NEWS


Written by admm


 

 


 

 


 

 


Crd

Unicode

လူ့ဘ၀မှာ ဖြစ်တောင့်ဖြစ်ခဲ ဦးနှောက်မပါပဲ မွေးဖွားလာခဲ့တဲ့ သနားစရာ ကလေးငယ်လေး တစ်ယောက် အကြောင်း

 

 

ပရိသတ်ကြီးအတွက် ခုအခါ ဖော်ပြပေးချင်တာကတော့ မွေးကတည်းက ဦးနှောက်မပါလာတဲ့ ထူးဆန်းတဲ့ ကလေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီကလေးလေးရဲ့ နာမည်ကတော့ Noah ဖြစ်ပြီး မွေးကတည်းက Hydrocephalus လို့ခေါ်တဲ့ ရောဂါကြောင့် ဦးနှောက်လုံး၀ ပါမလာပါဘူး။ ဒါပေမယ့်လည်း သူ့ကို မွေးပေးတဲ့ ဆရာဝန်တွေက ကြိုးစားပမ်းစား မွေးထုတ်ပေးခဲ့တာကြောင့် Noah လေးဟာ လူ့လောကထဲကို ကံကောင်းစွာပဲ ရောက်ရှိလာခဲ့ပါတယ်။

 

 

ဦးနှောက်မပါပဲ မွေးဖွားလာတဲ့ အတွက်ကြောင့် Noah လေးဟာ သူ့ခန္ဒာကိုယ်ကိုတောင် တည့်မတ်စွာ မရပ်နိုင်တဲ့အပြင် လမ်းလည်း မလျှောက်နိုင်ပါဘူး။ Noah လေးရဲ့ အမေကတော့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက အန္တရာယ်ရှိနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပေမယ်လည်း Noah လေးကို ခက်ခက်ခဲခဲ မွေးထုတ်ဖို့ ရွှေးချယ်ခဲ့ပါတယ်။ အခုအခါမှာတော့ Noah လေးဟာ သူ့အမေရဲ့ စိတ်ရှည်လက်ရှည်ပြုစု ပျိုးထောင်ပေးမှုတွေကြောင့် သူ့ရဲ့နာမည် အသံထွက်ကိုလည်း ခေါ်တတ်နေပါပြီ။

 

 

သူ့အမေရဲ့ လက်ကလေးကိုကိုင်ပြီး သူ့နာမည်ကိုလည်း ချရးနေတတ်နေပြီပဲ ဖြစ်ပါတယ်။ ဘဝပေးကံမကောင်းလို့ အခုဘဝမှာ ဒီလို သနားစရာ အဖြစ်မျိုးနဲ့ မွေးဖွားလာပေမယ့်လည်း Noah လေးကို သူ့ရဲ့ မိဘတွေက အချစ်တွေမလျော့တဲ့အပြင် ပိုပြီးတိုးလို့တောင် ချစ်လာနေပါသေးတယ်။ အခုအခါမှာတော့ Noah လေးဟာ လူချစ်လူခင် များတဲ့ ကလေးလေး အဖြစ် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေပြီး အမြဲတမ်းပြုံးနေတတ်တဲ့ သူ့ပုံစံလေးကလည်း တွေ့တဲ့သူတိုင်းကို မချစ်ပဲ မနေနိုင်အောင် ဖြစ်စေခဲ့ပါတယ်။

Crd

About the author

admm