အမြႏၱရားကို နဂိုကထက္ပိုျမတ္ႏိ္ုးလာၿပီး ႐ိုးသားတဲ့ကရင္လူမ်ိဳးေတြနဲ႔ဆံုေတြ႕ရတာမို႔ ဘယ္ေတာ့မွ ေနာင္တရမွာ မဟုတ္ဘူးလို႔ ဆိုလာတဲ့ ေမဦး…

အမြႏၱရားကို နဂိုကထက္ပိုျမတ္ႏိ္ုးလာၿပီး ႐ိုးသားတဲ့ကရင္လူမ်ိဳးေတြနဲ႔ဆံုေတြ႕ရတာမို႔ ဘယ္ေတာ့မွ ေနာင္တရမွာ မဟုတ္ဘူးလို႔ ဆိုလာတဲ့ ေမဦး…

 

 

 

လူခ်စ္လူခင္ေပါမ်ားၿပီး ေအးေအးေဆးေဆးေနထိုင္တတ္တဲ့ ထိပ္တန္းမိတ္ကပ္ပညာရွင္ ေမဦးကေတာ့ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ကတည္းက ျဖစ္ေပၚခဲ့တဲ့ အေျခအေနမ်ိဳးမွာ ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္ေပးခဲ့ၿပီး တက္ႂကြစြာ ပါဝင္ေပးခဲ့သူပဲျဖစ္ပါတယ္။ ဒီလိုပါဝင္ခဲ့ရင္း ျပည္သူေတြရဲ႕ဆႏၵနဲ႔ ထပ္တူၾကတဲ့ ေမဦးကေတာ့ လက္ရွိမွာ ၅၀၅(က)ျဖင့္ အမႈဖြင့္ခံထားရတာေၾကာင့္ လြတ္ေျမာက္နယ္ေျမ တစ္ေနရာမွာ ေခတၱတိမ္းေရွာင္ေနရတာ ျဖစ္ပါတယ္။

 

 

လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနေပမယ့္လည္း ေမဦးကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ ျပည္သူေတြ အားမေလ်ာ့ေစဖို႔အတြက္ အၿမဲအားေပးေနတာလည္း ေတြ႕ရပါတယ္။ ခက္ခဲၾကမ္းတမ္းတဲ့ ေတာထဲကို ေရာက္ေနေပမယ့္လည္း ခ်စ္တဲ့သူေတြအတြက္ မၾကာခဏ သူ႔ရဲ႕

 

 

လႈပ္ရွားမႈေလးေတြကို ေဖာ္ျပေပးတတ္တာ ေတြ႕ရပါတယ္။ယခုမွာလည္း အမွန္တရားဘက္မွာ ရပ္တည္ေနတဲ့ ေမဦးကေတာ့ လက္ရွိႀကဳံေတြ႕ေနရတဲ့ အေျခအေနမ်ိဳးမွာ ေနာင္တရလားဆိုတဲ့ ေမးခြန္းေလးတစ္ခုကို ေျဖၾကားလာတာ ေတြ႕ရပါတယ္။

 

 

ေမဦးရဲ႕ ေလးစားစရာ ေျဖၾကားခ်က္ေလးမွာ ေနာင္တရလားေမးလာရင္ လုံးဝေနာင္တမရပါဘူး..ယခုျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကေနၿပီး ကိုယၼသိေသးတဲ့ အရာေတြကိုသင္ယူလိုက္ႏိုင္ရတယ္ ႐ိုးသားၿပီးလူသားဆန္တဲ့ကရင္လူမ်ိဳးေတြနဲ႔ မိသားစုျဖစ္ခြင့္ရခဲ့တဲ့အျပင္ Finally အမွန္တရားကိုအရင္ထက္ ျမတ္ႏိုးၿပီး အမွန္တရားဘက္မွာ ရပ္ခြင့္ရတဲ့ လူသားျဖစ္ခြင့္ရခဲ့တယ္. ဟုတ္ကဲ့ ကြၽန္ေတာ္ဘယ္ေတာ့မွေနာင္တမရပါဘူးဆိုတဲ့ ရဲရင့္ျပတ္သားတဲ့ သူရဲ႕ ခံယူခ်က္ေတြကေတာ့ ဖြင့္ဟထားခဲ့တာပါ။ စိတ္ဓာတ္ျပင္းျပတဲ့ ခံယူခ်က္ေတြနဲ႔ မေျပာင္းလဲသြားခဲ့တဲ့ ေမဦးကိုေတာ့ ပရိသတ္ေတြကလည္း အားေပးစကားေတြေျပာေပးခဲ့ပါဦးေနာ္။

