KNOWLEDGE

အေမဇုန္ ေတာနက္ႀကီးထဲက လူသိနည္းလွတဲ့ ထူးထူးျခားျခား အရာမ်ား

Written by admm

အေမဇုန္ ေတာနက္ႀကီးထဲက လူသိနည္းလွတဲ့ ထူးထူးျခားျခား အရာမ်ား

 

 

အခုတစ္ခါမွာေတာ့ ပရိသတ္ႀကီးကို ေျပာျပေပးခ်င္တဲ့ အေၾကာင္းအရာေလးကေတာ့ အေမဇုန္ ေတာနက္ႀကီးထဲမွာ ေတြ႕ရွိနိုင္တဲ့ ထူးထူးျခားျခား အရာေတြ အေၾကာင္းပဲ ျဖစ္ပါတယ္ ။ ကမၻာေပၚက နာမည္ႀကီး မိုးသစ္ေတာ ျဖစ္တဲ့ အေမဇုန္ ေတာနက္ႀကီးထဲမွာ ဘယ္လို ထူးျခားတဲ့ အရာေတြ ရွိမလဲဆိုတာကေတာ့ ေအာက္ကပုံေလးေတြ တစ္ပုံခ်င္းစီကို ၾကည့္လိုက္ပါဦးေနာ္ .

၁ ။ ထူးဆန္းတဲ့ လူမ်ိဳးစုမ်ား

 

 

အေမဇုန္ ေတာနက္ႀကီးထဲမွာ ဆိုရင္ လူမ်ိဳးစု ေတြ အေတာ္မ်ားမ်ားလည္း ေနထိုင္ၾကတာပါ ။ အခ်က္အလက္ေတြအရေတာ့ ဒီ ေတာနက္ႀကီးထဲမွာ ေနၾကတဲ့ လူမ်ိဳးစုေတြဟာ သူတို႔ အတြက္ အစားအစာ ၊ အဝတ္အစား နဲ႕ ေဆးဝါးေတြက အစ အေမဇုန္ ေတာထဲကေနပဲ ရယူၾကတာ ျဖစ္ပါတယ္တဲ့ ။ ဒါကို ၾကည့္မယ္ဆိုရင္ လူမ်ိဳးစုေတြဟာ အျပင္ေလာက နဲ႕ သိပ္အဆက္အသြယ္မလုပ္ပဲ အေမဇုန္ေတာထဲမွာသာ အၿမဲလိုလို ေနထိုင္ၾကတဲ့ သေဘာပါပဲ ။ ေနာက္ထပ္ ခ်ီးက်ဴးစရာ ေကာင္းတဲ့အခ်က္က သူတို႔ဟာ အေမဇုန္ ေတာနက္ႀကီးကို အမွီသဟဲျပဳၿပီး ေနၾကေပမယ့္ သဘာ၀ ပတ္ဝန္းက်င္ ေဂဟ စနစ္ကိုေတာ့ သိပ္မထိခိုက္ေစပဲ ထိန္းသိမ္းၾက ပါတယ္တဲ့ ။

၂ ။ ပလတ္စတစ္ စားတဲ့ မွိုေလးမ်ား

 

 

ေနာက္ထပ္ေျပာျပေပးမွာကေတာ့ အေမဇုန္ ေတာထဲက ပလတ္စတစ္ စားတဲ့ မွိုေလးေတြ အေၾကာင္းပဲ ျဖစ္ပါတယ္ ။ သူတို႔ရဲ႕ နာမည္ကေတာ့ Pestalotiopsis Microspora ျဖစ္ၿပီး ကမၻာလုံးဆိုင္ရာ ပလတ္စတစ္ ညစ္ညမ္းမႈကို ေျဖရွင္းေပးနိုင္တယ္လို႔ သတ္မွတ္ခံထားရတာပါ ။ဒီမွိုေလးေတြကိုေတာ့ Yale တကၠသိုလ္ က ေက်ာင္းသူတစ္ဦး ျဖစ္တဲ့ Pria Anand ဆိုသူက အေမဇုန္ေတာထဲမွာ ရွာေတြ႕ခဲ့တာပဲ ျဖစ္ပါတယ္ ။ သူမဟာ ထို မွိုေလးေတြ ရဲ႕ နမူနာ ေပါင္း ( ၆၀ ) ေလာက္ကို သုေတသန လုပ္ခဲ့ၿပီး ဒီအထဲက တစ္ခုဟာဆိုရင္ ေအာက္ဆီဂ်င္ မလိုပဲ အသက္ရွင္နိုင္တာကိုေတာင္ ရွာေတြ႕ခဲ့ပါေသးတယ္ ။

