ဆင္းရဲသားဘ၀ကေန ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္လာခဲ့တဲ့ The Rock အေၾကာင္း

ဆင္းရဲသားဘ၀ကေန ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္လာခဲ့တဲ့ The Rock အေၾကာင္း

 

 

WWE နပန္းေလာကမွာ The Rock လို႔နာမည္ေက်ာ္ လူႀကိဳက္မ်ားခဲ့တဲ့ ဒြိန္းဂြၽန္ဆင္ (Dwayne Johnson) ဟာ နပန္းေလာက ကေနအနားယူၿပီးေနာက္ပိုင္း ေဟာလိဝုဒ္႐ုပ္ရွင္ေလာက ကိုေျခစုံပစ္ဝင္ခဲ့ပါတယ္။

ႏွစ္လိုဖြယ္အၿပဳံးေတြ ေယာက်္ားပီသတဲ့သြင္ျပင္နဲ႕ ႏွစ္လိုဖြယ္ေကာင္းတဲ့ ဟန္ပန္အမူအရာေတြေၾကာင့္ ဒြိန္းဂြၽန္ဆင္ (Dwayne Johnson) ကို မသိတဲ့လူကေတာ့ ရွားလွပါတယ္။ ဒါေပမယ့္လည္း ခက္ခဲၾကမ္းတမ္းလြန္းတဲ့ သူ႕ရဲ႕ငယ္ဘဝအျဖစ္အပ်က္ အခ်ိဳ႕နဲ႕ တစ္ခ်ိဳ႕အေၾကာင္းအရာေတြကေတာ့ သိတဲ့သူအေတာ္ေလးကို ရွားမယ္လို႔ထင္ပါတယ္။

ဒါေၾကာင့္အခု ေဆာင္းပါးေလးမွာ လူသိပ္မသိေသးတဲ့ ဒြိန္းဂြၽန္ဆင္ (Dwayne Johnson) တစ္ျဖစ္လဲ The Rock ရဲ႕အေၾကာင္းအရာေတြကို ပရိသတ္ေတြသိရွိနိုင္ဖို႔အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

၁။ အသက္ (၁၇) ႏွစ္မျပည့္ခင္ (၉) ႀကိမ္ဖမ္းဆီးထိန္းသိမ္းခံခဲ့ရ

 

 

အေမရိကန္နိုင္ငံ၊ ဟာဝိုင္အီမွာ ေနထိုင္ႀကီးျပင္းခဲ့ရတဲ့ The Rock ရဲ႕ငယ္ဘဝျဖတ္သန္းမႈေတြက ၾကမ္းတမ္းလွပါတယ္။ အသက္ (၁၄) ႏွစ္အ႐ြယ္ေလာက္မွာ သူတို႔မိသားစုေနထိုင္တဲ့ တိုက္ခန္းငယ္ေလးကေန ႏွင္ခ်ခံခဲ့ရၿပီးေနာက္မွာေတာ့ The Rock တစ္ေယာက္ အခ်ိန္တိုအတြင္း ေငြမ်ားမ်ားရဖို႔ ဒုစရိုက္အလုပ္ေတြကို က်ဴးလြန္ခဲ့တယ္လို႔သိရပါတယ္။ ဒါေၾကာင့္လည္း အသက္ (၁၇) ႏွစ္မတိုင္ခင္မွာ (၉) ႀကိမ္ေလာက္ဖမ္းဆီး ထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

၂။ သူ႕အေမရဲ႕ အသက္ကိုကယ္ဆယ္ခဲ့ဖူးတဲ့ The Rock

 

 

