ကမၻာပ်က္သြားရင္ ကမၻာကို ျပန္လည္ေမြးဖြားနိုင္ဖို့ လူသားေတြ ျပင္ဆင္ေနတဲ့ အရာ

ကမၻာပ်က္သြားရင္ ကမၻာကို ျပန္လည္ေမြးဖြားနိုင္ဖို့ လူသားေတြ ျပင္ဆင္ေနတဲ့ အရာ

 

 

 

မဂၤလာပါ ပရိသတ္ႀကီးေရ ဒီီတစ္ေခါက္တင္ဆက္ေပးမွာကေတာ့ အေၾကာင္းေၾကာင္းေၾကာင့္ ကမၻာေျမေပၚက အပင္ေတြမ်ိဳးသုဥ္းေပ်ာက္ကြယ္သြားခဲ့တဲ့အခါမွာ ကမၻာႀကီးကို အသစ္တစ္ဖန္ျပန္လည္ ေမြးဖြားေပးနိုင္မယ့္ ေနရာတစ္ခုအေၾကာင္းပဲျဖစ္ပါတယ္။

ယေန႔ ကၽြန္ေတာ္တို့ေနထိုင္တဲ့ ကမၻာႀကီးဟာ လူသားေတြေၾကာင့္ျဖစ္ေပၚတဲ့ ေဘးနဲ႔ သဘာဝေဘးဒဏ္ေတြေၾကာင့္ ရာသီဥတုေတြေျပာင္းလဲကာ တျဖည္းျဖည္း ပ်က္စီးစျပဳလာေနၿပီ ဆိုတာ ဘယ္သူမွျငင္းဆန္လို့မရတဲ့ အမွန္တရားတစ္ခုပဲျဖစ္ပါတယ္။

 

 

တကယႅို႔မ္ား ကမၻာႀကီးရဲ့တခ်ိဳ့ေဒသေတြမွာ သဘာဝကပ္ ေဘးအႏၲရာယ္ဆိုးေတြလိုမ်ိဳး၊ ဒါမွမဟုတ္ န်ဴကလီးယားစစ္ပြဲေတြ ျဖစ္ပြားတဲ့အခါ မ်ိဳးေတြမွာ ေတာ့ အဲဒီေဒသမွာရွိတဲ့ အပင္ေတြဟာလည္း က်ိန္းေသေပါက္မ်ိဳးတုန္းေပ်ာက္ကြယ္သြားမွာျဖစ္ပါတယ္။

ဒီလိုမ်ိဳးအပင္ေတြမရွိေတာ့တဲ့အခါမွာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြနဲ႔အတူ လူသားေတြဟာလည္းအေႏွးနဲ႔ အျမန္ ေပ်ာက္ကြယ္မ်ိဳးသုဥ္းရမွာပဲျဖစ္ပါတယ္။ အဲဒီလို အပင္ေတြ ေပ်ာက္ကြယ္မ်ိဳးတုန္းမယ့္ အႏၲရာယ္မ်ိဳးၾကဳံလာတဲ့အခါမွာ ျပန္လည္အစားထိုးနိုင္ဖို့ အစီအစဥ္တစ္ရပ္ကို သိပၸံပညာရွင္ေတြက အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

 

 

ဒါေကတာ့ ကမၻာေပၚက အပင္မ်ိဳးစိတ္ေတြရဲ့ မ်ိဳးေစ့ေတြကို တစ္ေနရာတည္းမွာ ခိုင္ခံ့လုံျခဳံစြာ ထိန္းသိမ္းထားဖို့ပဲျဖစ္ပါတယ္။ ဒီမ်ိဳးေစ့ဘဏ္ကိုေတာ့ သဘာဝအေလ်ာက္ ေအးခဲတဲ့ရာသီဥတုမ်ိဳးရွိေနတဲ့ ေနာ္ေဝး နိုင္ငံ Svalbard (႐ြဗားဘာ့) ေဒသမွာ ထားရွိဖို့အားလုံးသေဘာတူခဲ့ၿပီး ဒီအေဆာက္အဦးကိုလည္း ကမၻာမွာ အေရးအႀကီးဆုံးေနရာတစ္ေနရာလို့ တညီတညြတ္တည္းသတ္မွတ္ခဲ့ၾကပါတယ္။

ေျမာက္ဝင္ရိုးစြန္း အာတိတ္ေဒသနဲ႔ ထိစပ္ေနတဲ့ ေနာ္ေဝနိုင္ငံရဲ့အႀကီးဆုံးကၽြန္း Spitsbergen (စပစ္ဘာဂမ္) ကေတာင္တစ္လုံးရဲ့ေအာက္ အတြင္းဘက္မွာ ႀကီးမားရွည္လ်ားတဲ့ ဂိုေထာင္ႀကီး တစ္လုံးကိုတည္ေဆာက္ခဲ့ၾကပါတယ္။

