KNOWLEDGE

အာကာသထဲကို ပထမဆုံး အေနနဲ႕ ေရာက္ဖူးခဲ့ၾကတဲ့ ကမၻာေပၚက တိရိစ္ဆာန္ ( ၅ ) မ်ိဳး

Written by admm

အာကာသထဲကို ပထမဆုံး အေနနဲ႕ ေရာက္ဖူးခဲ့ၾကတဲ့ ကမၻာေပၚက တိရိစ္ဆာန္ ( ၅ ) မ်ိဳး

 

 

 

ပရိသတ္ႀကီးကို အခုတစ္ခါေျပာျပေပးခ်င္တဲ့ အေၾကာင္းအရာေလးကေတာ့ အာကာသထဲကို ပထမဆုံး အေနနဲ႕ ေရာက္ဖူးခဲ့ၾကတဲ့ ကမၻာေပၚက တိရိစ္ဆာန္ေတြ အေၾကာင္းပဲ ျဖစ္ပါတယ္ ။ အာကာသထဲကို ဘယ္အေကာင္ေလးေတြက ပထမဆုံး ေရာက္ခဲ့ၾကလဲဆိုတာကေတာ့ ေအာက္ကပုံေလးေတြ တစ္ပုံခ်င္းစီကို ၾကည့္လိုက္ပါဦးေနာ္.

၁ ။ ေမ်ာက္နဲ႕ ေမ်ာက္ဝံမ်ား

 

 

မွတ္တမ္းမွတ္ရာေတြအရ အာကာသ ယာဥ္ထဲ လိုက္ပါခဲ့တဲ့ ေမ်ာက္ နဲ႕ ေမ်ာက္ဝံ အေကာင္ေရေပါင္းဟာ ( ၃၂ ) ေကာင္ အထိ ရွိေနၿပီပဲ ျဖစ္ပါတယ္ ။ ဒီအထဲမွာ ေမ်ာက္စပ္ ၊ ေမ်ာက္ပုတီး ၊ ေမ်ာက္တံငါ ၊ ရွဉ့္အျမႇီး ေမ်ာက္ နဲ႕ ခ်င္ပန္ဇီ တို႔လည္း ေမ်ာက္မ်ိဳးစိတ္ေလးေတြ ပါဝင္ပါတယ္ ။ အာကာသထဲ ကို ပထမဦးဆုံး ေရာက္ဖူးခဲ့တဲ့ ေမ်ာက္ေလး ကေတာ့ Albert II လို႔ ေခၚတဲ့ ေမ်ာက္ေလး ပဲ ျဖစ္ပါတယ္ ။ Albert II ဟာ ( ၁၉၄၉ ) ခုႏွစ္တုန္းက ေလထု အျမင့္ ( ၁၃၄ ) ကီလိုမီတာ အထိ ေရာက္ခဲ့ေသာ္လည္း ေျမျပင္ေပၚကို ေလထီးနဲ႕ ျပန္ဆင္းတဲ့အခါ ေလထီးက ပြင့္မသြားခဲ့တာေၾကာင့္ အသက္ဆုံးရႈံးသြားခဲ့ရတာပဲ ျဖစ္ပါတယ္။

 

 

၂ ။ ေခြး

 

 

ဆိုဗီယက္ ျပည္ေထာင္စု ေခတ္တုန္းက ေခြးေလးေတြကို အာကာသထဲ ေစလႊတ္ခဲ့ပါေသးတယ္ ။ အထင္ရွားဆုံးကေတာ့ ( ၁၉၅၇ ) ခုႏွစ္တုန္းက လိုင္ကာ လို႔ အမည္ရတဲ့ ေခြး မေလး တစ္ေကာင္ကို အာကာသထဲ ပို႔ခဲ့တဲ့ ျဖစ္ရပ္ပဲ ျဖစ္ပါတယ္ ။ သိပၸံပညာရွင္ေတြဟာ လိုင္ကာ ကို ေမာ္စကို ၿမိဳ႕က လမ္းမေပၚက ေတြ႕ရွိခဲ့တာ ျဖစ္ၿပီး သူမ ရဲ႕ ယဥ္ပါးမႈေၾကာင့္ အာကာသ ထဲ ေစလႊတ္မယ့္ မစ္ရွစ္ထဲကို ေ႐ြးခ်ယ္ခဲ့တာပါ ။ ထိုေခတ္တုန္းက ဆိုဗီယက္ ျပည္ေထာင္စု ဟာ လိုင္ကာ မတိုင္ခင္ တစ္ျခား ေခြးေလးေတြကို အာကာသထဲ ေစလႊတ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး ။

