ရာႏွင့္ခ်ီတဲ့အေကာင္ေပါက္ေလးေတြကို ေဘးကင္းေစရန္ ေက်ာျပင္ေပၚ၌သယ္ေဆာင္ရင္း သြားလာလႈပ္ရွားေနတဲ့ မိေက်ာင္းဖခင္ႀကီးတစ္ေကာင္

ရာႏွင့္ခ်ီတဲ့အေကာင္ေပါက္ေလးေတြကို ေဘးကင္းေစရန္ ေက်ာျပင္ေပၚ၌သယ္ေဆာင္ရင္း သြားလာလႈပ္ရွားေနတဲ့ မိေက်ာင္းဖခင္ႀကီးတစ္ေကာင္

 

 

 

အိႏၵိယႏိုင္ငံ၊ Chambal Gharial အမ်ိဳးသားေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာသို႔ မိေက်ာင္းမ်ားရဲ႕ပုံရိပ္ကိုမွတ္တမ္းယူရန္ခရီးထြက္ခဲ့တဲ့ဓာတ္ပုံဆရာ Dhritiman Mukherjee ဟာ ဤမယုံႏိုင္စရာျမင္ကြင္းတစ္ခုကို အမိအရဖမ္းယူႏိုင္ခဲ့ပါတယ္။ သူဟာ ဤကမာၻတစ္ဝွမ္းသို႔ပ်ံ႕ႏွံ႔သြားမည့္စိတ္ခံစားမႈဆိုင္ရာျမင္ကြင္းတစ္ခုကိုရွာေတြ႕လိမ့္မယ္လို႔ တစ္ခါမွ စိတ္ကူးမကူးၾကည့္ခဲ့ဖူးပါဘူး။ သူ႐ိုက္ကူးမိခဲ့တဲ့ ဒီ gharial crocodile ဆိုတဲ့တြားသြားသတၱဝါမိေက်ာင္းမ်ိဳးစိတ္ဟာ မ်ိဳးသုန္းေတာ့မဲ့အေနအထားမွာရွိေနၿပီး ဤမိေက်ာင္းဖခင္ဟာ ထူးျခားေစတဲ့႐ုပ္ပိုင္းဆိုင္ရာလကၡဏာမ်ားရွိၿပီး ၎၏ႏွာေခါင္းအရွည္ျဖင့္ငါးမ်ားကိုဖမ္းစားႏိုင္တဲ့မယုံႏိုင္စရာစြမ္းရည္ဟာ တြားသြားသတၱဝါခ်စ္သူမ်ားအားလုံးရဲ႕အာ႐ုံကိုဆြဲေဆာင္ေနခဲ့ပါတယ္။

 

 

ထို႔ျပင္ ဓာတၸဳံဆရာဟာ ဓာတၸဳံထဲက ဒီခမ္းနားထည္ဝါတဲ့တိရိစာၦန္ရဲ႕ဘဝအေၾကာင္းကို သူ႔ရဲ႕လူမႈမီဒီယာအေကာင့္မွတဆင့္ မဟုတၻဴး၊ အဲဒါက မိေက်ာင္းကို ဖုံးအုပ္ထားတဲ့ေရညႇိေတြ မဟုတ္ပါဘူး၊ အဲဒါက Daddy မိေက်ာင္းရဲ႕ေက်ာေပၚမွာ လိုက္ပါေနတဲ့မိေက်ာင္းငယ္ေလးေတြပါ ဟု ၎ထူးျခားရွားပါးတဲ့ျမင္ကြင္းဓာတ္ပုံႏွင့္အတူ ေရးသားေဖာ္ျပခဲ့ပါတယ္။

 

 

Dhritinman က မိေက်ာင္းအမ်ားစုဟာ မိေက်ာင္းေပါက္ေတြကို ၎တို႔၏ပါးစပ္ထဲသို႔သယ္ေဆာင္ေနၾကေပမဲ့ ဒီ gharial မိေက်ာင္းရဲ႕ႏွာေခါင္းကပုံမွန္ပုံသ႑ာန္မဟုတ္တာေၾကာင့္ အေကာင္ေပါက္မ်ားက ျမစ္ကိုေဘးကင္းစြာျဖတ္ကူးႏိုင္ေစရန္ ဖခင္ရဲ႕ဦးေခါင္းႏွင့္ေနာက္ေက်ာေပၚမွာ တက္ေနၾကရၿပီး ၎ဟာ အထူးဆက္သြယ္မႈႏွင့္အကာအကြယ္ကိုဖန္တီးေပးေၾကာင္း ေျပာျပခဲ့ပါတယ္။

