ေျမေအာက္မွာ မီးေလာင္ေနတဲ့ သရဲေျခာက္တဲ့ၿမိဳ႕ပ်က္ႀကီး ( သို႔ ) ဆန္ထရဲလီယား

ေျမေအာက္မွာ မီးေလာင္ေနတဲ့ သရဲေျခာက္တဲ့ၿမိဳ႕ပ်က္ႀကီး ( သို႔ ) ဆန္ထရဲလီယား

 

 

 

အေမရိကန္ျပည္ေထာင္စု ပင္ဆယ္ေဗးနီးယားျပည္နယ္က ဆန္ထရဲလီယားဆိုတာ တကယ့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။

ဒီၿမိဳ႕ကိုအေၾကာင္းျပဳၿပီး ကမၻာေက်ာ္ Silent Hill ႐ုပ္ရွင္ဇာတ္လမ္းကို ရိုက္ကူးခဲ့တာျဖစ္ပါတယ္။ ဒီၿမိဳ႕ဟာအေမရိကန္ျပည္ေထာင္စုရဲ႕ ေခ်ာက္ခ်ားစရာအေကာင္းဆုံး ေနရာေတြထဲမွာတစ္ခုပါဝင္ပါတယ္။

 

 

ဆန္ထရဲလီယားက ေျမယာေတြကို Locust Mountain Coal and Iron Company လို႔ေခၚတဲ့ ေက်ာက္မီးေသြးနဲ႕ သံတူးေဖာ္ေရးကုမၸဏီက စတင္ဝယ္ယူၿပီးေနာက္ ၁၈၄၂ ခုႏွစ္ကစလို႔ သတၱဳတူးေဖာ္ေရးၿမိဳ႕တစ္ခုျဖစ္ခဲ့ပါတယ္။

သတၱဳတြင္းကို ေဖာက္လုပ္ေျပးဆြဲတဲ့ရထားလမ္းကို ၁၈၅၄ ခုႏွစ္မွာ ေဖာက္လုပ္ခဲ့ၿပီးေနာက္ တြင္းထြက္ေက်ာက္မီးေသြးေတြကို သယ္ထုတ္ခဲ့ပါတယ္။ ေျမေအာက္ေက်ာ္ကမီးေသြးေတြ မီးေလာင္ကြၽမ္းမႈမျဖစ္ခင္ ၁၉၆၂ ခုႏွစ္တိုင္ေအာင္ဆန္ထရဲလီယားဟာ အသုံးျပဳေနဆဲသတၱဳတြင္းတစ္ခုျဖစ္ခဲ့ပါတယ္။

 

 

မီးစတင္ေလာင္ကြၽမ္းရတဲ့ အေၾကာင္းအရင္းကိုေတာ့ အခုအခ်ိန္ထိေအာင္ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ ေျမေအာက္မီးဖိုႀကီးအျဖစ္ ဆန္းက်ယ္စြာပဲ စတင္ေလာင္ကြၽမ္းသြားတာျဖစ္ပါတယ္။

၁၉၆၆ ခုႏွစ္မွာေတာ့ ၿမိဳ႕ကိုဆက္သြယ္တဲ့ ရထားလမ္းအဆုံး သတ္ခဲ့ၿပီးေနာက္ ၿမိဳသူၿမိဳ႕သားေတြဟာလည္း ဆန္ထရဲလီယားကိုစတင္စြန႔္ခြာခဲ့ၾကပါတယ္။ ၁၉၈၀ ခုႏွစ္မွာေတာ့ ၿမိဳ႕ထဲမွာ လူဦးေရ ၁၀၁၂ သာက်န္ေတာ့ၿပီး အနီးနားဝန္းက်င္မွာေနထိုင္သူ ၅၀၀-၆၀၀ ေလာက္ရွိခဲ့ပါတယ္။

 

 

၂၀၁၆ ခုႏွစ္အေရာက္မွာ ၿမိဳ႕သူၿမိဳ႕သား ၁၀ ေယာက္ေလာက္သာ ေနထိုင္ၾကေတာ့တာေၾကာင့္ ၿမိဳ႕ပ်က္ႀကီး သို႔မဟုတ္ ေခ်ာက္ခ်ားဖြယ္ရာ သရဲၿမိဳ႕အသြင္ျဖစ္လာပါတယ္။

ၿမိဳ႕ပ်က္ႀကီးဟာ လူသူကင္းမဲ့၊ အေငြ႕အသက္ကင္းမဲ့ေန႐ုံသာမက ပတ္ဝန္းက်င္ဟာလည္း တုန္လႈပ္စရာေကာင္းလွပါတယ္။

 

 