The Rock အသက္ (၁၅) ႏွစ္အ႐ြယ္ေလာက္မွာ သူ႕အေမျဖစ္တဲ့သူဟာ တိုက္ခန္းဖယ္ေပးလိုက္ရတတဲ့ အျပင္အေႂကြးေတြကလည္းရွိေနတာေၾကာင့္ အလြန္စိတ္ဆင္းရဲ႕ၿပီး သူ႕ကိုယ္သူသတ္ေသဖို႔ႀကိဳးစားဖူးပါတယ္။ တစ္ေန႕မွာ The Rock နဲ႕ သူ႕အေမဟာ နာ့ရွ္ဗယ္လီ (Nashville) အေဝးေျပးလမ္းမေပၚမွာ ကားေမာင္းေနရင္း သူ႕အေမဟာ ႐ုတ္တရက္ ကားကို လမ္းမေပၚကေနေျပးဆင္းၿပီး ေသေၾကာင္းႀကံခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ The Rock က အလ်င္အျမန္ပဲ သူမရဲ႕လက္ေမာင္းကိုဆြဲကာ တားထားနိုင္ခဲ့တာျဖစ္ပါတယ္။

၃။ The Rock ရဲ႕ထူးျခားတဲ့ နပန္းမ်ိဳးဆက္

 

 

အဘိုးျဖစ္သူနဲ႕ အေဖျဖစ္သူကလည္း နပန္းသမားေတြျဖစ္တာေၾကာင့္ The Rock ရဲ႕ခႏၶာကိုယ္ထဲမွာလည္း နပန္းသမားေသြးကေတာ့ အျပည့္စီးဆင္းေနပါတယ္။ ဒါေၾကာင့္အခ်ိန္တန္ေတာ့ The Rock တစ္ေယာက္ နပန္းသမားတစ္ဦးျဖစ္လာခဲ့တာကလည္း မဆန္းလွပါဘူး။ ပိုထူးျခားတာက သူတို႔မ်ိဳးရိုးမွာ ေယာက်္ားေလးေတြပဲ နပန္းသမားျဖစ္ခဲ့တာမဟုတ္ဘဲ The Rock ရဲ႕အဖြားျဖစ္သူကလည္း တကယ့္ကိုေၾကးစား နပန္းသမားစစ္စစ္ တစ္ဦးျဖစ္ပါတယ္။

၄။ ေက်ာင္းေပါင္းမ်ားစြာေျပာင္းေ႐ႊ႕တက္ခဲ့ရသူ The Rock

 

 

The Rock ဟာ နပန္းသမားတစ္ဦးရဲ႕ သားျဖစ္သလို အ႐ြယ္နဲ႕မလိုက္ေအာင္ ထြားႀကိဳင္းလွတဲ့ ခႏၶာကိုယ္ေၾကာင့္ မထင္မွတ္ဘဲ ပညာေရးမွာပါ အဟန႔္အတားျဖစ္ခဲ့ပါတယ္။ ကယ္လီဖိုးနီးယား (California)၊ နယူးဇီလန္ (New Zealand)၊ နာ့ရွ္ဗယ္လီ (Nashville)၊ ပန္ဆယ္လ္ေဗးနီးယား (Pennsylvania) စတဲ့ၿမိဳ႕ကေက်ာင္းေတြမွာ ေျပာင္းေ႐ႊ႕တက္ေရာက္ခဲ့ရၿပီး အထက္တန္းၿပီးဆုံးေအာင္ ပညာသင္ခဲ့ရတယ္လို႔သိပါတယ္။

၅။ FBI နဲ႕ CIA မွာ အမႈထမ္းခ်င္ခဲ့တဲ့ The Rock

 

 

The Rock အေနနဲ႕ အထက္တန္းၿပီးဆုံးခဲ့ခ်ိန္မွာ ရာဇဝတ္မႈ နဲ႕ ဇီဝကမၼေဗဒ ကိုေလ့လာခဲ့ၿပီး ဘာသာရပ္ႏွစ္ခုစလုံးမွာ ဘြဲ႕ရရွိခဲ့တယ္လို႔သိရပါတယ္။ အဲ့ဒီအခ်ိန္က အေမရိကန္မဂၢဇင္းတစ္ေစာင္ျဖစ္တဲ့ Rolling Stone နဲ႕ အင္တာဗ်ဴးမွာ The Rock က သူ႕အေနနဲ႕ တစ္ခ်ိန္ခ်ိန္မွာ FBI ဒါမွမဟုတ္ CIA အတြက္ အလုပ္လုပ္ခ်င္တယ္လို႔ ေျပာခဲ့ဖူးေၾကာင္းသိရပါတယ္။