 

 

လိုင္ကာ ကေတာ့ အာကာသထဲကို ေအာင္ျမင္စြာ ေရာက္ရွိသြားတဲ့ ပထမဦးဆုံး ေခြးေလး အျဖစ္ မွတ္တမ္း ဝင္သြားခဲ့ေပမယ့္ ကမၻာေျမေပၚကိုေတာ့ ဘယ္ေတာ့မွ ျပန္မဆင္းသက္နိုင္ခဲ့ပါဘူး ။ ထြက္ေပၚခဲ့တဲ့ သတင္းမ်ားအရ ဆိုဗီယက္ အစိုးရဟာ လိုင္ကာ အတြက္ အစာတစ္နပ္ နဲ႕ ေအာက္စီဂ်င္ ခုႏွစ္ရက္စာ သာေပးၿပီး လႊတ္တင္ခဲ့တာျဖစ္ပါတယ္ ။ အစိုးရ က ထုတ္ျပန္တဲ့ သတင္းမွာေတာ့ လိုင္ကာ ဟာ ေအာက္စီဂ်င္ရေနတဲ့ ( ၇ ) ရက္အထိ အသက္ရွင္သြားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္ ။ ဒါေပမယ့္ တစ္ကယ့္ အျဖစ္မွန္ကေတာ့ လိုင္ကာ ဟာ အာကာသ ယာဥ္ ပ်ံသန္းေနစဥ္ ( ၅ ) နာရီ အၾကာမွာ အပူလြန္ကဲၿပီး အသက္မရွင္ခဲ့ပါဘူး ။

 

 

၃ ။ လိပ္

 

 

( ၁၉၆၈ ) ခုႏွစ္ ကာလ ဟာ အေမရိကန္ နိုင္ငံ နဲ႕ ဆိုဗီယက္ ျပည္ေထာင္စု အၾကား လေပၚကို လူ ပို႔ေဆာင္နိုင္ရန္ အၿပိဳင္အဆိုင္ ႀကိဳးစားခဲ့ၾကတဲ့ ကာလေတြပဲ ျဖစ္ပါတယ္ ။ ထို အခ်ိန္ေတြတုန္းက ႐ုရွား သိပၸံပညာရွင္ေတြဟာ Zond 5 လို႔ ေခၚတဲ့ အာကာသယာဥ္ထဲမွာ မ်ိဳးေစ့ နမူနာ အခ်ိဳ႕ေတြ ၊ ပိုးေကာင္ ေတြ နဲ႕ ကုန္းလိပ္ ( ၂ ) ေကာင္ကို ထည့္သြင္းၿပီး အာကာသထဲ ေစလႊတ္ခဲ့ပါတယ္ ။

 

 

Zond 5 အာကာသ ယာဥ္ဟာ လပတ္လမ္းေၾကာင္းအတြင္း ( ၆ ) ရက္ၾကာေအာင္ လွည့္ပတ္ၿပီးေနာက္ ကမၻာေျမေပၚကို ျပန္လည္ ဆင္းသက္လာခဲ့ပါတယ္ ။ မူလ အစီစဥ္က ကာဇက္စတန္ နိုင္ငံထဲကို ဆင္းသက္ဖို႔ စီစဥ္ထားေပမယ့္ နည္းပညာ ခ်ိဳ႕ယြင္းမႈေတြေၾကာင့္ လမ္းေၾကာင္းလြဲသြားၿပီး အိႏၵိယသမုဒၵရာထဲကို ေရာက္ရွိသြားခဲ့ပါေတာ့တယ္ ။ ဒါေပမယ့္ ကံေကာင္းစြာပဲ အာကာသယာဥ္နဲ႕ ပါသြားခဲ့တဲ့ ကုန္းလိပ္ ( ၂ ) ေကာင္ဟာ အေလးခ်ိန္ ( ၁၀ ) ရာခိုင္ႏႈန္း အထိ က် သြားေပမယ့္လည္း အသက္ရွင္စြာ နဲ႕ ကမၻာေျမေပၚ ျပန္ေရာက္ခဲ့ပါတယ္ ။

