တစၼိနစၠို (၂၈) ႀကိမ္ႏႈန္းနဲ႕ တစ္ႏွစ္ပတ္လုံး မိုးႀကိဳး အပစ္ခံေနရတဲ့ ၿမိဳ႕တစ္ၿမိဳ႕အေၾကာင္း

တစၼိနစၠို (၂၈) ႀကိမ္ႏႈန္းနဲ႕ တစ္ႏွစ္ပတ္လုံး မိုးႀကိဳး အပစ္ခံေနရတဲ့ ၿမိဳ႕တစ္ၿမိဳ႕အေၾကာင္း

 

 

 

ပရိသတ္ေတြအေနနဲ႕ မိုးႀကိဳးပစ္တာကို မ်က္ျမင္ကိုယ္ေတြ႕ႀကဳံဖူးၾကလား မသိဘူး။ ႀကဳံဖူးမယ္ဆိုရင္ေကာ ဘယ္ႏွစ္ႀကိမ္ေလာက္ ႀကဳံဖူးၾကမလဲ

ျမန္မာနိုင္ငံမွာေတာ့ အခုလိုမိုးရာသီမြာ မိုးႀကိဳးပစ္တာကို မ်က္ျမင္ကိုယ္ေတြ႕ ျမင္ေတြ႕ရဖို႔ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ ကမၻာေပၚမွာ မိုးႀကိဳးပစ္တာကို မျမင္ခ်င္မွအဆုံးျဖစ္သြားေစမယ့္ ထူးဆန္းတဲ့ ေနရာေလးတစ္ေနရာရွိပါတယ္။

ဒီေန႕တင္ဆက္ေပးမွာကေတာ့ အဲ့ဒီေနရာေလးနဲ႕ပတ္သက္တဲ့ ဗဟုသုတရဖြယ္အေၾကာင္းအရာေလးပဲ ျဖစ္ပါတယ္။ စိတ္ဝင္စားရင္ေတာ့ ေဆာင္းပါးေလးကို ဆက္လက္ဖတ္ရႈအားေပးၾကပါဦးေနာ္

 

 

မိုးႀကိဳးၿမိဳ႕ေတာ္၊ ကာတာတမၻို (Catatumbo) ရဲ႕အဆုံးမရွိတဲ့မုန္တိုင္း၊ မာရာကိုင္ဘို (Maracaibo) ရဲ႕ မီးျပတိုက္ အစ႐ြိတဲ့ အမည္မ်ိဳးစုံကိုပိုင္ဆိုင္ထားတဲ့ ေဒသေလးကေတာ့ ေတာင္အေမရိကတိုက္ ဗင္နီဇြဲလား (Venezuela) နိုင္ငံရဲ႕ က်ဴလီယာ (Zulia) ျပည္နယ္မွာရွိပါတယ္။

ဒီေနရာမွာတစ္ႏွစ္ကို တစၼိနစၠို မိုးႀကိဳး (၂၈) ႀကိမ္ ႏႈန္းနဲ႕ တစ္ႏွစ္ကို ရက္ေပါင္း (၃၀၀) နီးပါးေလာက္ မိုးႀကိဳးေတြအဆက္မျပတ္ ပစ္ေနတာေၾကာင့္ နာမည္ေက်ာ္ၾကားလွပါတယ္။ ဘာလို႔ ဒီေနရာက အၿမဲတမ္း အဆက္မျပတ္ မိုးႀကိဳးေတြပစ္ခ်ေနရတာလဲ ? အေၾကာင္းအရင္းကေတာ့ ဒီလိုပါ .

 

 

မာရာကိုင္ဘို ေရကန္ႀကီးဟာ အလ္ား (၁၅၉) ကီလိုမီတာ အနံ (၆၇) ကီလိုမီတာ ေလာက္က်ယ္ဝန္းၿပီး ဗင္နီဇြဲလားပင္လယ္ေကြ႕အနီးမွာတည္ရွိတာျဖစ္ပါတယ္။ ဒီေရကန္ႀကီးနဲ႕ ကာတာတမၻို ျမစ္ဝဆုံေတြ႕တဲ့ ေနရာကေတာ့ ထူးျခားျဖစ္စဥ္ေတြျဖစ္ေပၚတဲ့ အဓိက ေနရာလို႔ဆိုနိုင္ပါတယ္။

