NEWS

တကယ့်လက်တွေ့ကမ္ဘာကြီးပေါ်က ထူးခြားဆန်းပြားအဖြစ် အသက်ရှင်နေထိုင်ကြတဲ့ တိရစ်ဆာန်များ

Written by admm

တကယ့်လက်တွေ့ကမ္ဘာကြီးပေါ်က ထူးခြားဆန်းပြားအဖြစ် အသက်ရှင်နေထိုင်ကြတဲ့ တိရစ်ဆာန်များ

 

 


 

 


 

 


Crd

Unicode

တကယ့်လက်တွေ့ကမ္ဘာကြီးပေါ်က ထူးခြားဆန်းပြားအဖြစ် အသက်ရှင်နေထိုင်ကြတဲ့ တိရစ္ဆာန်များ

 

 

ပရိသတ်ကြီးလဲ တစ်ခါတစ်ရံမှာ အဲ့လိုမျိုး ပုံမှန်မဟုတ်တဲ့ ထူးခြားဆန်းပြားတဲ့ကောင်တွေ တွေ့ဖူးကြမှာပါ။ သူတို့တွေကဘယ်လိုဖြစ်လာလဲဆိုတာကတော့ သက်ရှိမျိုးစိတ်မွေးဖားတဲ့စနစ်မှာ အနည်းငယ် ဖြစ်လေ့ဖြစ်ထ မရှိတဲ့ အရာတွေပေါ်လာသောကြောင့်ပဲဖြစ်ပါတယ်။ ခုဖော်ပြသွားတဲ့ ကောင်တွေကတော့ တကယ့်ကို ပုံမှန်မဟုတ်ပဲ ထူးခြားတဲ့ ကောင်တွေပဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက တရုတ်တောင်ပိုင်းမှာ ထူးခြားဆန်းပြားစွာ မြွေတစ်ကောင်မှာ ခြေထောက်တစ်ချောင်းပါနေတာကိုတွေ့ရှိခဲ့ရပါတယ်။ UK မှာဆိုရင်တော့ ကလေးတစ်အုပ်စုဟာ ထူးခြားဆန်းပြားစွာ ခေါင်း ၃လုံးဖားကိုတွေ့ရှိခဲ့ကြပါတယ်။

 

 

ခြေထောက်ဟာလဲ ၆ချောင်းတောင်ပါဝင်ခဲ့တာ အဲ့အကောင်မျိုးဟာ ပထမဆုံးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ နှစ်တစ်နှစ်တုန်းကဆိုရင် တရုတ်နိုင်ငံက ပုံမှန်ထက် နှစ်ဆ ခန္ဓာကိုယ်တောင့်တင်းတဲ့ ခွေးကို မွေးနိုင်ခဲ့ပါတယ်။ လေ့လာသုတေသနတွေပြုလုပ်ပြီး ပုံမှာတွေ့တဲ့အတိုင်းပါပဲ တောင့်တင်းနေတဲ့ ခွေးကြီးကို တွေ့ရမှာဖြစ်ပါတယ်။ ခြေလေးချောင်ပါတဲ့ ဘဲလေးကတော့ လူတွေမျိုးဖောက်ထားတဲ့အကောင်တစ်ကောင်ဖြစ်ပါတယ်။ လူတွေရဲ့ နည်းပညာဟာဆိုရင်လဲ တော်ရုံတန်ရုံမဟုတ်တာတွေ့ရှိရမှာပါ။

 

 

Russia မှာဆိုရင်တော့ ထူခြားဆန်းပြားစွာ ပုံမှန်မဟုတ်တဲ့ ဖားတွေကိုဖမ်းမိခဲ့ပါတယ်။ အဲ့ဖားတွေကတော့ ပရိတ်သတ်ကြီးပုံမှာတွေ့တဲ့အတိုင်းပါပဲ သူတို့ရဲ့ခန္ဓာကိုယ့်ကို ဖောက်ထွင်းမြင်နေခဲ့ရပါတယ်။ အရိုးတွေ ခြေထောက်တွေ နဲ့ သူတို့အသက်ရှူနေတဲ့ နှလုံးကိုပါတွေ့ရှိရပါတယ်။ နှာခေါင်းနှစ်ခုပါတဲ့ ခွေးကတော့ Toby လို့ခေါ်ပြီး သူရဲ့ပိုင်ရှင်ကတော့ ဂီတလောကထဲက Todd Ray ပဲဖြစ်ပါတယ်။ ခွေးလေးဟာဆိုရင် သီချင်းသံတွေကြားရင် ပျော်ရွှင်နေတတ်ပြီး နှားခေါင်းနှစ်ခုပါနေတာမို့ သာမန်ထက်ပိုမို အနံခံကောင်းပါတယ်။

Crd

About the author

admm