Amazing

ပင္လယ္ၾကမ္းျပင္ေအာက္မွာ ယေန႕တိုင္ နစ္ျမဳပ္ေနတဲ့ ထူးထူးဆန္းဆန္း ယာဥ္ပ်ံ

Written by admm

ပင္လယ္ၾကမ္းျပင္ေအာက္မွာ ယေန႕တိုင္ နစ္ျမဳပ္ေနတဲ့ ထူးထူးဆန္းဆန္း ယာဥ္ပ်ံ

 

 

၂၀၁၁ ခုႏွစ္က ေဘာလ္တစ္ပင္လယ္ ေအာက္ေျခမွ ေက်ာက္ျဖစ္႐ုပ္ႂကြင္း တစ္ခုကို ရွာေဖြ ေတြ႕ရွိခဲ့ၾကပါတယ္ ။ ထို ႐ုပ္ႂကြင္းအား ပညာရွင္မ်ားက ကမၻာေျမျပင္ကို ဝင္ေရာက္ တိုက္မိေသာ ယူအက္ဖ္အို တစ္ခုမွ ျပင္ပၿဂိဳလ္သား တစ္ေယာက္ ျဖစ္နိုင္တယ္လို႔ ဆိုထားပါတယ္။ တခ်ိဳ႕ ပညာရွင္ေတြကလည္း သဘာ၀ ပထဝီဆိုင္ရာ ဖြဲ႕စည္းမႈေၾကာင့္ ျဖစ္လာေသာ အရာတစ္ခုလည္း ျဖစ္နိုင္ေၾကာင္း ေျပာဆိုမႈမ်ား ရွိခဲ့သည္။

 

 

ေဘာလ္တစ္ ပင္လယ္ေအာက္တြင္ ယူအက္ဖ္အိုကို ေတြ႕ခဲ့သည္ဟု ဆိုခဲ့တဲ့ ေရငုပ္အဖြဲ႕ေခါင္းေဆာင္ ပီတာ လင္းဒ္ဘာ့ဂ္ကေတာ့ ေရေအာက္ မည္သည့္ေနရာတြင္ ယူအက္ဖ္အိုကို ေတြ႕ခဲ့သည္ဆိုသည့္ အခ်က္ကို အတိအက် မေျပာျပနိုင္ခဲ့ပါဘူး။ ဆြီဒင္နိုင္ငံ၊ စေတာ့ဟုမ္း တကၠသိုလ္မွ ဘူမိေဗဒ တြဲဘက္ပါေမာကၡ ေဘာ္လ္ကာဘ႐ူခ်တ္ကေတာ့ အဆိုပါ ႐ုပ္ႂကြင္း ဟာပုံမွန္ မဟုတ္ေသာ ေဘာလ္တစ္ေက်ာက္ အပိုင္းအစ တစ္ခုသာ ျဖစ္ေၾကာင္း၊ ေရခဲေတာင္တစ္ခု တည္ရွိခဲ့ ေသာေနရာမွ အနယ္က်ခဲ့ျခင္း ျဖစ္နိုင္တယ္လို႔ ေျပာျပခဲ့ပါတယ္။

 

 

အဆိုပါ ၿဂိဳလ္သား ယာဥ္ပ်ံနဲ႕ ပတ္သက္ၿပီး ယခုအခ်ိန္အထိ အျပန္အလွန္ အျငင္းပြားေနၾကၿပီး ယေန႕အခ်ိန္အထိ ဂဃနဏ အေျဖတစ္ခုကို မထုတ္ေပးနိုင္ၾကေသးပါဘူး ။ ၿဂိဳလ္သားရွိတယ္လို႔ မယုံၾကည္တဲ့သူေတြၾကား ယေန႕အခ်ိန္ အၿပိဳင္အဆိုင္ျငင္းေနာကတုန္းပဲ ျဖစ္ပါတယ္။ စာ ဖတ္ေနတဲ့ ပရိသတ္ႀကီးလည္း ျဖစ္နိုင္လား ၊ မျဖစ္နိုင္ဘူးလား ဆိုတာကေတာ့ မိမိဘာသာ ေတြးၾကည့္ၾကည့္ပါေနာ္။

Crd

Unicode

ပင်လယ်ကြမ်းပြင်အောက်မှာ ယနေ့တိုင် နစ်မြုပ်နေတဲ့ ထူးထူးဆန်းဆန်း ယာဉ်ပျံ

 

 

၂၀၁၁ ခုနှစ်က ဘောလ်တစ်ပင်လယ် အောက်ခြေမှ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ် ။ ထို ရုပ်ကြွင်းအား ပညာရှင်များက ကမ္ဘာမြေပြင်ကို ဝင်ရောက် တိုက်မိသော ယူအက်ဖ်အို တစ်ခုမှ ပြင်ပဂြိုလ်သား တစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ တချို့ ပညာရှင်တွေကလည်း သဘာ၀ ပထဝီဆိုင်ရာ ဖွဲ့စည်းမှုကြောင့် ဖြစ်လာသော အရာတစ်ခုလည်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

 

 

ဘောလ်တစ် ပင်လယ်အောက်တွင် ယူအက်ဖ်အိုကို တွေ့ခဲ့သည်ဟု ဆိုခဲ့တဲ့ ရေငုပ်အဖွဲ့ခေါင်းဆောင် ပီတာ လင်းဒ်ဘာ့ဂ်ကတော့ ရေအောက် မည်သည့်နေရာတွင် ယူအက်ဖ်အိုကို တွေ့ခဲ့သည်ဆိုသည့် အချက်ကို အတိအကျ မပြောပြနိုင်ခဲ့ပါဘူး။ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း တက္ကသိုလ်မှ ဘူမိဗေဒ တွဲဘက်ပါမောက္ခ ဘော်လ်ကာဘရူချတ်ကတော့ အဆိုပါ ရုပ်ကြွင်း ဟာပုံမှန် မဟုတ်သော ဘောလ်တစ်ကျောက် အပိုင်းအစ တစ်ခုသာ ဖြစ်ကြောင်း၊ ရေခဲတောင်တစ်ခု တည်ရှိခဲ့ သောနေရာမှ အနယ်ကျခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ပြောပြခဲ့ပါတယ်။

 

 

အဆိုပါ ဂြိုလ်သား ယာဉ်ပျံနဲ့ ပတ်သက်ပြီး ယခုအချိန်အထိ အပြန်အလှန် အငြင်းပွားနေကြပြီး ယနေ့အချိန်အထိ ဂဃနဏ အဖြေတစ်ခုကို မထုတ်ပေးနိုင်ကြသေးပါဘူး ။ ဂြိုလ်သားရှိတယ်လို့ မယုံကြည်တဲ့သူတွေကြား ယနေ့အချိန် အပြိုင်အဆိုင်ငြင်းနောကတုန်းပဲ ဖြစ်ပါတယ်။ စာ ဖတ်နေတဲ့ ပရိသတ်ကြီးလည်း ဖြစ်နိုင်လား ၊ မဖြစ်နိုင်ဘူးလား ဆိုတာကတော့ မိမိဘာသာ တွေးကြည့်ကြည့်ပါနော်။

Crd

About the author

admm