 

 

၃ ။ က်ည္ဆန္ ပု႐ြက္ဆိတ္

 

 

အခု ေျပာျပေပးမွာကေတာ့ အေမဇုန္ေတာထဲ ေရာက္ရင္ လုံး၀ ေရွာင္သင့္တဲ့ ပု႐ြက္ဆိတ္ အေၾကာင္းကို ေျပာျပေပးမွာပါ ။ ဒီ ပု႐ြက္ဆိတ္ေတြ ကို တရားဝင္ ေပးထားတဲ့ နာမည္မရွိေပမယ့္လည္း အမ်ားစုကေတာ့ က်ည္ဆန္ ပု႐ြက္ဆိတ္လို႔ နာမည္ေပးထားပါတယ္ ။ အခုလို နာမည္ ေပးရတဲ့ အေၾကာင္းကေတာ့ ထို ပု႐ြက္ဆိတ္ တစ္ခါ ကိုက္တာခံရရင္ က်ည္ဆန္ မွန္သလိုမ်ိဳး နာရလို႔ပဲ ျဖစ္ပါတယ္ ။ ေနာက္ တစ္ခ်က္ကေတာ့ က်ည္ဆန္ ပု႐ြက္ဆိတ္ေတြဟာ ကမၻာေပၚက အႀကီးဆုံး ပု႐ြက္ဆိတ္ မ်ိဳးစိတ္ေတြ ျဖစ္ၿပီး အ႐ြယ္အစားကလည္း က်ည္ဆန္ တစ္ေတာင့္ အ႐ြယ္အစား ရွိပါတယ္တဲ့ ။

 

 

၄ ။ ကမၻာ့အႀကီးဆုံး ပန္းပြင့္

 

 

ဒီတစ္ခါ ေျပာျပေပးမွာကေတာ့ အေမဇုန္ေတာထဲမွာ ရွိတဲ့ ကမၻာ့အႀကီးဆုံး ပန္းပြင့္ႀကီး အေၾကာင္းပဲ ျဖစ္ပါတယ္ ။ သူ႕ရဲ႕ နာမည္ကေတာ့ Rafflesia လို႔ ေခၚၿပီး ကမၻာ့အရွားပါးဆုံး ပန္း စာရင္းထဲမွာလည္း ပါဝင္ထားပါေသးတယ္ ။ ဒီ ပန္းပြင့္ အေၾကာင္းကို ေျပာရမယ္ဆိုရင္ သူ႕မွာ အျမစ္လည္း မရွိသလို ပင္စည္ေတြ ၊ အ႐ြက္ေတြလည္း မရွိပါဘူးတဲ့ ။ ထူးျခားခ်က္ကေတာ့ ထို ပန္းပြင့္ေတြဟာ သူတို႔ရဲ႕ အ႐ြယ္အစား တစ္ခုထဲ ေၾကာင့္ နာမည္ႀကီးေနတာ မဟုတ္ပဲ သူ႕ရဲ႕ အနံ႕ကလည္း အသားပုပ္ နံ႕လိုမ်ိဳး ရွိတာေၾကာင့္ ထူးဆန္းတယ္လို႔ ေျပာရမွာပါ ။ လက္ရွိမွာေတာ့ Rafflesia ပန္းေတြဟာ မ်ိဳးတုန္းနိုင္တဲ့ အပင္စာရင္းထဲ ပါဝင္ေနတာေၾကာင့္ သဘာပတ္ဝန္းက်င္ အဖြဲ႕ေတြက ထိန္းသိမ္း ေစာင့္ေရွာက္ ေပးထားရပါတယ္ ။

 

 

၅ ။ ေရေပၚေျပးနိုင္တဲ့ ဖြတ္ပုတက္

 

 