 

 

Dhritinman ဟာ ၎ရဲ႕သားစဥ္ေျမးဆက္ေတြကိုျပဳစုေစာင့္ေရွာက္ေနတဲ့ မိေက်ာင္းဖခင္ႀကီးကို တစ္ပတ္နီးပါးၾကာ ေစာင့္ၾကည့္ခဲ့ၿပီး ၎ရဲ႕ကေလးမ်ားအသက္ရွင္ေစရန္ ဇြဲလုံ႔လဝီရိယရွိရွိ မိေက်ာင္းဖခင္ႀကီးက တတ္ႏိုင္သမွ်လုပ္ေဆာင္ေနခဲ့ေပမဲ့လည္း ၎ရဲ႕ကေလးရာေပါင္းမ်ားစြာကိုကာကြယ္ရန္မွာ လြယ္ကူတဲ့အလုပ္တစ္ခုမဟုတ္ေနခဲ့ပါဘူး။

 

 

အဆိုပါမိေက်ာင္းဖခင္ႀကီးဟာ အျခားဖခင္ေကာင္းမ်ားကဲ့သို႔ပင္ ၎ရဲ႕ကေလးမ်ားေကာင္းမြန္စြာရွိေနတာကိုအာမခံရဲတဲ့အထိ အနားမယူဘဲ ေစာင့္ေရွာက္ေပးေနခဲ့ပုံကို Dhritinman က တစ္စုံတစ္ေယာက္က သူတို႔ကို ခ်ဥ္းကပ္လာရင္ သူက အရမ္းအကာအကြယ္ရွိၿပီး ရန္လိုတာေတြ႕ရတယ္၊ အဲ့ဒီမိေက်ာင္းထီးက ကေလးမ်ားႏွင့္ ၂၄ နာရီလုံးလုံး နီးကပ္စြာရွိေနခဲ့တယ္ ၊တစ္ခါတေလ ကေလးေတြက အေဖရဲ႕ ေက်ာေပၚမွာ လွဲအိပ္ေနတတ္ၾကေသးတယ္ ဟု လည္းထပ္မံေျပာျပခဲ့ပါတယ္။

 

 

 

Dhritiman ရဲ႕ႀကီးက်ယ္ခမ္းနားတဲ့ဓာတ္ပုံမ်ားဟာ ကြၽႏ္ုပ္တို႔ကမာၻေျမေပၚတြင္ ၎တို႔ရဲ႕တည္ရွိမႈေသခ်ာေစဖို႔တတ္ႏိုင္သမွ်လုပ္ေဆာင္ရန္ဆႏၵရွိသည့္ ထိန္းသိမ္းေရးသမားမ်ား ၊ တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ တိရိစာၦန္ခ်စ္သူမ်ားကို အလြန္ပင္လႈံ႕ေဆာ္သြားေစခဲ့ပါတယ္။

Crd

Unicode

ရာနှင့်ချီတဲ့အကောင်ပေါက်လေးတွေကို ဘေးကင်းစေရန် ကျောပြင်ပေါ်၌သယ်ဆောင်ရင်း သွားလာလှုပ်ရှားနေတဲ့ မိကျောင်းဖခင်ကြီးတစ်ကောင်

အိန္ဒိယနိုင်ငံ၊ Chambal Gharial အမျိုးသားတောရိုင်းတိရစာၦန်ဘေးမဲ့တောသို့ မိကျောင်းများရဲ့ပုံရိပ်ကိုမှတ်တမ်းယူရန်ခရီးထွက်ခဲ့တဲ့ဓာတ်ပုံဆရာ Dhritiman Mukherjee ဟာ ဤမယုံနိုင်စရာမြင်ကွင်းတစ်ခုကို အမိအရဖမ်းယူနိုင်ခဲ့ပါတယ်။ သူဟာ ဤကမ္ဘာတစ်ဝှမ်းသို့ပျံ့နှံ့သွားမည့်စိတ်ခံစားမှုဆိုင်ရာမြင်ကွင်းတစ်ခုကိုရှာတွေ့လိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမကူးကြည့်ခဲ့ဖူးပါဘူး။ သူရိုက်ကူးမိခဲ့တဲ့ ဒီ gharial crocodile ဆိုတဲ့တွားသွားသတ္တဝါမိကျောင်းမျိုးစိတ်ဟာ မျိုးသုန်းတော့မဲ့အနေအထားမှာရှိနေပြီး ဤမိကျောင်းဖခင်ဟာ ထူးခြားစေတဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာများရှိပြီး ၎င်း၏နှာခေါင်းအရှည်ဖြင့်ငါးများကိုဖမ်းစားနိုင်တဲ့မယုံနိုင်စရာစွမ်းရည်ဟာ တွားသွားသတ္တဝါချစ်သူများအားလုံးရဲ့အာရုံကိုဆွဲဆောင်နေခဲ့ပါတယ်။