၆။ နပန္းသမားဘဝအစမွာ လူမုန္းမ်ားခဲ့တဲ့ The Rock

 

 

The Rock ရဲ႕ ႐ုပ္ရည္သြင္ျပင္ေတြက ပရိသတ္ေတြအတြက္ မႏွစ္ၿမိဳ႕စရာ စက္ဆုပ္႐ြံ႕ရွာဖြယ္ေကာင္းတယ္လို႔ သင့္အေနနဲ႕ မယူဆေလာက္ဘူးလို႔ေတာ့ ထင္ပါတယ္။ ဒါေပမယ့္လည္း (၁၉၉၆) ခုႏွစ္ မွာ WWE ေလာကရဲ႕ သူရဲေကာင္းတစ္ဦးျဖစ္ခဲ့တဲ့ The Rock ဟာ သူ႕ရဲ႕ေမာက္မာတဲ့ပုံစံနဲ႕ ေျပာေလ့ရွိတဲ့ ေရာ္ကီးဆပ္စ္ Rocky Sucks ဆိုတဲ့ စကားတစ္ခြန္းေၾကာင့္ လူမုန္းမ်ားခဲ့တယ္လို႔သိရပါတယ္။

၇။ အဓိပ္ပါယ်များစွာနဲ့ သူ႕ရဲ႕တက္တူး

 

 

၂၀၀၃ ခုႏွစ္မွာေတာ့ The Rock ဟာ သူ႕ရဲ႕ဘယ္ဘက္ရင္အုံေပၚက ႀကီးမားတဲ့တက္တူးႀကီးကို ပရိသတ္ေတြကို ခ်ျပခဲ့တဲ့အခ်ိန္မွာေတာ့ အားလုံးအံ့အားသင့္ခဲ့ရတယ္လို႔သိရပါတယ္။ ဒီတက္တူးဟာ ဆာမိုအာ ယဥ္ေက်းမႈဓေလ့အရ သူ႕ရဲ႕ဘိုး၊ ေဘး၊ ဘီ၊ ဘင္ေတြက ေျပာျပထားတဲ့ သူ႕ဘဝအေၾကာင္းေတြျဖစ္တယ္လို႔ဆိုပါတယ္။ ဒီတက္တူးကို ထိုးခဲ့စဥ္က နာရီ (၆၀) ေလာက္အခ်ိန္ေပးခဲ့ရတယ္လို႔သိရပါတယ္။

 

 

ဟုတ္ကဲ့ အခုေဖာ္ျပေပးသြားတာကေတာ့ WWE နပမ္းေလာကနဲ႕ ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကမွာပါ နာမည္ေက်ာ္လူႀကိဳက္မ်ားတဲ့ မင္းသားႀကီး ဒြိန္းဂြၽန္ဆင္ (Dwayne Johnson) တစ္ျဖစ္လဲ The Rock ရဲ႕လူသိပ္မသိတဲ့ ဘဝဇာတ္ေၾကာင္းေတြပဲျဖစ္ပါတယ္။

Crd

Unicode

ဆင်းရဲသားဘ၀ကနေ ဒိတ်ဒိတ်ကြဲ အောင်မြင်လာခဲ့တဲ့ The Rock အကြောင်း

WWE နပန်းလောကမှာ The Rock လို့နာမည်ကျော် လူကြိုက်များခဲ့တဲ့ ဒွိန်းဂျွန်ဆင် (Dwayne Johnson) ဟာ နပန်းလောက ကနေအနားယူပြီးနောက်ပိုင်း ဟောလိဝုဒ်ရုပ်ရှင်လောက ကိုခြေစုံပစ်ဝင်ခဲ့ပါတယ်။

နှစ်လိုဖွယ်အပြုံးတွေ ယောကျ်ားပီသတဲ့သွင်ပြင်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာတွေကြောင့် ဒွိန်းဂျွန်ဆင် (Dwayne Johnson) ကို မသိတဲ့လူကတော့ ရှားလှပါတယ်။ ဒါပေမယ့်လည်း ခက်ခဲကြမ်းတမ်းလွန်းတဲ့ သူ့ရဲ့ငယ်ဘဝအဖြစ်အပျက် အချို့နဲ့ တစ်ချို့အကြောင်းအရာတွေကတော့ သိတဲ့သူအတော်လေးကို ရှားမယ်လို့ထင်ပါတယ်။