ေနာက္တစ္ခုကေတာ့ ထူးထူးျခားျခား အေနနဲ႕ ေရေပၚမွာ ေျပးနိုင္တဲ့ ဖြတ္ပုတက္ အေၾကာင္းကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္ ။ ဒီ အေကာင္ေလးေတြကို Jesus Lizards လို႔ ေခၚၾကေပမယ့္ မ်ားေသာအားျဖင့္ကေတာ့ basilisks ဆိုၿပီး ေခၚၾကတာပါ ။ Basilisks ေလးေတြကို နာမည္ႀကီးေစတဲ့ အေၾကာင္းရင္းကေတာ့ သူတို႔ရဲ႕ ေရေပၚမွာ ေျပးနိုင္တဲ့ စြမ္းရည္ေၾကာင့္ပဲ ျဖစ္ပါတယ္ ။ ဒီစြမ္းရည္ကိုေတာ့ အမဲလိုက္တဲ့အခါ နဲ႕ သားေကာင္ လက္ က လြတ္ေအာင္ ေျပးတဲ့အခါမွာ အသုံးျပဳေလ့ရွိပါတယ္တဲ့ ။ ဒါ့အျပင္ Basilisks အေကာင္ေလးေတြဟာ အေမဇုန္ေတာထဲက ေရကန္ နဲ႕ ျမစ္ဖ်ားအနီးနားေတြမွာ အေနမ်ားေလ့ရွိၾကပါတယ္ ။

 

 

၆ ။ ေရွးေခတ္ကလူေတြ အေျခခ်ေနထိုင္ခဲ့တဲ့ ေနရာမ်ား

 

 

အခုေနာက္ဆုံး ေျပာျပေပးမွာကေတာ့ ေရွးေခတ္က လူေတြ အေမဇုန္ေတာထဲမွာ အေျခခ်ေနထိုင္ခဲ့တဲ့ ေနရာေတြ အေၾကာင္းပဲ ျဖစ္ပါတယ္ ။ ဒီေနရာေတြကိုေတာ့ ( ၂၀၁၈ ) ခုႏွစ္ မွာ သုေတသီ အဖြဲ႕တစ္ဖြဲ႕က ရွာေတြ႕ခဲ့တာ ျဖစ္ၿပီး ေလ့လာၾကည့္တဲ့ အခါမွာေတာ့ လြန္ခဲ့တဲ့ ( ၁၂၅၀ ) ကေန ( ၁၅၀၀ ) ခုႏွစ္တုန္းက ေနထိုင္ခဲ့ၾကတဲ့ ေနရာေတြ ျဖစ္နိုင္တယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္ ။ ဒါ့အျပင္ အေမဇုန္ေတာႀကီးထဲမွာ အခုလိုမ်ိဳး အေျခခ်ေနထိုင္ခဲ့ၾကတဲ့ ေနရာေဟာင္းေတြ ရာနဲ႕ခ်ီ ရွိပါေသးတယ္တဲ့ ။ ဒီ ေနရာေတြနဲ႕ ပတ္သတ္ၿပီး ပညာရွင္ေတြ အၾကားမွာ သေဘာထား အျမင္မတူတာေတြ ရွိေနေသးတာေၾကာင့္ ယေန႕အခ်ိန္အထိ အေသးစိတ္ ေလ့လာေနၾကေသးတာပဲ ျဖစ္ပါတယ္ ။

 

 

အခုေဖာ္ျပေပးထားတာကေတာ့ အေမဇုန္ ေတာနက္ႀကီးထဲမွာ ေတြ႕ရွိနိုင္တဲ့ ထူးထူးျခားျခား အရာေတြထဲက တစ္ခ်ိဳ႕ကို ေျပာျပေပးထားတာပဲ ျဖစ္ပါတယ္ ။ ေနာက္ပိုင္းေတြမွာလည္း အခုလိုမ်ိဳး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေလးေတြကို ရွာေဖြတင္ဆက္ေပးမွာမို႔လို႔ ေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦးေနာ္

Crd

Unicode

အမေဇုန် တောနက်ကြီးထဲက လူသိနည်းလှတဲ့ ထူးထူးခြားခြား အရာများ

အခုတစ်ခါမှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အမေဇုန် တောနက်ကြီးထဲမှာ တွေ့ရှိနိုင်တဲ့ ထူးထူးခြားခြား အရာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ကမ္ဘာပေါ်က နာမည်ကြီး မိုးသစ်တော ဖြစ်တဲ့ အမေဇုန် တောနက်ကြီးထဲမှာ ဘယ်လို ထူးခြားတဲ့ အရာတွေ ရှိမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် .

