

 

 

 



 

 



 

 



 

 




 

 




 

 


Crd

Unicode

ချစ်သူလေးဧငြိမ်းဖြူနဲ့ ပြန်အဆင်ပြေသွားပြီး အရင်လိုပြန်တွဲနေပြီဖြစ်ကြောင်း အသိပေးလိုက်တဲ့ အဆိုတော်ရဲရင့်အောင်

အချစ်သီချင်း၊Rap သီချင်းတွေနဲ့တူတူ လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိထားတာကတော့

အဆိုတော်ရဲရင့်အောင်ပဲဖြစ်ပါတယ်။သူကတော့ R&B သီချင်းတွေနဲ့အတူ အသက်ငယ်ငယ်လေးနဲ့

အောင်မြင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ကိုယ်တော်အခွေတွေလည်းထုတ်နိုင်ခဲ့ပါတယ်။

ခုနောက်ပိုင်း သီချင်းသစ်တွေနဲ့ဝေးကွာနေပေမယ့်လည်း သူ့သီချင်းတွေကယနေ့ချိန်ထိတိုင်

လူငယ်ပရိသတ်တွေနားထောင်နေတုန်းဖြစ်ပါတယ်။

အဆိုတော်အလုပ်အပြင်ရုပ်ရှင်ဇာတ်ကားတစ်ချို့လည်းရိုက်ကူးခဲ့ရပြီး ပရိသတ်တွေလက်ခံအားပေးခဲ့တာပါ။

အောင်မြင်တဲ့လူတစ်ယောက်ဖြစ်တာကြောင့်လည်း ပျော်ရွှင်စရာကောင်းတဲ့Relationship ကိုလည်းပိုင်ဆိုင်ထားတာပါ။

သူရဲ့ချစ်သူဖြစ်တဲ့ ဧငြိမ်းဖြူနဲ့လည်း လွန်ခဲ့တဲ့လပိုင်းအတွင်းက လမ်းခွဲခဲ့ပြီဆိုတဲ့သတင်းတွေထွက်လာပြီး

နောက်ပိုင်း ပရိသတ်တွေလည်းစိတ်မကောင်းဖြစ်ခဲ့ရတာပါ။ခုမှာတော့ ရဲရင့်အောင်ဟာသူ့ရဲ့My dayကနေပြီး

ဧငြိမ်းဖြူကိုချီထားတဲ့ပုံရိပ်လေးကိုတင်ထားတာပါ။ဒါကြောင့်သူတို့နှစ်ယောက်လုံးပြန်အဆင်ပြေပြီး

အရင်လိုပျော်ရွှင်စရာပုံရိပ်တွေ မြင်ရတော့မှာကြောင့် ပရိသတ်တွေလည်း ဝမ်းသာနေကြတာပါ။

သူတို့နှစ်ယောက်ဘယ်လောက်အရင်ကပျော်ရွှင်စရာကောင်းလဲဆိုတာကတော့

အောက်ကပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Crd