ဒါကြောင့်အခု ဆောင်းပါးလေးမှာ လူသိပ်မသိသေးတဲ့ ဒွိန်းဂျွန်ဆင် (Dwayne Johnson) တစ်ဖြစ်လဲ The Rock ရဲ့အကြောင်းအရာတွေကို ပရိသတ်တွေသိရှိနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

၁။ အသက် (၁၇) နှစ်မပြည့်ခင် (၉) ကြိမ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ

အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီမှာ နေထိုင်ကြီးပြင်းခဲ့ရတဲ့ The Rock ရဲ့ငယ်ဘဝဖြတ်သန်းမှုတွေက ကြမ်းတမ်းလှပါတယ်။ အသက် (၁၄) နှစ်အရွယ်လောက်မှာ သူတို့မိသားစုနေထိုင်တဲ့ တိုက်ခန်းငယ်လေးကနေ နှင်ချခံခဲ့ရပြီးနောက်မှာတော့ The Rock တစ်ယောက် အချိန်တိုအတွင်း ငွေများများရဖို့ ဒုစရိုက်အလုပ်တွေကို ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်လည်း အသက် (၁၇) နှစ်မတိုင်ခင်မှာ (၉) ကြိမ်လောက်ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

၂။ သူ့အမေရဲ့ အသက်ကိုကယ်ဆယ်ခဲ့ဖူးတဲ့ The Rock

The Rock အသက် (၁၅) နှစ်အရွယ်လောက်မှာ သူ့အမေဖြစ်တဲ့သူဟာ တိုက်ခန်းဖယ်ပေးလိုက်ရတတဲ့ အပြင်အကြွေးတွေကလည်းရှိနေတာကြောင့် အလွန်စိတ်ဆင်းရဲ့ပြီး သူ့ကိုယ်သူသတ်သေဖို့ကြိုးစားဖူးပါတယ်။ တစ်နေ့မှာ The Rock နဲ့ သူ့အမေဟာ နာ့ရှ်ဗယ်လီ (Nashville) အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနေရင်း သူ့အမေဟာ ရုတ်တရက် ကားကို လမ်းမပေါ်ကနေပြေးဆင်းပြီး သေကြောင်းကြံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် The Rock က အလျင်အမြန်ပဲ သူမရဲ့လက်မောင်းကိုဆွဲကာ တားထားနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ The Rock ရဲ့ထူးခြားတဲ့ နပန်းမျိုးဆက်

အဘိုးဖြစ်သူနဲ့ အဖေဖြစ်သူကလည်း နပန်းသမားတွေဖြစ်တာကြောင့် The Rock ရဲ့ခန္ဓာကိုယ်ထဲမှာလည်း နပန်းသမားသွေးကတော့ အပြည့်စီးဆင်းနေပါတယ်။ ဒါကြောင့်အချိန်တန်တော့ The Rock တစ်ယောက် နပန်းသမားတစ်ဦးဖြစ်လာခဲ့တာကလည်း မဆန်းလှပါဘူး။ ပိုထူးခြားတာက သူတို့မျိုးရိုးမှာ ယောကျ်ားလေးတွေပဲ နပန်းသမားဖြစ်ခဲ့တာမဟုတ်ဘဲ The Rock ရဲ့အဖွားဖြစ်သူကလည်း တကယ့်ကိုကြေးစား နပန်းသမားစစ်စစ် တစ်ဦးဖြစ်ပါတယ်။