၁ ။ ထူးဆန်းတဲ့ လူမျိုးစုများ

အမေဇုန် တောနက်ကြီးထဲမှာ ဆိုရင် လူမျိုးစု တွေ အတော်များများလည်း နေထိုင်ကြတာပါ ။ အချက်အလက်တွေအရတော့ ဒီ တောနက်ကြီးထဲမှာ နေကြတဲ့ လူမျိုးစုတွေဟာ သူတို့ အတွက် အစားအစာ ၊ အဝတ်အစား နဲ့ ဆေးဝါးတွေက အစ အမေဇုန် တောထဲကနေပဲ ရယူကြတာ ဖြစ်ပါတယ်တဲ့ ။ ဒါကို ကြည့်မယ်ဆိုရင် လူမျိုးစုတွေဟာ အပြင်လောက နဲ့ သိပ်အဆက်အသွယ်မလုပ်ပဲ အမေဇုန်တောထဲမှာသာ အမြဲလိုလို နေထိုင်ကြတဲ့ သဘောပါပဲ ။ နောက်ထပ် ချီးကျူးစရာ ကောင်းတဲ့အချက်က သူတို့ဟာ အမေဇုန် တောနက်ကြီးကို အမှီသဟဲပြုပြီး နေကြပေမယ့် သဘာ၀ ပတ်ဝန်းကျင် ဂေဟ စနစ်ကိုတော့ သိပ်မထိခိုက်စေပဲ ထိန်းသိမ်းကြ ပါတယ်တဲ့ ။

၂ ။ ပလတ်စတစ် စားတဲ့ မှိုလေးများ

နောက်ထပ်ပြောပြပေးမှာကတော့ အမေဇုန် တောထဲက ပလတ်စတစ် စားတဲ့ မှိုလေးတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့ရဲ့ နာမည်ကတော့ Pestalotiopsis Microspora ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ် ညစ်ညမ်းမှုကို ဖြေရှင်းပေးနိုင်တယ်လို့ သတ်မှတ်ခံထားရတာပါ ။ဒီမှိုလေးတွေကိုတော့ Yale တက္ကသိုလ် က ကျောင်းသူတစ်ဦး ဖြစ်တဲ့ Pria Anand ဆိုသူက အမေဇုန်တောထဲမှာ ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။ သူမဟာ ထို မှိုလေးတွေ ရဲ့ နမူနာ ပေါင်း ( ၆၀ ) လောက်ကို သုတေသန လုပ်ခဲ့ပြီး ဒီအထဲက တစ်ခုဟာဆိုရင် အောက်ဆီဂျင် မလိုပဲ အသက်ရှင်နိုင်တာကိုတောင် ရှာတွေ့ခဲ့ပါသေးတယ် ။

၃ ။ ကျည်ဆန် ပုရွက်ဆိတ်

အခု ပြောပြပေးမှာကတော့ အမေဇုန်တောထဲ ရောက်ရင် လုံး၀ ရှောင်သင့်တဲ့ ပုရွက်ဆိတ် အကြောင်းကို ပြောပြပေးမှာပါ ။ ဒီ ပုရွက်ဆိတ်တွေ ကို တရားဝင် ပေးထားတဲ့ နာမည်မရှိပေမယ့်လည်း အများစုကတော့ ကျည်ဆန် ပုရွက်ဆိတ်လို့ နာမည်ပေးထားပါတယ် ။ အခုလို နာမည် ပေးရတဲ့ အကြောင်းကတော့ ထို ပုရွက်ဆိတ် တစ်ခါ ကိုက်တာခံရရင် ကျည်ဆန် မှန်သလိုမျိုး နာရလို့ပဲ ဖြစ်ပါတယ် ။ နောက် တစ်ချက်ကတော့ ကျည်ဆန် ပုရွက်ဆိတ်တွေဟာ ကမ္ဘာပေါ်က အကြီးဆုံး ပုရွက်ဆိတ် မျိုးစိတ်တွေ ဖြစ်ပြီး အရွယ်အစားကလည်း ကျည်ဆန် တစ်တောင့် အရွယ်အစား ရှိပါတယ်တဲ့ ။

