ထမင္းေပါင္းအိုးကိုခ်စ္မိၿပီး လက္ထပ္ခဲ့တဲ့သူ ေလးရက္အၾကာမွာကြာရွင္း

ထမင္းေပါင္းအိုးကိုခ်စ္မိၿပီး လက္ထပ္ခဲ့တဲ့သူ ေလးရက္အၾကာမွာကြာရွင္း

 

 

အင္ဒိုနီးရွားနိုင္ငံသားတစ္ေယာက္ဟာ ထမင္းေပါင္းအိုးတစ္လုံးကို ဝယ္ယူၿပီးေနာက္ ခ်စ္ခင္ခဲ့တာေၾကာင့္ လက္ထပ္ေပါင္းသင္းဖို႔ ဆုံးျဖတ္ခဲ့ပါသတဲ့။ အဆိုပါအမ်ိဳးသားဟာ တရားဝင္စာခ်ဳပ္စာတမ္းအျပင္ အသိသက္ေသေတြရဲ႕ ေရွ႕ေမွာက္မွာပဲ လက္ထပ္ခဲ့တာပါ။

 

 

ဒါေပမယ့္ (၄)ရက္အၾကာမွာပဲ ခ်စ္စခင္စဇနီး ထမင္းေပါင္းအိုးႀကီးကို ၿငီးေငြ႕ၿပီး ကြာရွင္းလိုက္ျပန္တယ္လို႔ ဆိုပါတယ္။ ဒီအမ်ိဳးသားအမည္ကေတာ့ Khairol Anam လို႔ သိရပါတယ္။ သူဟာ စက္တင္ဘာ(၂၀)ရက္ေန႕က သူရဲ႕ ထမင္းေပါင္းအိုးကို သတို႔သမီးေခါင္းၿမီးၿခဳံ ၿခဳံေပးၿပီး လက္ထပ္ပြဲ ဆင္ႏႊဲခဲ့ပါတယ္။

 

သူ႕ရဲ႕ Facebook မွာလည္း ပုံေတြ ေဝေဝဆာဆာ တင္ခဲ့ပါတယ္။ သူကိုယ္တိုင္ကလည္း အျဖဴေရာင္သတို႔သားအကၤ်ီနဲ႕ ခန႔္ခန႔္ညားညား ျဖစ္ေနခဲ့ၿပီး၊ ပုံတစ္ပုံမွာေတာ့ ထမင္းေပါင္းအိုးကို ျမတ္ျမတ္နိုးနိုး နမ္းေနခဲ့တဲ့ပုံကို ျမင္ေတြ႕ရမွာပါ။ သူဟာ အဲဒီဓာတ္ပုံေတြနဲ႕အတူ-

 

 

ျဖဴေဖြးတယ္၊ ေအးေဆးတိတ္ဆိတ္တယ္ ေနာက္ၿပီး ၿပီးျပည့္စုံတယ္ တျခားမိန္းေတြလို စကားမမ်ားဘူး ခ်က္ျပဳတ္ရမွာ ေတာ္တယ္ ဒါဟာ အိပ္မက္ေတြ တကယ္ျဖစ္လာခဲ့တာပါ .. မင္းမရွိဘူးဆိုရင္ ငါ့ရဲ႕ထမင္းလည္း က်က္မွာ မဟုတ္ဘူး လို႔ လူမႈကြန္ရက္ေပၚမွာ ေရးၿပီး တင္ခဲ့တာပါ။ ဒါေပမယ့္ သူတို႔ အိမ္ေထာင္ေရးဟာ ၾကာရွည္ မတည္ၿမဲပါဘူး။

 

 

စက္တင္ဘာ (၂၄)မွာေတာ့ သူတို႔တစ္ေတြ ကြာရွင္းလိုက္ၿပီလို႔ ဆိုပါတယ္။ သူရဲ႕အေၾကာင္းျပခ်က္ကေတာ့ သူမက ထမင္းခ်က္တဲ့ေနရာမွာ ေတာ္ပါတယ္ ဒါေပမယ့္ တျခားဟင္းေတြေတာ့ မခ်က္တတ္ရွာဘူး ဒါေၾကာင့္ ကြာရွင္းလိုက္တာ လို႔ အေၾကာင္းျပပါသတဲ့။ သူရဲ႕လုပ္ရပ္ဟာ အေပ်ာ္သေဘာမ်ိဳး ျဖစ္နိုင္တယ္လို႔ သုံးသပ္သူေတြ ရွိေနသလို၊ တခ်ိဳကကလည္း သူ႕ကို အတည္ေပါက္နဲ႕ ေနာက္တဲ့လူလို႔ ထင္ေနၾကပါတယ္။