၄။ ကျောင်းပေါင်းများစွာပြောင်းရွှေ့တက်ခဲ့ရသူ The Rock

The Rock ဟာ နပန်းသမားတစ်ဦးရဲ့ သားဖြစ်သလို အရွယ်နဲ့မလိုက်အောင် ထွားကြိုင်းလှတဲ့ ခန္ဓာကိုယ်ကြောင့် မထင်မှတ်ဘဲ ပညာရေးမှာပါ အဟန့်အတားဖြစ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယား (California)၊ နယူးဇီလန် (New Zealand)၊ နာ့ရှ်ဗယ်လီ (Nashville)၊ ပန်ဆယ်လ်ဗေးနီးယား (Pennsylvania) စတဲ့မြို့ကကျောင်းတွေမှာ ပြောင်းရွှေ့တက်ရောက်ခဲ့ရပြီး အထက်တန်းပြီးဆုံးအောင် ပညာသင်ခဲ့ရတယ်လို့သိပါတယ်။

၅။ FBI နဲ့ CIA မှာ အမှုထမ်းချင်ခဲ့တဲ့ The Rock

The Rock အနေနဲ့ အထက်တန်းပြီးဆုံးခဲ့ချိန်မှာ ရာဇဝတ်မှု နဲ့ ဇီဝကမ္မဗေဒ ကိုလေ့လာခဲ့ပြီး ဘာသာရပ်နှစ်ခုစလုံးမှာ ဘွဲ့ရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအချိန်က အမေရိကန်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Rolling Stone နဲ့ အင်တာဗျူးမှာ The Rock က သူ့အနေနဲ့ တစ်ချိန်ချိန်မှာ FBI ဒါမှမဟုတ် CIA အတွက် အလုပ်လုပ်ချင်တယ်လို့ ပြောခဲ့ဖူးကြောင်းသိရပါတယ်။

၆။ နပန်းသမားဘဝအစမှာ လူမုန်းများခဲ့တဲ့ The Rock

The Rock ရဲ့ ရုပ်ရည်သွင်ပြင်တွေက ပရိသတ်တွေအတွက် မနှစ်မြို့စရာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတယ်လို့ သင့်အနေနဲ့ မယူဆလောက်ဘူးလို့တော့ ထင်ပါတယ်။ ဒါပေမယ့်လည်း (၁၉၉၆) ခုနှစ် မှာ WWE လောကရဲ့ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တဲ့ The Rock ဟာ သူ့ရဲ့မောက်မာတဲ့ပုံစံနဲ့ ပြောလေ့ရှိတဲ့ ရော်ကီးဆပ်စ် Rocky Sucks ဆိုတဲ့ စကားတစ်ခွန်းကြောင့် လူမုန်းများခဲ့တယ်လို့သိရပါတယ်။

၇။ အဓိပ်ပါယျမြားစှာနဲ့ သူ့ရဲ့တက်တူး

၂၀၀၃ ခုနှစ်မှာတော့ The Rock ဟာ သူ့ရဲ့ဘယ်ဘက်ရင်အုံပေါ်က ကြီးမားတဲ့တက်တူးကြီးကို ပရိသတ်တွေကို ချပြခဲ့တဲ့အချိန်မှာတော့ အားလုံးအံ့အားသင့်ခဲ့ရတယ်လို့သိရပါတယ်။ ဒီတက်တူးဟာ ဆာမိုအာ ယဉ်ကျေးမှုဓလေ့အရ သူ့ရဲ့ဘိုး၊ ဘေး၊ ဘီ၊ ဘင်တွေက ပြောပြထားတဲ့ သူ့ဘဝအကြောင်းတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒီတက်တူးကို ထိုးခဲ့စဉ်က နာရီ (၆၀) လောက်အချိန်ပေးခဲ့ရတယ်လို့သိရပါတယ်။

ဟုတ်ကဲ့ အခုဖော်ပြပေးသွားတာကတော့ WWE နပမ်းလောကနဲ့ ဟောလိဝုဒ် ရုပ်ရှင်လောကမှာပါ နာမည်ကျော်လူကြိုက်များတဲ့ မင်းသားကြီး ဒွိန်းဂျွန်ဆင် (Dwayne Johnson) တစ်ဖြစ်လဲ The Rock ရဲ့လူသိပ်မသိတဲ့ ဘဝဇာတ်ကြောင်းတွေပဲဖြစ်ပါတယ်။

Crd