 

 

၄ ။ ေရဝက္ဝံ

 

 

( ၂၀၀၇ ) ခုႏွစ္တုန္းက ေလ့လာခဲ့တဲ့ သုေတသနေတြအရ tardigrades လို႔ေခၚတဲ့ ေရဝက္ဝံေတြဟာ အာကာသ ရဲ႕ အျပင္ဖက္မွာ အသက္ရွင္နိုင္တဲ့ အေကာင္ေတြ အျဖစ္ မွတ္တမ္းတင္ခံခဲ့ရပါတယ္ ။ ေရဝက္ဝံလို႔ေခၚတဲ့ အေကာင္ေလးေတြဟာ အ႐ြယ္အစားအေတာ္ေလးကို ေသးငယ္တဲ့ ေက်ာရိုးမဲ့ အေကာင္ေလးေတြ ျဖစ္ၿပီး သူတို႔ကို မိုက္ခရိုစကုပ္နဲ႕ ၾကည့္မွပဲ ျမင္ရမွာပါ ။ ဒါ့အျပင္ ေရဝက္ဝံေတြဟာ ေအာက္ဆီဂ်င္ ျပတ္လပ္တာ ၊ ဓာတ္ေရာင္ျခည္သင့္တာ ၊ ေအးခဲတာ နဲ႕ ေရဓာတ္ခန္းေျခာက္တဲ့ ဒဏ္ေတြကိုလည္း ခံနိုင္ရည္ရွိၾကပါေသးတယ္ ။

 

 

အာကာသထဲကို ေရဝက္ဝံေတြ ထည့္ၿပီး ေစလႊတ္ခဲ့တုန္းကဆိုရင္လည္း မပို႔ေဆာင္ခင္ သူတို႔ကို အေျခာက္ခံထားၿပီးမွ အာကာသထဲကို ( ၁၀ ) ရက္ၾကာ ေစလႊတ္ခဲ့တာပါ ။ ဒီအေကာင္ေလးေတြကို ကမၻာေပၚ ျပန္ေရာက္လာၿပီး စမ္းသပ္ၾကည့္တဲ့အခါမွာေတာ့ လိုက္ပါသြားခဲ့တဲ့ ေရဝက္ဝံေတြထဲမွာမွ ( ၆၈ ) ရာခိုင္ႏႈန္းဟာ အသက္ရွင္ေနေသးၿပီး ေအးခဲတဲ့ ဒဏ္နဲ႕ အာကာသ ဓာတ္ေရာင္ျခည္ သင့္တဲ့ ဒဏ္ေတြကိုလည္း ခံနိုင္ရည္ ရွိေနတာကို သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ၾကပါတယ္ ။

 

 

၅ ။ ပင့္ကူ

 

 

( ၁၉၆၉ ) ခုႏွစ္မွာေတာ့ လ ေပၚကို လူသားေတြ ေအာင္ျမင္စြာ ဆင္းသက္နိုင္ခဲ့တဲ့ မစ္ရွစ္ အၿပီးမွာေတာ့ တိရစ္ဆာန္ေလးေတြကို အာကာသထဲ ေစလႊတ္တာ အေတာ္ေလး နည္းပါးသြားခဲ့ပါတယ္ ။ ဒါ ေပမယ့္လည္း သိပၸံပညာရွင္ေတြဟာ အာကာသထဲက ဆြဲငင္အားမဲ့တဲ့ အက်ိဳးသက္ေရာက္မႈက တိရစ္ဆာန္ေတြရဲ႕ ဇီ၀ေဗဒ လုပ္ေဆာင္ခ်က္အေပၚ ဘယ္လို သက္ေရာက္မႈရွိနိုက္မလဲဆိုတာ ေလ့လာခ်င္ခဲ့ၾကပါေသးတယ္ ။ ဒါ့ေၾကာင့္ပဲ ( ၁၉၇၃ ) ခုႏွစ္မွာေတာ့ Anita နဲ႕ Arabella အမည္ရွိ ပင့္ကူ ( ၂ ) ေကာင္ကို အာကာသထဲ ေစလႊတ္ခဲ့ပါေသးတယ္ ။

 