ဒီအေဆာက္အဦးႀကီးအတြင္းမွာ သိပၸံပညာရွင္ေတြဟာ ကမၻာေပၚက ရွိသမၽွအပင္တိုင္းရဲ့ မ်ိဳးေစ့ေတြကို ထိန္းသိမ္းထားပါတယ္။ ေနာင္မျမင္နိုင္တဲ့အနာဂါတ္မွာ အပင္ေတြကို ျပန္လည္အစားထိုးစိုက္ပ်ိဳးနိုင္ဖို့ ဒီလိုထိန္းသိမ္းထားတာရတာပဲ ျဖစ္ပါတယ္။

 

 

အေဆာက္အဦး ဂိုေထာင္ႀကီး ရဲ႕ အဓိကအစိတ္အပိုင္းမ်ား
ဒီမ်ိဳးေစ့ဘဏ္ကို Svalbard Global Seed Vault (႐ြဗားဘာ့ ဂလိုဘယ္ စိ ေဗာ့သ္) လို႔ ေခၚပါတယ္။ ဂိုေထာင္ရဲ့ အရွည္က (၄၂၇) ေပ ရွည္ၿပီး မ်ိဳးေစ့ပုံစံေပါင္း (၉၈၃၃၁၆) ခန႔္သိုေလွာင္သိမ္းဆည္းထားခဲ့ၿပီးျဖစ္တယ္ လို့မွတ္တမ္းမ်ားအရသိရပါတယ္။

 

 

ဒီလိုထိန္းသိမ္းတဲ့ေနရာမွာ ေခတ္မီနည္းပညာေတြ အသုံးျပဳကာစီမံသိုေလွာင္ ထိန္းသိမ္းထားတာေၾကာင့္ ႏွစ္ေထာင္ေပါင္းမ်ားစြာအထိ ၾကာရွည္ခံနိုင္တယ္လို့ လည္းသိရပါတယ္။ ဒီဂိုေထာင္မွာ ကမၻာ့နိုင္ငံတိုင္းက အပင္ပုံစံေတြကို လက္ခံလ်က္ရွိေနၿပီး နိုင္ငံေပါင္းစုံကအပင္မ်ိဳးေစ့ေတြရွိသလို ျမန္မာနိုင္ငံကမ်ိဳးေစ့ေတြလည္း ရွိပါတယ္။

 

 

ေျမာက္ကိုရီးယားလိုနိုင္ငံမ်ိဳးကေတာင္ လာေရာက္အပ္ႏွံထားတဲ့ မ်ိဳးေစ့ေတြေတာင္ပါဝင္တယ္လို့ သိရပါတယ္။ အပင္ပုံစံေတြကို ေသတၱာေတြနဲ႔ အကန႔္အလိုက္ခြဲထားပါတယ္။ ဒီအပင္မ်ိဳးေစ့ေတြကို စစ္ပြဲေတြေၾကာင့္ ပ္ကၥီးၾသားခဲ့တဲ့ ဆီးရီးယားနိုင္ငံ Aleppo (အလကၸို) ၿမိဳ့အနီးမွာ ပထမဆုံး အသုံးခ်သြားမယ္ဖို့စီစဥ္ထားေၾကာင္းလည္း သိရပါတယ္။

 

 

ဒီအစီအစဥ္ကို ေနာ္ေဝနိုင္ငံနဲ႔အကူအညီနဲ႔ Crop Trust အဖြဲ႕အစည္းက စတင္ခဲ့တာျဖစ္ၿပီး Svalbard Global Seed Vault ကို (၂၀ဝ၈) ခုႏွစ္မွာတည္းက စတင္ဖြင့္လွစ္ခဲ့ တာပဲျဖစ္ပါတယ္။ ဒီအေဆာက္အဦးႀကီးအတြက္ ကုႏၠ္စရိေတၠတာ့ အေမရိကန္ေဒၚလာ (၉) သန္း ျဖစ္ပါတယ္။ ဒီဂိုေထာင္ကို အျမဲလိုလိုေသာ့ခတ္ထားေလ့ရွိၿပီး လူအနည္းငယ္ပဲ ဒီဂိုေထာင္ထဲကို ဝင္ထြက္ခြင့္ရွိတယ္လို့လည္းသိရပါတယ္။

 

 

