Louis က ဆိုထားပါတယ်။
ဒီအင်းဆက်စက်ရုပ်တွေသာ အကြမ်းဖက်သမားတွေ လက်ထဲရောက်သွားရင် ကမ္ဘာကြီးပျက်သုဉ်းမှုဟာ ထင်ထားတာထက်
Crd
Unicode
နယူကလီးယားလက်နက်ထက် အဆမတန်ဖျက်အားပိုပြင်းတဲ့ တိုက်ခိုက်ရေးစက်ရုပ်အင်းဆက်များ
နယူကလီးယားစစ်ပွဲဖြစ်ရင် လူတွေဟာ ဘယ်နေရာမှာ ပုန်းရမလဲဆိုတဲ့အတွေးမျိုး တွေးဖူးကြပါလိမ့်မယ်။ အားလုံးရဲ့ အသိစိတ်ထဲမှာ နယူကလီးယားအသုံးပြုထားတဲ့ လက်နက်တွေ၊ ဗုံးတွေဟာ ကမာကိုတောင် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်
နက်တွေလို့ ဗဟုသုတအရ သိထားပြီးကြပါပြီ။ ဒါကလည်း နာကာဇာကီနဲ့ ဟီရိုရွီးမားကေန ပေးခဲ့တဲ့ သင်္ခန်းစာတွေကို ကျွန်တော်တို့ ကိုယ်တိုင်မကြုံရပေမယ့် ကြားသိခဲ့ရတာတွေကြောင့် ဖြစ်ပါတယ်။
အခုတော့ နယူကလီးယားဗုံးထက် အဖျက်စွမ်းအား ပိုကြီးတဲ့ ခြင်အရွယ်စား စက်ရုပ်အင်းဆက်တွေကို ထုတ်လုပ်ဖို့ စတင်
နေပြီလို့ ရူပဗေဒပညာရှင် Louis del Monte က သူရေးသားတဲ့စာအုပ်အသစ်ထဲမှာ ဖော်ပြပါတယ်။ သူ့အဆိုအရ နယူကလီးယားထက် အစပေါင်းများစွာ အန္တရာယ်ရှိမယ်လို့ သိရပါတယ်။
Nanoweapons လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်အင်းဆက်တွေဟာ လက်နက်တွေနဲ့မတူညီပဲ လူမသိသူမသိ တိုက်ခိုက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။ ၎င်းစက်ရုပ်အင်းဆက်တွေဟာ ကမ်ဘာစစ်ကြီးဖြစ်ရင် လူ 20 မွာ 1 ယောက်သာ လွတ်ဖို့ အခွင့်အလမ်းရှိပြီး၊ 2100 ခုနှစ်မှာ လူသားမျိုးနွယ်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့
Louis က ဆိုထားပါတယ်။
ဒီအင်းဆက်စက်ရုပ်တွေသာ အကြမ်းဖက်သမားတွေ လက်ထဲရောက်သွားရင် ကမ်ဘာကြီးပျက်သုဉ်းမှုဟာ ထင်ထားတာထက်
ပိုစောနိုင်ကြောင်း၊ အဆိုပါ စက်ရုပ်အင်းဆက်တွေဟာ အစားအစာနဲ့ ရေတွေကို အဆိပ်တွေသင့်ရောက်စေမှာ ဖြစ်သလို၊ အင်းဆက်ဒရုန်းသေးသေးလေးကပင် ကြီးမားတဲ့အဆောက်ဦတွေကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ ဖြစ် လာမှာလို့ Louis က အခိုင်အမာ ဆိုထားပါတယ်။
Crd