ဒီေနရာမွာျဖစ္ေပၚတဲ့ တိမ္တိုက္ေတြဟာဆိုရင္ စတင္ျဖစ္ေပၚၿပီး တစ္နာရီေလာက္အၾကာမွာ လွ်ပ္ျပတ္သလိုအလင္းေရာင္ေတြ ျဖစ္ေပၚလာၾကပါတယ္။ လွ်ပ္ျပတ္တဲ့အႀကိမ္အေရအတြက္က တျဖည္းျဖည္းပိုမိုစိပ္လာၿပီး ၁ မိနစၠို အႀကိမ္ (၂၀၀) ေလာက္အထိ လွ်ပ္စီးလက္လာပါတယ္။ ၿပီးရင္ေတာ့ တိမ္တိုက္ႀကီးတစ္ခုလုံးလင္းထိန္လာၿပီး ဧရာမ မီးသီးႀကီးတစ္လုံးလိုေကာင္းကင္မွာလင္းလက္ေနတာျဖစ္ပါတယ္။

 

 

သင့္အေနနဲ႕ ဒီေနရာမွာ ညသန္းေခါင္အခ်ိန္လာၿပီး သတင္းစာေတာင္ ေကာင္းေကာင္းဖတ္လို႔ရတယ္လို႔ ဒီအျဖစ္အပ်က္ေတြကို မွတ္တမ္းတင္ဖူးတဲ့ ဓာတ္ပုံပညာရွင္ ဂ်ိဳးနက္စ္ပြိုင့္တက္ခ္ (Jonas Pointek) ကဆိုပါတယ္။

ဗင္နီဇြဲလားနိုင္ငံရဲ႕ ေလထုဟာ ကမၻာေပၚမွာ မီသိန္းဓာတ္ေငြ႕ထုတ္လႊတ္မႈအမ်ားဆုံး နိုင္ငံေတြထဲကတစ္နိုင္ငံ ျဖစ္ၿပီး မာရာကိုင္ဘို ေရကန္ထဲစီးဝင္တဲ့ ကာတာတမၻို ျမစ္ဟာ အၿမဲတမ္းသိပ္သည္း စိုထိုင္းဆမ်ားျပားတဲ့ ေရခိုးေရေငြ႕ေတြသယ္ေဆာင္လာတာကလည္း ဒီလိုမိုးႀကိဳးမုန္တိုင္းေတြထန္ေနရတဲ့ အေၾကာင္းအရင္းတစ္ရပ္ ျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြကဆိုပါတယ္။

 

 

ဒါ့အျပင္ မူမမွန္တဲ့ ေလေၾကာင္းပုံစံ နဲ႕ ေျမမ်က္ႏွာသြင္ျပင္ေတြကလည္း ဒီအျဖစ္အပ်က္ေတြကို ျဖစ္ေပၚေအာင္ တစ္ဖက္တစ္လမ္းက ေထာက္ပံ့ေပးေနတယ္လို႔သိရပါတယ္။

ဒီေနရာမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ေလ့လာမႈေတြျပဳလုပ္ခဲ့တဲ့ သိပၸံပညာရွင္တစ္ဦးရဲ႕ ေျပာၾကားခ်က္မွာေတာ့ ကာတာတမၻို လွ်ပ္စီးရဲ႕ လွ်ို႔ဝွက္ခ်က္က နိုင္ငံရဲ႕ထူးျခားတဲ့ေျမမ်က္ႏွာသြင္ျပင္ေၾကာင့္ပါ။ အင္ဒီးစ္ေတာင္တန္းေတြဟာမာရာကိုင္ဘိုေရကန္ကို ေတာင္ဘက္ကေနျမင္းခြာ ပုံစံဝန္းရံ ထားၿပီးေျမာက္ဘက္ မွာရွိတဲ့ကာရစ္ဘီယံပင္လယ္နဲ႕ဆုံေတြ႕ေစပါတယ္။

 

 

ဒါေၾကာင့္ ေတာင္ဘက္ကလာတဲ့ ေအးျမတဲ့ေလျပင္းေတြ ဟာ ညအခ်ိန္မွာ ခ်ိဳင့္ဝွမ္းေတြဆီကိုေ႐ြ႕လ်ားၿပီး ပင္လယ္နဲ႕ေရကန္မ်ားေတြက ပူႏြေးေသာေလနဲ႕ ေပါင္းစပ္မိတဲ့အခါ လွ်ပ္စီးေတြကိုျဖစ္ေပၚေစတာျဖစ္ပါတယ္။ လို႔ သုံးသပ္ခဲ့ဖူးပါတယ္။