ေရခဲေနတဲ့ ဒီအေဆာက္အဦးရွိရာေဒသမွာ မႏွစ္ကတုန္းက အပူခ်ိန္အလြန္ျမင့္တက္လာတဲ့အတြက္ ေရခဲေတြအေရေပ်ာ္ကာ အေဆာက္အဦး ဥမင္လိုဏ္ေခါင္းထဲကို ေရေတြဝင္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ အေဆာက္အဦးေဘးမွာ ေျမာင္းေတြေဖာက္လိုက္ၿပီး ေရမစိမ့္နိုင္တဲ့ နံရံအသစ္ေတြကိုပါ ထပၼံ တပ္ဆင္လိုက္ၿပီျဖစ္လို့ အေဆာက္အဦးဟာ အခုအခ်ိန္မွာေတာ့ ပိုမိုခိုင္ခံ့ခဲ့ၿပီျဖစ္ေၾကာင္း အသိေပးတင္ဆက္လိုက္ရပါတယ္။

Crd

Unicode

ကမ်ဘာပျက်သွားရင် ကမ်ဘာကို ပြန်လည်မွေးဖွားနိုင်ဖို့ လူသားတွေ ပြင်ဆင်နေတဲ့ အရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီီတစ်ခေါက်တင်ဆက်ပေးမှာကတော့ အကြောင်းကြောင်းကြောင့် ကမ်ဘာမြေပေါ်က အပင်တွေမျိုးသုဉ်းပျောက်ကွယ်သွားခဲ့တဲ့အခါမှာ ကမ်ဘာကြီးကို အသစ်တစ်ဖန်ပြန်လည် မွေးဖွားပေးနိုင်မယ့် နေရာတစ်ခုအကြောင်းပဲဖြစ်ပါတယ်။

ယနေ့ ကျွန်တော်တို့နေထိုင်တဲ့ ကမ်ဘာကြီးဟာ လူသားတွေကြောင့်ဖြစ်ပေါ်တဲ့ ဘေးနဲ့ သဘာဝဘေးဒဏ်တွေကြောင့် ရာသီဥတုတွေပြောင်းလဲကာ တဖြည်းဖြည်း ပျက်စီးစပြုလာနေပြီ ဆိုတာ ဘယ်သူမှငြင်းဆန်လို့မရတဲ့ အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။

တကယ္လို့မ်ား ကမ်ဘာကြီးရဲ့တချို့ဒေသတွေမှာ သဘာဝကပ် ဘေးအန္တရာယ်ဆိုးတွေလိုမျိုး၊ ဒါမှမဟုတ် နျူကလီးယားစစ်ပွဲတွေ ဖြစ်ပွားတဲ့အခါ မျိုးတွေမှာ တော့ အဲဒီဒေသမှာရှိတဲ့ အပင်တွေဟာလည်း ကျိန်းသေပေါက်မျိုးတုန်းပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

ဒီလိုမျိုးအပင်တွေမရှိတော့တဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့အတူ လူသားတွေဟာလည်းအနှေးနဲ့ အမြန် ပျောက်ကွယ်မျိုးသုဉ်းရမှာပဲဖြစ်ပါတယ်။ အဲဒီလို အပင်တွေ ပျောက်ကွယ်မျိုးတုန်းမယ့် အန္တရာယ်မျိုးကြုံလာတဲ့အခါမှာ ပြန်လည်အစားထိုးနိုင်ဖို့ အစီအစဉ်တစ်ရပ်ကို သိပ္ပံပညာရှင်တွေက အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒါကေတာ့ ကမ်ဘာပေါ်က အပင်မျိုးစိတ်တွေရဲ့ မျိုးစေ့တွေကို တစ်နေရာတည်းမှာ ခိုင်ခံ့လုံခြုံစွာ ထိန်းသိမ်းထားဖို့ပဲဖြစ်ပါတယ်။ ဒီမျိုးစေ့ဘဏ်ကိုတော့ သဘာဝအလျောက် အေးခဲတဲ့ရာသီဥတုမျိုးရှိနေတဲ့ နော်ဝေး နိုင်ငံ Svalbard (ရွဗားဘာ့) ဒေသမှာ ထားရှိဖို့အားလုံးသဘောတူခဲ့ပြီး ဒီအဆောက်အဦးကိုလည်း ကမ်ဘာမှာ အရေးအကြီးဆုံးနေရာတစ်နေရာလို့ တညီတညွတ်တည်းသတ်မှတ်ခဲ့ကြပါတယ်။

မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသနဲ့ ထိစပ်နေတဲ့ နော်ဝေနိုင်ငံရဲ့အကြီးဆုံးကျွန်း Spitsbergen (စပစ်ဘာဂမ်) ကတောင်တစ်လုံးရဲ့အောက် အတွင်းဘက်မှာ ကြီးမားရှည်လျားတဲ့ ဂိုထောင်ကြီး တစ်လုံးကိုတည်ဆောက်ခဲ့ကြပါတယ်။