Crd

Unicode

ထမင်းပေါင်းအိုးကိုချစ်မိပြီး လက်ထပ်ခဲ့တဲ့သူ လေးရက်အကြာမှာကွာရှင်း

အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက်ဟာ ထမင်းပေါင်းအိုးတစ်လုံးကို ဝယ်ယူပြီးနောက် ချစ်ခင်ခဲ့တာကြောင့် လက်ထပ်ပေါင်းသင်းဖို့ ဆုံးဖြတ်ခဲ့ပါသတဲ့။ အဆိုပါအမျိုးသားဟာ တရားဝင်စာချုပ်စာတမ်းအပြင် အသိသက်သေတွေရဲ့ ရှေ့မှောက်မှာပဲ လက်ထပ်ခဲ့တာပါ။

ဒါပေမယ့် (၄)ရက်အကြာမှာပဲ ချစ်စခင်စဇနီး ထမင်းပေါင်းအိုးကြီးကို ငြီးငွေ့ပြီး ကွာရှင်းလိုက်ပြန်တယ်လို့ ဆိုပါတယ်။ ဒီအမျိုးသားအမည်ကတော့ Khairol Anam လို့ သိရပါတယ်။ သူဟာ စက်တင်ဘာ(၂၀)ရက်နေ့က သူရဲ့ ထမင်းပေါင်းအိုးကို သတို့သမီးခေါင်းမြီးခြုံ ခြုံပေးပြီး လက်ထပ်ပွဲ ဆင်နွှဲခဲ့ပါတယ်။

သူ့ရဲ့ Facebook မှာလည်း ပုံတွေ ဝေဝေဆာဆာ တင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း အဖြူရောင်သတို့သားအင်္ကျီနဲ့ ခန့်ခန့်ညားညား ဖြစ်နေခဲ့ပြီး၊ ပုံတစ်ပုံမှာတော့ ထမင်းပေါင်းအိုးကို မြတ်မြတ်နိုးနိုး နမ်းနေခဲ့တဲ့ပုံကို မြင်တွေ့ရမှာပါ။ သူဟာ အဲဒီဓာတ်ပုံတွေနဲ့အတူ-

ဖြူဖွေးတယ်၊ အေးဆေးတိတ်ဆိတ်တယ် နောက်ပြီး ပြီးပြည့်စုံတယ် တခြားမိန်းတွေလို စကားမများဘူး ချက်ပြုတ်ရမှာ တော်တယ် ဒါဟာ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ .. မင်းမရှိဘူးဆိုရင် ငါ့ရဲ့ထမင်းလည်း ကျက်မှာ မဟုတ်ဘူး လို့ လူမှုကွန်ရက်ပေါ်မှာ ရေးပြီး တင်ခဲ့တာပါ။ ဒါပေမယ့် သူတို့ အိမ်ထောင်ရေးဟာ ကြာရှည် မတည်မြဲပါဘူး။

စက်တင်ဘာ (၂၄)မှာတော့ သူတို့တစ်တွေ ကွာရှင်းလိုက်ပြီလို့ ဆိုပါတယ်။ သူရဲ့အကြောင်းပြချက်ကတော့ သူမက ထမင်းချက်တဲ့နေရာမှာ တော်ပါတယ် ဒါပေမယ့် တခြားဟင်းတွေတော့ မချက်တတ်ရှာဘူး ဒါကြောင့် ကွာရှင်းလိုက်တာ လို့ အကြောင်းပြပါသတဲ့။ သူရဲ့လုပ်ရပ်ဟာ အပျော်သဘောမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေသလို၊ တချိုကကလည်း သူ့ကို အတည်ပေါက်နဲ့ နောက်တဲ့လူလို့ ထင်နေကြပါတယ်။

Crd