

 

 


 

 



 

 



 

 


Crd

Unicode

သူမကို လာကန်တော့ကြတဲ့ သားကြီးတို့ဇနီးမောင်နှံကို သီတင်းကျွတ်မုန့်ဖိုးအဖြစ် ထောင်တန်အုပ်လိုက် ပေးခဲ့တဲ့ စည်ဖြိုးရဲ့မိခင်

 

 

မွန်မြတ်ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတာကတော့ သရုပ်ဆောင်ညစည်ဖြိုးပဲဖြစ်ပါတယ်။သူရဲ့အိုက်တင်တွေနဲ့ဗီဒီယိုဇာတ်ကားတွေခေတ်ကတည်းက ခုချိန်ထိအောင်မြင်သူတစ်ယောက်အဖြစ်ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

 

 

ပရိသတ်တွေအပေါ်သာမက အနုပညာမောင်နှမအချင်းချင်းအပေါ်မှာပါ ရိုးသားဖြူစင်တဲ့စိတ်ဓာတ်လေးကြောင့်ချစ်နေရတာပါ။

ခုမှာတော့စည်ဖြိုးဟာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါ။သူတို့မိသားစုလေးကလည်း အရမ်းချစ်စရာကောင်းတာကြောင့် အားကျနေရတာဖြစ်ပါတယ်။

 

 

အနုပညာအလုပ်တွေနားထားချိန်လေးမှာတော့စည်ဖြိုးဟာ မိသားစုကိုပိုအချိန်ပေးဖြစ်တာကြောင့်သူတို့မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာအမြဲလိုလိုတွေ့နေရတာပါ။အလှူအတန်းမှာလည်း ရက်ရော စိတ်ထားလေးကလည်းဖြူစင်ဆိုတော့ နေရက်တိုင်းကပျော်ရွှင်စရာတွေပြည့်နေတာပါ။

မကြာခင်မှာတော့ မြန်မာ့ရိုးရာသတင်းကျွတ်ပွဲတော်ကျရောက်တော့မှာပါ။ဒါကြောင့်စည်ဖြိုးတို့မိသားစု သူ့အကိုတို့မိသားစုဟာ သူတို့ရဲ့မိဘတွေကို စုံစုံလင်လင်နဲ့ကန်တော့နေတာဖြစ်ပါတယ်။

 

 

သားတွေမိသားစု စုံစုံလင်လင်နဲ့ကန်တော့နေတာကြောင့် မိဘတွေကလည်းစိတ်ချမ်းတွေသာနေရတာပါ။မိသားစုတွေစုံစုံလင်လင်ကန်တော့နေတာဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုကြည့်ပြီး ချစ်ပေးကြပါဦးနော်။

Crd