကားလမ္းမေတြေပၚမွာ တစ္ေကာင္တည္း ေလွ်ာက္သြားေနတာကို ၿမိဳ႕သူၿမိဳ႕သားမ်ားက သတိထားခဲ့မိပါတယ္။ ဒါေၾကာင့္ သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ၿပီး ႏြားမေလးကို ထိန္းသိမ္းဖို႔ အႀကံေပးခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လမ္းမေတြေပၚမွာ ေလွ်ာက္သြားရင္းမေတာ္တဆ ကားနဲ႕တိုက္မိမွာ စိုးရိမ္လို႔ပဲ ျဖစ္ပါတယ္။ ဒီလိုနဲ႕ ရဲတပ္ဖြဲ႕ဝင္ေတြဟာ အဆိုပါႏြားမေလးကို ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ထူးျခားတာတစ္ခုက အဲဒီႏြားမေလးဟာ အင္မတန္အေျပးေတာ္ၿပီး ရဲေတြဖမ္းဖို႔ လာတာနဲ႕ ၿခံေတြ၊ အတားအဆီးေတြကို ခႏၶာကိုယ္ႀကီးနဲ႕ မလိုက္ေအာင္ လႊားခနဲ လႊားခနဲ ေက်ာ္ၿပီး ထြက္ေျပးတာပဲ ျဖစ္ပါတယ္။

 

 

ေနာက္ဆုံးေတာ့ Pembroke Pines ရဲတပ္ဖြဲ႕ကေနၿပီးေတာ့ သူတို႔ ရဲဌာနရဲ႕ facebook ေပ့ခ်္မွာ ေၾကညာခ်က္တစ္ခုထုတ္ျပန္ခဲ့ရပါေတာ့တယ္။ အဲဒီေၾကညာခ်က္ကေတာ့ ေခါင္းေလးပဲ ျဖဴေနၿပီး တစ္ကိုယ္လုံး အညိုေရာင္ရွိတဲ့ ႏြားမေလးကိုေတြ႕ရင္ ရဲေတြကို အေၾကာင္းၾကားေပးဖို႔ပဲ ျဖစ္ပါတယ္။ အဲဒီေၾကညာခ်က္ထဲမွာေတာ့ အဲဒီႏြားမေလးဟာ အႏၱရာယ္မရွိေၾကာင္း၊ လမ္းမေတြေပၚမွာ မၾကာခဏေလွ်ာက္သြားတတ္တာေၾကာင့္ ကားကိုဂ႐ုတစိုက္ေမာင္းသင့္ေၾကာင္း သတိေပးခဲ့ပါတယ္။ အဲဒီႏြားမေလးက ေတာ္ေတာ္ထူးဆန္းတယ္။ ရဲကားေတြ႕တာနဲ႕ တစ္ခ်ိဳးတည္းေျပးတာပဲ။ သူ႕ကို ေတာ္႐ုံလိုက္မမွီဘူး။ ကြၽန္ေတာ္တို႔ ကားနဲ႕ လိုက္တာေတာင္ မ်က္ျခည္ျပတ္က်န္ခဲ့တယ္ လို႔ ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

Crd

Unicode

ရဲလက်ကထွက်ပြေးနေတာ ၁ လကျော်သွားခဲ့လို့ ဖမ်းဝရန်းတောင်ထုတ်ခဲ့ရတဲ့နွားမလေး

အမေရိကန်နိုင်ငံရှိ နွားမလေးတစ်ကောင်ကတော့ တော်တော်ထူးဆန်းတယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနွားမလေးဟာ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် လိုက်ဖမ်းတာတောင် ဖမ်းမမိဘဲ တစ်လကျော်အထိ ထွက်ပြေးနေတာဖြစ်ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ Pembroke Pines မြို့မှာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၂၀၂၀ ခုနှစ်ကတည်းက နွားမလေးတစ်ကောက်ကို ကားလမ်းမတွေပေါ်မှာ တစ်ကောင်တည်း လျှောက်သွားနေတာကို မြို့သူမြို့သားများက သတိထားခဲ့မိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီး နွားမလေးကို ထိန်းသိမ်းဖို့ အကြံပေးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းမတွေပေါ်မှာ လျှောက်သွားရင်းမတော်တဆ ကားနဲ့တိုက်မိမှာ စိုးရိမ်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါနွားမလေးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတာတစ်ခုက အဲဒီနွားမလေးဟာ အင်မတန်အပြေးတော်ပြီး ရဲတွေဖမ်းဖို့ လာတာနဲ့ ခြံတွေ၊ အတားအဆီးတွေကို ခန္ဓာကိုယ်ကြီးနဲ့ မလိုက်အောင် လွှားခနဲ လွှားခနဲ ကျော်ပြီး ထွက်ပြေးတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတော့ Pembroke Pines ရဲတပ်ဖွဲ့ကနေပြီးတော့ သူတို့ ရဲဌာနရဲ့ facebook ပေ့ချ်မှာ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ရပါတော့တယ်။ အဲဒီကြေညာချက်ကတော့ ခေါင်းလေးပဲ ဖြူနေပြီး တစ်ကိုယ်လုံး အညိုရောင်ရှိတဲ့ နွားမလေးကိုတွေ့ရင် ရဲတွေကို အကြောင်းကြားပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒီကြေညာချက်ထဲမှာတော့ အဲဒီနွားမလေးဟာ အန္တရာယ်မရှိကြောင်း၊ လမ်းမတွေပေါ်မှာ မကြာခဏလျှောက်သွားတတ်တာကြောင့် ကားကိုဂရုတစိုက်မောင်းသင့်ကြောင်း သတိပေးခဲ့ပါတယ်။ အဲဒီနွားမလေးက တော်တော်ထူးဆန်းတယ်။ ရဲကားတွေ့တာနဲ့ တစ်ချိုးတည်းပြေးတာပဲ။ သူ့ကို တော်ရုံလိုက်မမှီဘူး။ ကျွန်တော်တို့ ကားနဲ့ လိုက်တာတောင် မျက်ခြည်ပြတ်ကျန်ခဲ့တယ် လို့ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

Crd

About the author

admm