 

ဒီ ပင့္ကူ ( ၂ ) ေကာင္ကို ပို႔ရတဲ့ အေၾကာင္းရင္းကေတာ့ ဆြဲငင္အား မဲ့ေနတဲ့ အေျခအေနမ်ိဳးမွာ ပင့္ကူအိမ္ကို ေဆာက္နိုင္ေသးလားဆိုတာ သိခ်င္တဲ့ အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္ ။ တစ္ကယ္တမ္းမွာလည္း ထို ပင့္ကူေတြဟာ အာကာသထဲမွာ ပင့္ကူ အိမ္ ေတြ ေဆာက္နိုင္ေပမယ့္ ကမၻာေျမမွာ ေဆာက္တာထက္ေတာ့ အနည္းငယ္ ေသးသြားပါတယ္တဲ့ ။

 

 

အခုေဖာ္ျပေပးထားတာကေတာ့ အာကာသထဲကို ပထမဆုံး အေနနဲ႕ ေရာက္ဖူးခဲ့ၾကတဲ့ ကမၻာေပၚက တိရိစ္ဆာန္ ေတြထဲက အခ်ိဳ႕ကို ေျပာျပေပးထားတာပဲ ျဖစ္ပါတယ္ ။ ေနာက္ပိုင္းေတြမွာလည္း အခုလိုမ်ိဳး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေလးေတြကို ရွာေဖြ တင္ဆက္ေပးမွာမို႔လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦးေနာ္ .

Crd

 

Unicode

အာကာသထဲကို ပထမဆုံး အနေနဲ့ ရောက်ဖူးခဲ့ကြတဲ့ ကမ္ဘာပေါ်က တိရိစ္ဆာန် ( ၅ ) မျိုး

ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အာကာသထဲကို ပထမဆုံး အနေနဲ့ ရောက်ဖူးခဲ့ကြတဲ့ ကမ္ဘာပေါ်က တိရိစ္ဆာန်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ အာကာသထဲကို ဘယ်အကောင်လေးတွေက ပထမဆုံး ရောက်ခဲ့ကြလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်.

၁ ။ မျောက်နဲ့ မျောက်ဝံများ

မှတ်တမ်းမှတ်ရာတွေအရ အာကာသ ယာဉ်ထဲ လိုက်ပါခဲ့တဲ့ မျောက် နဲ့ မျောက်ဝံ အကောင်ရေပေါင်းဟာ ( ၃၂ ) ကောင် အထိ ရှိနေပြီပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ မျောက်စပ် ၊ မျောက်ပုတီး ၊ မျောက်တံငါ ၊ ရှဉ့်အမြှီး မျောက် နဲ့ ချင်ပန်ဇီ တို့လည်း မျောက်မျိုးစိတ်လေးတွေ ပါဝင်ပါတယ် ။ အာကာသထဲ ကို ပထမဦးဆုံး ရောက်ဖူးခဲ့တဲ့ မျောက်လေး ကတော့ Albert II လို့ ခေါ်တဲ့ မျောက်လေး ပဲ ဖြစ်ပါတယ် ။ Albert II ဟာ ( ၁၉၄၉ ) ခုနှစ်တုန်းက လေထု အမြင့် ( ၁၃၄ ) ကီလိုမီတာ အထိ ရောက်ခဲ့သော်လည်း မြေပြင်ပေါ်ကို လေထီးနဲ့ ပြန်ဆင်းတဲ့အခါ လေထီးက ပွင့်မသွားခဲ့တာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

၂ ။ ခွေး

ဆိုဗီယက် ပြည်ထောင်စု ခေတ်တုန်းက ခွေးလေးတွေကို အာကာသထဲ စေလွှတ်ခဲ့ပါသေးတယ် ။ အထင်ရှားဆုံးကတော့ ( ၁၉၅၇ ) ခုနှစ်တုန်းက လိုင်ကာ လို့ အမည်ရတဲ့ ခွေး မလေး တစ်ကောင်ကို အာကာသထဲ ပို့ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ် ။ သိပ္ပံပညာရှင်တွေဟာ လိုင်ကာ ကို မော်စကို မြို့က လမ်းမပေါ်က တွေ့ရှိခဲ့တာ ဖြစ်ပြီး သူမ ရဲ့ ယဉ်ပါးမှုကြောင့် အာကာသ ထဲ စေလွှတ်မယ့် မစ်ရှစ်ထဲကို ရွေးချယ်ခဲ့တာပါ ။ ထိုခေတ်တုန်းက ဆိုဗီယက် ပြည်ထောင်စု ဟာ လိုင်ကာ မတိုင်ခင် တစ်ခြား ခွေးလေးတွေကို အာကာသထဲ စေလွှတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။

