သခင္ျဖစ္သူဆုံးသြားၿပီးေနာက္ သခင္ရဲ႕ပိုင္ဆိုင္မႈအားလုံးကို အေမြးဆက္ခံၿပီး ကမၻာေပၚရွိ အခ်မ္းသာဆုံးေခြးျဖစ္လာခဲ့တဲ့ ကံေကာင္းလြန္းတဲ့ေခြးတစ္ေကာင္

သခင္ျဖစ္သူဆုံးသြားၿပီးေနာက္ သခင္ရဲ႕ပိုင္ဆိုင္မႈအားလုံးကို အေမြးဆက္ခံၿပီး ကမၻာေပၚရွိ အခ်မ္းသာဆုံးေခြးျဖစ္လာခဲ့တဲ့ ကံေကာင္းလြန္းတဲ့ေခြးတစ္ေကာင္

 

 

 

ဂ်ာမန္အမ်ိဳးသမီး Karlotta Liebenstein ဟာ ကံမေကာင္းစြာျဖင့္ ကြယ္လြန္သြားေၾကာင္း သိရွိရပါတယ္ ။ သူမမ်က္လုံးမမွိတ္ခင္မွာ သူမရဲ႕ ကံၾကမၼာ တစ္ခုလုံးကို Gunther IV ျဖစ္တဲ့ သူမရဲ႕ ယုံၾကည္ရတဲ့ အိမ္ေမြးေခြးကိုအေမြးဆက္ခံရန္ ေဂါပကကို ေျပာထားခဲ့ပါတယ္ ။ ထိုအခ်ိန္မွာစၿပီး ေခြးကေလး Gunther IVဟာ The Gunther မိသားစုရဲ႕ မ်ိဳးဆက္သစ္အျဖစ္ ခ်မ္းသာတဲ့ဘဝကို ခံစားနိုင္ၿပီး ကမၻာေပၚမွာ ဇိမ္အရွိဆုံး ေခြးမိသားစုျဖစ္လာခဲ့ပါတယ္ ။ ေဒါင္ေငြ ဘီလီယံေပါင္းမ်ားစြာ အေမြဆက္ခံတဲ့ ေခြးမိသားစုမွာ ေမြးဖြားလာရျခင္းမွာ ကံေကာင္းစြာပင္၊ Gunther IV က လူသားမ်ားပင္ မနာလိုျဖစ္နိုင္တဲ့ ဇိမ္ခံဘဝကို ပိုင္ဆိုင္နိုင္ခဲ့ပါတယ္။

 

 

ေခြးကေလး Gunther IV ဟာ ခ်မ္းသာႂကြယ္ဝမႈ အေမရိကန္ေဒၚလာ 375 သန္း (VND 8.5 ထရီလီယံေက်ာ္) ကို ပိုင္ဆိုင္ထားခ်ိန္မွာ ကမၻာေပၚရွိ အခ်မ္းသာဆုံးေခြးအျဖစ္ ေက်ာ္ၾကားခဲ့ပါတယ္ ။ သတင္းရဲ႕ေဖာ္ျပခ်က္အရ Gunther IV က အေမရိကန္၊ ဖေလာ္ရီဒါျပည္နယ္မွာ လက္ရွိေနထိုင္ေနတဲ့ ဂ်ာမန္သိုးထိန္းေခြးတစ္ေကာင္ျဖစ္ပါတယ္ ။

 

 

အဆိုပါ ပမာဏအျပင္ Gunther IV က Bahamas ရွိ တိုက္ခန္းမ်ားနဲ႕ တစ္ခ်ိန္က စူပါစတား Madonna ေနထိုင္ခဲ့တဲ့ ဇိမ္ခံတိုက္ခန္းမ်ားကဲ့သို႔ေသာ အိမ္ၿခံေျမအမ်ားအျပားကိုလည္း ပိုင္ဆိုင္ထားပါတယ္ ။

ဒါတင္မကေသးဘဲ Gunther IV က ေဒၚလာသန္းေပါင္းမ်ားစြာတန္တဲ့ အိမ္တစ္လုံးထဲမွာ အိမ္ေစာင့္မ်ား၊ သူနာျပဳမ်ားနဲ႕ Gunther IV ရဲ႕ေန႕စဥ္အစားအစာမ်ားကို truffles နဲ႕ caviar မ်ားသာ ပါဝင္တဲ့ ကမၻာ့ထိပ္တန္းစားဖိုမႉးမ်ားမွ ျပင္ဆင္ေပးပါတယ္ ။