၄ ။ ကမ္ဘာ့အကြီးဆုံး ပန်းပွင့်

ဒီတစ်ခါ ပြောပြပေးမှာကတော့ အမေဇုန်တောထဲမှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ပန်းပွင့်ကြီး အကြောင်းပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ နာမည်ကတော့ Rafflesia လို့ ခေါ်ပြီး ကမ္ဘာ့အရှားပါးဆုံး ပန်း စာရင်းထဲမှာလည်း ပါဝင်ထားပါသေးတယ် ။ ဒီ ပန်းပွင့် အကြောင်းကို ပြောရမယ်ဆိုရင် သူ့မှာ အမြစ်လည်း မရှိသလို ပင်စည်တွေ ၊ အရွက်တွေလည်း မရှိပါဘူးတဲ့ ။ ထူးခြားချက်ကတော့ ထို ပန်းပွင့်တွေဟာ သူတို့ရဲ့ အရွယ်အစား တစ်ခုထဲ ကြောင့် နာမည်ကြီးနေတာ မဟုတ်ပဲ သူ့ရဲ့ အနံ့ကလည်း အသားပုပ် နံ့လိုမျိုး ရှိတာကြောင့် ထူးဆန်းတယ်လို့ ပြောရမှာပါ ။ လက်ရှိမှာတော့ Rafflesia ပန်းတွေဟာ မျိုးတုန်းနိုင်တဲ့ အပင်စာရင်းထဲ ပါဝင်နေတာကြောင့် သဘာပတ်ဝန်းကျင် အဖွဲ့တွေက ထိန်းသိမ်း စောင့်ရှောက် ပေးထားရပါတယ် ။

၅ ။ ရေပေါ်ပြေးနိုင်တဲ့ ဖွတ်ပုတက်

နောက်တစ်ခုကတော့ ထူးထူးခြားခြား အနေနဲ့ ရေပေါ်မှာ ပြေးနိုင်တဲ့ ဖွတ်ပုတက် အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ် ။ ဒီ အကောင်လေးတွေကို Jesus Lizards လို့ ခေါ်ကြပေမယ့် များသောအားဖြင့်ကတော့ basilisks ဆိုပြီး ခေါ်ကြတာပါ ။ Basilisks လေးတွေကို နာမည်ကြီးစေတဲ့ အကြောင်းရင်းကတော့ သူတို့ရဲ့ ရေပေါ်မှာ ပြေးနိုင်တဲ့ စွမ်းရည်ကြောင့်ပဲ ဖြစ်ပါတယ် ။ ဒီစွမ်းရည်ကိုတော့ အမဲလိုက်တဲ့အခါ နဲ့ သားကောင် လက် က လွတ်အောင် ပြေးတဲ့အခါမှာ အသုံးပြုလေ့ရှိပါတယ်တဲ့ ။ ဒါ့အပြင် Basilisks အကောင်လေးတွေဟာ အမေဇုန်တောထဲက ရေကန် နဲ့ မြစ်ဖျားအနီးနားတွေမှာ အနေများလေ့ရှိကြပါတယ် ။

၆ ။ ရှေးခေတ်ကလူတွေ အခြေချနေထိုင်ခဲ့တဲ့ နေရာများ

အခုနောက်ဆုံး ပြောပြပေးမှာကတော့ ရှေးခေတ်က လူတွေ အမေဇုန်တောထဲမှာ အခြေချနေထိုင်ခဲ့တဲ့ နေရာတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီနေရာတွေကိုတော့ ( ၂၀၁၈ ) ခုနှစ် မှာ သုတေသီ အဖွဲ့တစ်ဖွဲ့က ရှာတွေ့ခဲ့တာ ဖြစ်ပြီး လေ့လာကြည့်တဲ့ အခါမှာတော့ လွန်ခဲ့တဲ့ ( ၁၂၅၀ ) ကနေ ( ၁၅၀၀ ) ခုနှစ်တုန်းက နေထိုင်ခဲ့ကြတဲ့ နေရာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ် ။ ဒါ့အပြင် အမေဇုန်တောကြီးထဲမှာ အခုလိုမျိုး အခြေချနေထိုင်ခဲ့ကြတဲ့ နေရာဟောင်းတွေ ရာနဲ့ချီ ရှိပါသေးတယ်တဲ့ ။ ဒီ နေရာတွေနဲ့ ပတ်သတ်ပြီး ပညာရှင်တွေ အကြားမှာ သဘောထား အမြင်မတူတာတွေ ရှိနေသေးတာကြောင့် ယနေ့အချိန်အထိ အသေးစိတ် လေ့လာနေကြသေးတာပဲ ဖြစ်ပါတယ် ။

အခုဖော်ပြပေးထားတာကတော့ အမေဇုန် တောနက်ကြီးထဲမှာ တွေ့ရှိနိုင်တဲ့ ထူးထူးခြားခြား အရာတွေထဲက တစ်ချို့ကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်

Crd

About the author

admm