လိုင်ကာ ကတော့ အာကာသထဲကို အောင်မြင်စွာ ရောက်ရှိသွားတဲ့ ပထမဦးဆုံး ခွေးလေး အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပေမယ့် ကမ္ဘာမြေပေါ်ကိုတော့ ဘယ်တော့မှ ပြန်မဆင်းသက်နိုင်ခဲ့ပါဘူး ။ ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ဆိုဗီယက် အစိုးရဟာ လိုင်ကာ အတွက် အစာတစ်နပ် နဲ့ အောက်စီဂျင် ခုနှစ်ရက်စာ သာပေးပြီး လွှတ်တင်ခဲ့တာဖြစ်ပါတယ် ။ အစိုးရ က ထုတ်ပြန်တဲ့ သတင်းမှာတော့ လိုင်ကာ ဟာ အောက်စီဂျင်ရနေတဲ့ ( ၇ ) ရက်အထိ အသက်ရှင်သွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ် ။ ဒါပေမယ့် တစ်ကယ့် အဖြစ်မှန်ကတော့ လိုင်ကာ ဟာ အာကာသ ယာဉ် ပျံသန်းနေစဉ် ( ၅ ) နာရီ အကြာမှာ အပူလွန်ကဲပြီး အသက်မရှင်ခဲ့ပါဘူး ။

၃ ။ လိပ်

( ၁၉၆၈ ) ခုနှစ် ကာလ ဟာ အမေရိကန် နိုင်ငံ နဲ့ ဆိုဗီယက် ပြည်ထောင်စု အကြား လပေါ်ကို လူ ပို့ဆောင်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားခဲ့ကြတဲ့ ကာလတွေပဲ ဖြစ်ပါတယ် ။ ထို အချိန်တွေတုန်းက ရုရှား သိပ္ပံပညာရှင်တွေဟာ Zond 5 လို့ ခေါ်တဲ့ အာကာသယာဉ်ထဲမှာ မျိုးစေ့ နမူနာ အချို့တွေ ၊ ပိုးကောင် တွေ နဲ့ ကုန်းလိပ် ( ၂ ) ကောင်ကို ထည့်သွင်းပြီး အာကာသထဲ စေလွှတ်ခဲ့ပါတယ် ။

Zond 5 အာကာသ ယာဉ်ဟာ လပတ်လမ်းကြောင်းအတွင်း ( ၆ ) ရက်ကြာအောင် လှည့်ပတ်ပြီးနောက် ကမ္ဘာမြေပေါ်ကို ပြန်လည် ဆင်းသက်လာခဲ့ပါတယ် ။ မူလ အစီစဉ်က ကာဇက်စတန် နိုင်ငံထဲကို ဆင်းသက်ဖို့ စီစဉ်ထားပေမယ့် နည်းပညာ ချို့ယွင်းမှုတွေကြောင့် လမ်းကြောင်းလွဲသွားပြီး အိန္ဒိယသမုဒ္ဒရာထဲကို ရောက်ရှိသွားခဲ့ပါတော့တယ် ။ ဒါပေမယ့် ကံကောင်းစွာပဲ အာကာသယာဉ်နဲ့ ပါသွားခဲ့တဲ့ ကုန်းလိပ် ( ၂ ) ကောင်ဟာ အလေးချိန် ( ၁၀ ) ရာခိုင်နှုန်း အထိ ကျ သွားပေမယ့်လည်း အသက်ရှင်စွာ နဲ့ ကမ္ဘာမြေပေါ် ပြန်ရောက်ခဲ့ပါတယ် ။