ၿမိဳ႕ကေနထြက္သြားဖို႔ ျငင္းပယ္သူေတြရဲ႕ ဝိဉာဏ္ေတြကို ၿမိဳ႕ႀကီးက ေလွာင္ပိတ္ထားလိုက္တယ္ဆိုတဲ့ စကားေတြလည္း ပ်ံ့ႏွံ႕ခဲ့သလို ၿမိဳ႕ထဲမွာလူသူေျမာက္ျမားစြာလည္း ေသဆုံးခဲ့ရပါေသးတယ္။

ၿမိဳ႕ကိုသြားေရာက္လည္ပတ္ခဲ့သူေတြဟာ နာနာဘာဝ၊ သရဲတစ္ေဆ၊ မ်က္ႏွာမ်ား၊ သ႑ာန္မ်ားနဲ႕ တျခားထိတ္လန႔္စရာနိမိတ္အမ်ိဳးမ်ိဳးေတြ႕ခဲ့ရတယ္လို႔ ျပန္ေျပာခဲ့ၾကပါတယ္။

လူေျပာသူေျပာအမ်ားဆုံးကေတာ့ ၿမိဳ႕ထဲမွာတစ္ကိုယ္လုံးျပာေတြဖုံးလႊမ္းေနတဲ့ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ သခၤ်ိဳင္းကုန္းနားမွာ ေလွ်ာက္သြားေနတယ္ဆိုတာပါပဲ။

 

 

တစ္ခ်ိဳ႕ေတြကေတာ့ ၿမိဳ႕ထဲမွာေအာ္သံေတြညည္းသံေတြ ၾကားရေၾကာင္း၊ ေျမႀကီးထဲကေန မီးေတာက္နဲ႕ပုံေဖာ္ထားတဲ့ မေကာင္း ဆိုးဝါးမ်က္ႏွာေတြ ထြက္ထြကလာတတ္ေၾကာင္း ေျပာၾကပါတယ္။

၁၉၆၂ ခုႏွစ္ကတည္းက စတင္ေလာင္ကြၽမ္းေနတဲ့ေက်ာက္ မီးေသြးေတြဟာ အခုအခ်ိန္ထိလည္း ေလာင္ကြၽမ္းေနဆဲပါပဲ။

ေနာက္ထပ္ႏွစ္ေပါင္း ၂၅၀ တိုင္တိုင္ ဆက္လက္ေလာင္ကြၽမ္းနိုင္တယ္လို႔ သိရပါတယ္။ ဒီၿမိဳ႕ပ်က္ႀကီးကို ငရဲဘုံရဲ႕ဝင္ေပါက္လို႔လည္း တင္စားၾကပါတယ္။

 

 

ဒီလိုနာမည္တြင္ခ်ိန္ကစလို႔ ၿမိဳ႕သူၿမိဳ႕သားေတြ စတင္စြန႔္ခြာခဲ့တာလည္းျဖစ္နိုင္ပါတယ္။

ေျမေအာက္မွာ မီးေလာင္ကြၽမ္းေနမႈေၾကာင့္ ေျမျပင္ေပၚကို အူတက္လာတဲ့ မီးခိုးေတြဟာ ၿမိဳ႕ပ်က္ႀကီးကို ေခ်ာက္ခ်ားသထက္ ပိုေခ်ာက္ခ်ားရေလေအာင္ ပုံေဖာ္ေပးလ်က္ရွိပါတယ္။

Crd

Unicode

မြေအောက်မှာ မီးလောင်နေတဲ့ သရဲခြောက်တဲ့မြို့ပျက်ကြီး ( သို့ ) ဆန်ထရဲလီယား

အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်က ဆန်ထရဲလီယားဆိုတာ တကယ့်မြို့တစ်မြို့ဖြစ်ပါတယ်။

ဒီမြို့ကိုအကြောင်းပြုပြီး ကမ္ဘာကျော် Silent Hill ရုပ်ရှင်ဇာတ်လမ်းကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီမြို့ဟာအမေရိကန်ပြည်ထောင်စုရဲ့ ချောက်ချားစရာအကောင်းဆုံး နေရာတွေထဲမှာတစ်ခုပါဝင်ပါတယ်။

ဆန်ထရဲလီယားက မြေယာတွေကို Locust Mountain Coal and Iron Company လို့ခေါ်တဲ့ ကျောက်မီးသွေးနဲ့ သံတူးဖော်ရေးကုမ္ပဏီက စတင်ဝယ်ယူပြီးနောက် ၁၈၄၂ ခုနှစ်ကစလို့ သတ္တုတူးဖော်ရေးမြို့တစ်ခုဖြစ်ခဲ့ပါတယ်။

