Crd
Unicode
နေပူထဲတစ်မြို့လုံးရှိ စားသောက်ဆိုင်တွေဆီ ဆိုင်ကယ်စီးရင်း ပတ်ပြီးခေါ်သွားခဲ့သော်လည်း ဘာစားရမလဲမသိသေးတဲ့ ချစ်သူမိန်းကလေးကို စိတ်ကုန်ပြီး
လမ်းခွဲခဲ့သော ကောင်လေး
ချစ်သူစုံတွဲတို့သည် များသောအားဖြင့် တူတူလျှောက်လည်တာမျိုး စားသောက်ဆိုင်မှာ အစားတူတူသွားစားတာမျိုး စသဖြင့် တစ်နေ့တာအချိန်လေး
တွေကို ရိုမက်တစ်ဆန်ဆန် ဖြတ်သန်းကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည်လည်း နှစ်ယောက်သားအပြင်မှာ တွေ့ဖို့ချိန်းဆိုခဲ့ကြပြီး
ချစ်သူမိန်းကလေးမှ လမ်းထိပ်တွင် စောင့်နေခဲ့ပြီး ကောင်လေးမှ ဆိုင်ကယ်လေးစီးကာ သွားကြိုခဲ့သည်။ထို့နောက် ချစ်သူမိန်းကလေးမှ ကောင်
လေးအား တွေ့တွေ့ချင်းမှာပဲ သူမဗိုက်အရမ်းဆာနေပြီဟု ဆိုခဲ့ရာ ကောင်လေးလည်း စိတ်ရှည်ရှည်နှင့် နေပူကြီးထဲတွင် ဆိုင်ကယ်တစ်စီးနှင့်ပတ်ကာ
အရသာရှိမည့် စားသောက်ဆိုင်တွေဆီ ခေါ်သွားခဲ့သည်။သို့သော်လည်း ချစ်သူမိန်းကလေးသည် ဗိုက်ဆာတယ်ပြောပြီး ကောင်လေးခေါ်သွားပြ
သော ဆိုင်တွေထဲမှ အစားအစာကို တစ်ခုမှမကြိုက်ပဲ ဆက်တိုက်ငြင်းဆန်နေခဲ့ပြီး ဘာစားချင်လို့ စားချင်နေမှန်းမသိတော့ကြောင်းဆိုခဲ့သည်။ကောင်
လေးလည်း စိတ်မရှည်တော့ပဲ စိတ်တိုတိုနှင့် ကိုယ့်ဘာသာကို စားချင်သာဝယ်စားတော့ဆိုပြီး ဆိုင်ကယ်ပေါ်က ဆင်းခိုင်းကာ တစ်ယောက်တည်း
အိမ်ပြန်လာခဲ့ပြီး စိတ်ပျက်ခြင်းတွေနှင့်အတူ နောက်ဆုံး လမ်းခွဲစကားဆိုခဲ့သည်။
Crd