၄ ။ ရေဝက်ဝံ

( ၂၀၀၇ ) ခုနှစ်တုန်းက လေ့လာခဲ့တဲ့ သုတေသနတွေအရ tardigrades လို့ခေါ်တဲ့ ရေဝက်ဝံတွေဟာ အာကာသ ရဲ့ အပြင်ဖက်မှာ အသက်ရှင်နိုင်တဲ့ အကောင်တွေ အဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ် ။ ရေဝက်ဝံလို့ခေါ်တဲ့ အကောင်လေးတွေဟာ အရွယ်အစားအတော်လေးကို သေးငယ်တဲ့ ကျောရိုးမဲ့ အကောင်လေးတွေ ဖြစ်ပြီး သူတို့ကို မိုက်ခရိုစကုပ်နဲ့ ကြည့်မှပဲ မြင်ရမှာပါ ။ ဒါ့အပြင် ရေဝက်ဝံတွေဟာ အောက်ဆီဂျင် ပြတ်လပ်တာ ၊ ဓာတ်ရောင်ခြည်သင့်တာ ၊ အေးခဲတာ နဲ့ ရေဓာတ်ခန်းခြောက်တဲ့ ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိကြပါသေးတယ် ။

အာကာသထဲကို ရေဝက်ဝံတွေ ထည့်ပြီး စေလွှတ်ခဲ့တုန်းကဆိုရင်လည်း မပို့ဆောင်ခင် သူတို့ကို အခြောက်ခံထားပြီးမှ အာကာသထဲကို ( ၁၀ ) ရက်ကြာ စေလွှတ်ခဲ့တာပါ ။ ဒီအကောင်လေးတွေကို ကမ္ဘာပေါ် ပြန်ရောက်လာပြီး စမ်းသပ်ကြည့်တဲ့အခါမှာတော့ လိုက်ပါသွားခဲ့တဲ့ ရေဝက်ဝံတွေထဲမှာမှ ( ၆၈ ) ရာခိုင်နှုန်းဟာ အသက်ရှင်နေသေးပြီး အေးခဲတဲ့ ဒဏ်နဲ့ အာကာသ ဓာတ်ရောင်ခြည် သင့်တဲ့ ဒဏ်တွေကိုလည်း ခံနိုင်ရည် ရှိနေတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ် ။

၅ ။ ပင့်ကူ

( ၁၉၆၉ ) ခုနှစ်မှာတော့ လ ပေါ်ကို လူသားတွေ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့ မစ်ရှစ် အပြီးမှာတော့ တိရစ္ဆာန်လေးတွေကို အာကာသထဲ စေလွှတ်တာ အတော်လေး နည်းပါးသွားခဲ့ပါတယ် ။ ဒါ ပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ အာကာသထဲက ဆွဲငင်အားမဲ့တဲ့ အကျိုးသက်ရောက်မှုက တိရစ္ဆာန်တွေရဲ့ ဇီ၀ဗေဒ လုပ်ဆောင်ချက်အပေါ် ဘယ်လို သက်ရောက်မှုရှိနိုက်မလဲဆိုတာ လေ့လာချင်ခဲ့ကြပါသေးတယ် ။ ဒါ့ကြောင့်ပဲ ( ၁၉၇၃ ) ခုနှစ်မှာတော့ Anita နဲ့ Arabella အမည်ရှိ ပင့်ကူ ( ၂ ) ကောင်ကို အာကာသထဲ စေလွှတ်ခဲ့ပါသေးတယ် ။

ဒီ ပင့်ကူ ( ၂ ) ကောင်ကို ပို့ရတဲ့ အကြောင်းရင်းကတော့ ဆွဲငင်အား မဲ့နေတဲ့ အခြေအနေမျိုးမှာ ပင့်ကူအိမ်ကို ဆောက်နိုင်သေးလားဆိုတာ သိချင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ် ။ တစ်ကယ်တမ်းမှာလည်း ထို ပင့်ကူတွေဟာ အာကာသထဲမှာ ပင့်ကူ အိမ် တွေ ဆောက်နိုင်ပေမယ့် ကမ္ဘာမြေမှာ ဆောက်တာထက်တော့ အနည်းငယ် သေးသွားပါတယ်တဲ့ ။

အခုဖော်ပြပေးထားတာကတော့ အာကာသထဲကို ပထမဆုံး အနေနဲ့ ရောက်ဖူးခဲ့ကြတဲ့ ကမ္ဘာပေါ်က တိရိစ္ဆာန် တွေထဲက အချို့ကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် .

Crd

 

About the author

admm