သတ္တုတွင်းကို ဖောက်လုပ်ပြေးဆွဲတဲ့ရထားလမ်းကို ၁၈၅၄ ခုနှစ်မှာ ဖောက်လုပ်ခဲ့ပြီးနောက် တွင်းထွက်ကျောက်မီးသွေးတွေကို သယ်ထုတ်ခဲ့ပါတယ်။ မြေအောက်ကျော်ကမီးသွေးတွေ မီးလောင်ကျွမ်းမှုမဖြစ်ခင် ၁၉၆၂ ခုနှစ်တိုင်အောင်ဆန်ထရဲလီယားဟာ အသုံးပြုနေဆဲသတ္တုတွင်းတစ်ခုဖြစ်ခဲ့ပါတယ်။

မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုတော့ အခုအချိန်ထိအောင် ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ မြေအောက်မီးဖိုကြီးအဖြစ် ဆန်းကျယ်စွာပဲ စတင်လောင်ကျွမ်းသွားတာဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်မှာတော့ မြို့ကိုဆက်သွယ်တဲ့ ရထားလမ်းအဆုံး သတ်ခဲ့ပြီးနောက် မြိုသူမြို့သားတွေဟာလည်း ဆန်ထရဲလီယားကိုစတင်စွန့်ခွာခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်မှာတော့ မြို့ထဲမှာ လူဦးရေ ၁၀၁၂ သာကျန်တော့ပြီး အနီးနားဝန်းကျင်မှာနေထိုင်သူ ၅၀၀-၆၀၀ လောက်ရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အရောက်မှာ မြို့သူမြို့သား ၁၀ ယောက်လောက်သာ နေထိုင်ကြတော့တာကြောင့် မြို့ပျက်ကြီး သို့မဟုတ် ချောက်ချားဖွယ်ရာ သရဲမြို့အသွင်ဖြစ်လာပါတယ်။

မြို့ပျက်ကြီးဟာ လူသူကင်းမဲ့၊ အငွေ့အသက်ကင်းမဲ့နေရုံသာမက ပတ်ဝန်းကျင်ဟာလည်း တုန်လှုပ်စရာကောင်းလှပါတယ်။

မြို့ကနေထွက်သွားဖို့ ငြင်းပယ်သူတွေရဲ့ ဝိဉာဏ်တွေကို မြို့ကြီးက လှောင်ပိတ်ထားလိုက်တယ်ဆိုတဲ့ စကားတွေလည်း ပျံ့နှံ့ခဲ့သလို မြို့ထဲမှာလူသူမြောက်မြားစွာလည်း သေဆုံးခဲ့ရပါသေးတယ်။

မြို့ကိုသွားရောက်လည်ပတ်ခဲ့သူတွေဟာ နာနာဘာဝ၊ သရဲတစ္ဆေ၊ မျက်နှာများ၊ သဏ္ဍာန်များနဲ့ တခြားထိတ်လန့်စရာနိမိတ်အမျိုးမျိုးတွေ့ခဲ့ရတယ်လို့ ပြန်ပြောခဲ့ကြပါတယ်။

လူပြောသူပြောအများဆုံးကတော့ မြို့ထဲမှာတစ်ကိုယ်လုံးပြာတွေဖုံးလွှမ်းနေတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် သင်္ချိုင်းကုန်းနားမှာ လျှောက်သွားနေတယ်ဆိုတာပါပဲ။

တစ်ချို့တွေကတော့ မြို့ထဲမှာအော်သံတွေညည်းသံတွေ ကြားရကြောင်း၊ မြေကြီးထဲကနေ မီးတောက်နဲ့ပုံဖော်ထားတဲ့ မကောင်း ဆိုးဝါးမျက်နှာတွေ ထွက်ထွကလာတတ်ကြောင်း ပြောကြပါတယ်။

၁၉၆၂ ခုနှစ်ကတည်းက စတင်လောင်ကျွမ်းနေတဲ့ကျောက် မီးသွေးတွေဟာ အခုအချိန်ထိလည်း လောင်ကျွမ်းနေဆဲပါပဲ။

နောက်ထပ်နှစ်ပေါင်း ၂၅၀ တိုင်တိုင် ဆက်လက်လောင်ကျွမ်းနိုင်တယ်လို့ သိရပါတယ်။ ဒီမြို့ပျက်ကြီးကို ငရဲဘုံရဲ့ဝင်ပေါက်လို့လည်း တင်စားကြပါတယ်။

ဒီလိုနာမည်တွင်ချိန်ကစလို့ မြို့သူမြို့သားတွေ စတင်စွန့်ခွာခဲ့တာလည်းဖြစ်နိုင်ပါတယ်။

မြေအောက်မှာ မီးလောင်ကျွမ်းနေမှုကြောင့် မြေပြင်ပေါ်ကို အူတက်လာတဲ့ မီးခိုးတွေဟာ မြို့ပျက်ကြီးကို ချောက်ချားသထက် ပိုချောက်ချားရလေအောင် ပုံဖော်ပေးလျက်ရှိပါတယ်။

Crd