ဒါေပမယ့္လည္း ပစၡ္တဲ့ မိုးႀကိဳးေတြရဲ႕ အေရာင္ဟာ သာမန္ျမင္ေနေတြ႕ေနက် အျဖဴေရာက္ လွ်ပ္စီးတန္းမ်ိဳးမဟုတ္ဘဲ လိေမၼာ္ေရာင္၊ အနီေရာင္၊ ခရမ္းေရာင္ စသျဖင့္ ေရာင္စုံျဖစ္ေနတဲ့ အေၾကာင္းကိုေတာ့ သိပၸံပညာရွင္ေတြအေနနဲ႕လည္း အတိအက္ ေျဖရွင္းခ်က္မထုတ္နိုင္ေသးပါဘူးဆိုတာ တင္ျပရင္းနဲ႕ပဲ ဒီစာေလးကို အဆုံးသတ္လိုက္ပါရေစေနာ္

Crd

Unicode

တစ္မိနစ္ကို (၂၈) ကြိမ်နှုန်းနဲ့ တစ်နှစ်ပတ်လုံး မိုးကြိုး အပစ်ခံနေရတဲ့ မြို့တစ်မြို့အကြောင်း

ပရိသတ်တွေအနေနဲ့ မိုးကြိုးပစ်တာကို မျက်မြင်ကိုယ်တွေ့ကြုံဖူးကြလား မသိဘူး။ ကြုံဖူးမယ်ဆိုရင်ကော ဘယ်နှစ်ကြိမ်လောက် ကြုံဖူးကြမလဲ

မြန်မာနိုင်ငံမှာတော့ အခုလိုမိုးရာသီမွာ မိုးကြိုးပစ်တာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကမ်ဘာပေါ်မှာ မိုးကြိုးပစ်တာကို မမြင်ချင်မှအဆုံးဖြစ်သွားစေမယ့် ထူးဆန်းတဲ့ နေရာလေးတစ်နေရာရှိပါတယ်။

ဒီနေ့တင်ဆက်ပေးမှာကတော့ အဲ့ဒီနေရာလေးနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ ဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုအားပေးကြပါဦးနော်

မိုးကြိုးမြို့တော်၊ ကာတာတမ္ဘို (Catatumbo) ရဲ့အဆုံးမရှိတဲ့မုန်တိုင်း၊ မာရာကိုင်ဘို (Maracaibo) ရဲ့ မီးပြတိုက် အစရွိတဲ့ အမည်မျိုးစုံကိုပိုင်ဆိုင်ထားတဲ့ ဒေသလေးကတော့ တောင်အမေရိကတိုက် ဗင်နီဇွဲလား (Venezuela) နိုင်ငံရဲ့ ကျူလီယာ (Zulia) ပြည်နယ်မှာရှိပါတယ်။

ဒီနေရာမှာတစ်နှစ်ကို တစ္မိနစ္ကို မိုးကြိုး (၂၈) ကြိမ် နှုန်းနဲ့ တစ်နှစ်ကို ရက်ပေါင်း (၃၀၀) နီးပါးလောက် မိုးကြိုးတွေအဆက်မပြတ် ပစ်နေတာကြောင့် နာမည်ကျော်ကြားလှပါတယ်။ ဘာလို့ ဒီနေရာက အမြဲတမ်း အဆက်မပြတ် မိုးကြိုးတွေပစ်ချနေရတာလဲ ? အကြောင်းအရင်းကတော့ ဒီလိုပါ .

မာရာကိုင်ဘို ရေကန်ကြီးဟာ အလ်ား (၁၅၉) ကီလိုမီတာ အနံ (၆၇) ကီလိုမီတာ လောက်ကျယ်ဝန်းပြီး ဗင်နီဇွဲလားပင်လယ်ကွေ့အနီးမှာတည်ရှိတာဖြစ်ပါတယ်။ ဒီရေကန်ကြီးနဲ့ ကာတာတမ္ဘို မြစ်ဝဆုံတွေ့တဲ့ နေရာကတော့ ထူးခြားဖြစ်စဉ်တွေဖြစ်ပေါ်တဲ့ အဓိက နေရာလို့ဆိုနိုင်ပါတယ်။