ဒီအဆောက်အဦးကြီးအတွင်းမှာ သိပ္ပံပညာရှင်တွေဟာ ကမ်ဘာပေါ်က ရှိသမျှအပင်တိုင်းရဲ့ မျိုးစေ့တွေကို ထိန်းသိမ်းထားပါတယ်။ နောင်မမြင်နိုင်တဲ့အနာဂါတ်မှာ အပင်တွေကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ဖို့ ဒီလိုထိန်းသိမ်းထားတာရတာပဲ ဖြစ်ပါတယ်။

အဆောက်အဦး ဂိုထောင်ကြီး ရဲ့ အဓိကအစိတ်အပိုင်းများ
ဒီမျိုးစေ့ဘဏ်ကို Svalbard Global Seed Vault (ရွဗားဘာ့ ဂလိုဘယ် စိ ဗော့သ်) လို့ ခေါ်ပါတယ်။ ဂိုထောင်ရဲ့ အရှည်က (၄၂၇) ပေ ရှည်ပြီး မျိုးစေ့ပုံစံပေါင်း (၉၈၃၃၁၆) ခန့်သိုလှောင်သိမ်းဆည်းထားခဲ့ပြီးဖြစ်တယ် လို့မှတ်တမ်းများအရသိရပါတယ်။

ဒီလိုထိန်းသိမ်းတဲ့နေရာမှာ ခေတ်မီနည်းပညာတွေ အသုံးပြုကာစီမံသိုလှောင် ထိန်းသိမ်းထားတာကြောင့် နှစ်ထောင်ပေါင်းများစွာအထိ ကြာရှည်ခံနိုင်တယ်လို့ လည်းသိရပါတယ်။ ဒီဂိုထောင်မှာ ကမ်ဘာ့နိုင်ငံတိုင်းက အပင်ပုံစံတွေကို လက်ခံလျက်ရှိနေပြီး နိုင်ငံပေါင်းစုံကအပင်မျိုးစေ့တွေရှိသလို မြန်မာနိုင်ငံကမျိုးစေ့တွေလည်း ရှိပါတယ်။

မြောက်ကိုရီးယားလိုနိုင်ငံမျိုးကတောင် လာရောက်အပ်နှံထားတဲ့ မျိုးစေ့တွေတောင်ပါဝင်တယ်လို့ သိရပါတယ်။ အပင်ပုံစံတွေကို သေတ္တာတွေနဲ့ အကန့်အလိုက်ခွဲထားပါတယ်။ ဒီအပင်မျိုးစေ့တွေကို စစ်ပွဲတွေကြောင့် ပ်က္စီးသြားခဲ့တဲ့ ဆီးရီးယားနိုင်ငံ Aleppo (အလက္ပို) မြို့အနီးမှာ ပထမဆုံး အသုံးချသွားမယ်ဖို့စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ဒီအစီအစဉ်ကို နော်ဝေနိုင်ငံနဲ့အကူအညီနဲ့ Crop Trust အဖွဲ့အစည်းက စတင်ခဲ့တာဖြစ်ပြီး Svalbard Global Seed Vault ကို (၂၀ဝ၈) ခုနှစ်မှာတည်းက စတင်ဖွင့်လှစ်ခဲ့ တာပဲဖြစ်ပါတယ်။ ဒီအဆောက်အဦးကြီးအတွက် ကုန္က်စရိတ္ကေတာ့ အမေရိကန်ဒေါ်လာ (၉) သန်း ဖြစ်ပါတယ်။ ဒီဂိုထောင်ကို အမြဲလိုလိုသော့ခတ်ထားလေ့ရှိပြီး လူအနည်းငယ်ပဲ ဒီဂိုထောင်ထဲကို ဝင်ထွက်ခွင့်ရှိတယ်လို့လည်းသိရပါတယ်။

ရေခဲနေတဲ့ ဒီအဆောက်အဦးရှိရာဒေသမှာ မနှစ်ကတုန်းက အပူချိန်အလွန်မြင့်တက်လာတဲ့အတွက် ရေခဲတွေအရေပျော်ကာ အဆောက်အဦး ဥမင်လိုဏ်ခေါင်းထဲကို ရေတွေဝင်ခဲ့ပါသေးတယ်။ ဒါကြောင့် အဆောက်အဦးဘေးမှာ မြောင်းတွေဖောက်လိုက်ပြီး ရေမစိမ့်နိုင်တဲ့ နံရံအသစ်တွေကိုပါ ထပ္မံ တပ်ဆင်လိုက်ပြီဖြစ်လို့ အဆောက်အဦးဟာ အခုအချိန်မှာတော့ ပိုမိုခိုင်ခံ့ခဲ့ပြီဖြစ်ကြောင်း အသိပေးတင်ဆက်လိုက်ရပါတယ်။

Crd