Crd

Unicode

အမွန္တရားကို နဂိုကထက်ပိုမြတ်နိ်ုးလာပြီး ရိုးသားတဲ့ကရင်လူမျိုးတွေနဲ့ဆုံတွေ့ရတာမို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူးလို့ ဆိုလာတဲ့ မေဦး…

 

 

 

လူချစ်လူခင်ပေါများပြီး အေးအေးဆေးဆေးနေထိုင်တတ်တဲ့ ထိပ်တန်းမိတ်ကပ်ပညာရှင် မေဦးကတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်ပေးခဲ့ပြီး တက်ကြွစွာ ပါဝင်ပေးခဲ့သူပဲဖြစ်ပါတယ်။ ဒီလိုပါဝင်ခဲ့ရင်း ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူကြတဲ့ မေဦးကတော့ လက်ရှိမှာ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရတာကြောင့် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ခေတ္တတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

 

 

လွတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့်လည်း မေဦးကတော့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေ အားမလျော့စေဖို့အတွက် အမြဲအားပေးနေတာလည်း တွေ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တောထဲကို ရောက်နေပေမယ့်လည်း ချစ်တဲ့သူတွေအတွက် မကြာခဏ သူ့ရဲ့

 

 

လှုပ်ရှားမှုလေးတွေကို ဖော်ပြပေးတတ်တာ တွေ့ရပါတယ်။ယခုမှာလည်း အမှန်တရားဘက်မှာ ရပ်တည်နေတဲ့ မေဦးကတော့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေမျိုးမှာ နောင်တရလားဆိုတဲ့ မေးခွန်းလေးတစ်ခုကို ဖြေကြားလာတာ တွေ့ရပါတယ်။

 

 

မေဦးရဲ့ လေးစားစရာ ဖြေကြားချက်လေးမှာ နောင်တရလားမေးလာရင် လုံးဝနောင်တမရပါဘူး..ယခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကနေပြီး ကိုယ္မသိသေးတဲ့ အရာတွေကိုသင်ယူလိုက်နိုင်ရတယ် ရိုးသားပြီးလူသားဆန်တဲ့ကရင်လူမျိုးတွေနဲ့ မိသားစုဖြစ်ခွင့်ရခဲ့တဲ့အပြင် Finally အမှန်တရားကိုအရင်ထက် မြတ်နိုးပြီး အမှန်တရားဘက်မှာ ရပ်ခွင့်ရတဲ့ လူသားဖြစ်ခွင့်ရခဲ့တယ်. ဟုတ်ကဲ့ ကျွန်တော်ဘယ်တော့မှနောင်တမရပါဘူးဆိုတဲ့ ရဲရင့်ပြတ်သားတဲ့ သူရဲ့ ခံယူချက်တွေကတော့ ဖွင့်ဟထားခဲ့တာပါ။ စိတ်ဓာတ်ပြင်းပြတဲ့ ခံယူချက်တွေနဲ့ မပြောင်းလဲသွားခဲ့တဲ့ မေဦးကိုတော့ ပရိသတ်တွေကလည်း အားပေးစကားတွေပြောပေးခဲ့ပါဦးနော်။

Crd