ထို့ပြင် ဓာတ္ပုံဆရာဟာ ဓာတ္ပုံထဲက ဒီခမ်းနားထည်ဝါတဲ့တိရိစာၦန်ရဲ့ဘဝအကြောင်းကို သူ့ရဲ့လူမှုမီဒီယာအကောင့်မှတဆင့် မဟုတ္ဘူး၊ အဲဒါက မိကျောင်းကို ဖုံးအုပ်ထားတဲ့ရေညှိတွေ မဟုတ်ပါဘူး၊ အဲဒါက Daddy မိကျောင်းရဲ့ကျောပေါ်မှာ လိုက်ပါနေတဲ့မိကျောင်းငယ်လေးတွေပါ ဟု ၎င်းထူးခြားရှားပါးတဲ့မြင်ကွင်းဓာတ်ပုံနှင့်အတူ ရေးသားဖော်ပြခဲ့ပါတယ်။

Dhritinman က မိကျောင်းအများစုဟာ မိကျောင်းပေါက်တွေကို ၎င်းတို့၏ပါးစပ်ထဲသို့သယ်ဆောင်နေကြပေမဲ့ ဒီ gharial မိကျောင်းရဲ့နှာခေါင်းကပုံမှန်ပုံသဏ္႑ာန်မဟုတ်တာကြောင့် အကောင်ပေါက်များက မြစ်ကိုဘေးကင်းစွာဖြတ်ကူးနိုင်စေရန် ဖခင်ရဲ့ဦးခေါင်းနှင့်နောက်ကျောပေါ်မှာ တက်နေကြရပြီး ၎ဟာ အထူးဆက်သွယ်မှုနှင့်အကာအကွယ်ကိုဖန်တီးပေးကြောင်း ပြောပြခဲ့ပါတယ်။

Dhritinman ဟာ ၎င်းရဲ့သားစဉ်မြေးဆက်တွေကိုပြုစုစောင့်ရှောက်နေတဲ့ မိကျောင်းဖခင်ကြီးကို တစ်ပတ်နီးပါးကြာ စောင့်ကြည့်ခဲ့ပြီး ၎င်းရဲ့ကလေးများအသက်ရှင်စေရန် ဇွဲလုံ့လဝီရိယရှိရှိ မိကျောင်းဖခင်ကြီးက တတ်နိုင်သမျှလုပ်ဆောင်နေခဲ့ပေမဲ့လည်း ၎င်းရဲ့ကလေးရာပေါင်းများစွာကိုကာကွယ်ရန်မှာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်နေခဲ့ပါဘူး။

အဆိုပါမိကျောင်းဖခင်ကြီးဟာ အခြားဖခင်ကောင်းများကဲ့သို့ပင် ၎င်းရဲ့ကလေးများကောင်းမွန်စွာရှိနေတာကိုအာမခံရဲတဲ့အထိ အနားမယူဘဲ စောင့်ရှောက်ပေးနေခဲ့ပုံကို Dhritinman က တစ်စုံတစ်ယောက်က သူတို့ကို ချဉ်းကပ်လာရင် သူက အရမ်းအကာအကွယ်ရှိပြီး ရန်လိုတာတွေ့ရတယ်၊ အဲ့ဒီမိကျောင်းထီးက ကလေးများနှင့် ၂၄ နာရီလုံးလုံး နီးကပ်စွာရှိနေခဲ့တယ် ၊တစ်ခါတလေ ကလေးတွေက အဖေရဲ့ ကျောပေါ်မှာ လှဲအိပ်နေတတ်ကြသေးတယ် ဟု လည်းထပ်မံပြောပြခဲ့ပါတယ်။

Dhritiman ရဲ့ကြီးကျယ်ခမ်းနားတဲ့ဓာတ်ပုံများဟာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်တွင် ၎င်းတို့ရဲ့တည်ရှိမှုသေချာစေဖို့တတ်နိုင်သမျှလုပ်ဆောင်ရန်ဆန္ဒရှိသည့် ထိန်းသိမ်းရေးသမားများ ၊ တက်ကြွလှုပ်ရှားသူများနှင့် တိရိစာၦန်ချစ်သူများကို အလွန်ပင်လှုံ့ဆော်သွားစေခဲ့ပါတယ်။

Crd