ဒီနေရာမှာဖြစ်ပေါ်တဲ့ တိမ်တိုက်တွေဟာဆိုရင် စတင်ဖြစ်ပေါ်ပြီး တစ်နာရီလောက်အကြာမှာ လျှပ်ပြတ်သလိုအလင်းရောင်တွေ ဖြစ်ပေါ်လာကြပါတယ်။ လျှပ်ပြတ်တဲ့အကြိမ်အရေအတွက်က တဖြည်းဖြည်းပိုမိုစိပ်လာပြီး ၁ မိနစ္ကို အကြိမ် (၂၀၀) လောက်အထိ လျှပ်စီးလက်လာပါတယ်။ ပြီးရင်တော့ တိမ်တိုက်ကြီးတစ်ခုလုံးလင်းထိန်လာပြီး ဧရာမ မီးသီးကြီးတစ်လုံးလိုကောင်းကင်မှာလင်းလက်နေတာဖြစ်ပါတယ်။

သင့်အနေနဲ့ ဒီနေရာမှာ ညသန်းခေါင်အချိန်လာပြီး သတင်းစာတောင် ကောင်းကောင်းဖတ်လို့ရတယ်လို့ ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင်ဖူးတဲ့ ဓာတ်ပုံပညာရှင် ဂျိုးနက်စ်ပွိုင့်တက်ခ် (Jonas Pointek) ကဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ လေထုဟာ ကမ်ဘာပေါ်မှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုအများဆုံး နိုင်ငံတွေထဲကတစ်နိုင်ငံ ဖြစ်ပြီး မာရာကိုင်ဘို ရေကန်ထဲစီးဝင်တဲ့ ကာတာတမ္ဘို မြစ်ဟာ အမြဲတမ်းသိပ်သည်း စိုထိုင်းဆများပြားတဲ့ ရေခိုးရေငွေ့တွေသယ်ဆောင်လာတာကလည်း ဒီလိုမိုးကြိုးမုန်တိုင်းတွေထန်နေရတဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။

ဒါ့အပြင် မူမမှန်တဲ့ လေကြောင်းပုံစံ နဲ့ မြေမျက်နှာသွင်ပြင်တွေကလည်း ဒီအဖြစ်အပျက်တွေကို ဖြစ်ပေါ်အောင် တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးနေတယ်လို့သိရပါတယ်။

ဒီနေရာမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦးရဲ့ ပြောကြားချက်မှာတော့ ကာတာတမ္ဘို လျှပ်စီးရဲ့ လျှို့ဝှက်ချက်က နိုင်ငံရဲ့ထူးခြားတဲ့မြေမျက်နှာသွင်ပြင်ကြောင့်ပါ။ အင်ဒီးစ်တောင်တန်းတွေဟာမာရာကိုင်ဘိုရေကန်ကို တောင်ဘက်ကနေမြင်းခွာ ပုံစံဝန်းရံ ထားပြီးမြောက်ဘက် မှာရှိတဲ့ကာရစ်ဘီယံပင်လယ်နဲ့ဆုံတွေ့စေပါတယ်။

ဒါကြောင့် တောင်ဘက်ကလာတဲ့ အေးမြတဲ့လေပြင်းတွေ ဟာ ညအချိန်မှာ ချိုင့်ဝှမ်းတွေဆီကိုရွေ့လျားပြီး ပင်လယ်နဲ့ရေကန်များတွေက ပူနွေးသောလေနဲ့ ပေါင်းစပ်မိတဲ့အခါ လျှပ်စီးတွေကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။ လို့ သုံးသပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ပစ္ခ်တဲ့ မိုးကြိုးတွေရဲ့ အရောင်ဟာ သာမန်မြင်နေတွေ့နေကျ အဖြူရောက် လျှပ်စီးတန်းမျိုးမဟုတ်ဘဲ လိမေ္မာ်ရောင်၊ အနီရောင်၊ ခရမ်းရောင် စသဖြင့် ရောင်စုံဖြစ်နေတဲ့ အကြောင်းကိုတော့ သိပ္ပံပညာရှင်တွေအနေနဲ့လည်း အတိအက် ဖြေရှင်းချက်မထုတ်နိုင်သေးပါဘူးဆိုတာ တင်ပြရင်းနဲ့ပဲ ဒီစာလေးကို အဆုံးသတ်လိုက်ပါရစေနော်

Crd