 

 

ထို႔အျပင္ Gunther IV က ဇိမ္ခံစူပါကားမ်ားေပၚမွာလည္း ခရီးထြက္ၿပီး အားလပ္ခ်ိန္ေတြမွာ စြဲမက္ဖြယ္ေကာင္းၿပီး ဂႏၱဝင္စတိုင္ျဖင့္ တည္ေဆာက္ထားတဲ့ ကိုယ္ပိုင္ေရကူးကန္မွာ ေရကူးနိုင္ပါတယ္ ။

 

 

၎တို႔အားလုံးကို ေဂါပကကဘဲ အိမ္ေမြးတိရစ္ဆာန္ကိုယ္စား အိမ္ေမြးတိရစ္ဆာန္ကို စီမံခန႔္ခြဲေပးတာပါ ။ အကယ္လို႔ အိမ္ေမြးတိရိစ္ဆာန္မ်ား အသက္မရွိေတာ့ပါက အျခားတိရစ္ဆာန္မ်ားကို ပိုင္ဆိုင္မႈဆက္လက္ခံစားနိုင္ေစရန္ ေဂါပကမွ တာဝန္ယူေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္ ။

 

 

သတ္မွတ္ထားတဲ့ ကန႔္သတ္ခ်က္ျပည့္သြားရင္ေတာ့ ဒီပမာဏကို ပရဟိတအဖြဲ႕ေတြကို လႉဒါန္းသြားမွာျဖစ္ပါတယ္ ။ Gunther IV ဆုံးသြားရင္ ေငြမ်ားကို သူ႕ရဲ႕သားစဥ္ေျမးဆက္မ်ားထံ လႊဲေျပာင္းေပးမွာျဖစ္ဒါေၾကာင့္ ဒီေခြးဟာ ကမၻာေပၚမွာ ထူးထူးျခားျခား ကံေကာင္းတဲ့ ေခြးေလးပါ။

Crd

Unicode

သခင်ဖြစ်သူဆုံးသွားပြီးနောက် သခင်ရဲ့ပိုင်ဆိုင်မှုအားလုံးကို အမွေးဆက်ခံပြီး ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးခွေးဖြစ်လာခဲ့တဲ့ ကံကောင်းလွန်းတဲ့ခွေးတစ်ကောင်

ဂျာမန်အမျိုးသမီး Karlotta Liebenstein ဟာ ကံမကောင်းစွာဖြင့် ကွယ်လွန်သွားကြောင်း သိရှိရပါတယ် ။ သူမမျက်လုံးမမှိတ်ခင်မှာ သူမရဲ့ ကံကြမ္မာ တစ်ခုလုံးကို Gunther IV ဖြစ်တဲ့ သူမရဲ့ ယုံကြည်ရတဲ့ အိမ်မွေးခွေးကိုအမွေးဆက်ခံရန် ဂေါပကကို ပြောထားခဲ့ပါတယ် ။ ထိုအချိန်မှာစပြီး ခွေးကလေး Gunther IVဟာ The Gunther မိသားစုရဲ့ မျိုးဆက်သစ်အဖြစ် ချမ်းသာတဲ့ဘဝကို ခံစားနိုင်ပြီး ကမ္ဘာပေါ်မှာ ဇိမ်အရှိဆုံး ခွေးမိသားစုဖြစ်လာခဲ့ပါတယ် ။ ဒေါင်ငွေ ဘီလီယံပေါင်းများစွာ အမွေဆက်ခံတဲ့ ခွေးမိသားစုမှာ မွေးဖွားလာရခြင်းမှာ ကံကောင်းစွာပင်၊ Gunther IV က လူသားများပင် မနာလိုဖြစ်နိုင်တဲ့ ဇိမ်ခံဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ခွေးကလေး Gunther IV ဟာ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ 375 သန်း (VND 8.5 ထရီလီယံကျော်) ကို ပိုင်ဆိုင်ထားချိန်မှာ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးခွေးအဖြစ် ကျော်ကြားခဲ့ပါတယ် ။ သတင်းရဲ့ဖော်ပြချက်အရ Gunther IV က အမေရိကန်၊ ဖလော်ရီဒါပြည်နယ်မှာ လက်ရှိနေထိုင်နေတဲ့ ဂျာမန်သိုးထိန်းခွေးတစ်ကောင်ဖြစ်ပါတယ် ။

အဆိုပါ ပမာဏအပြင် Gunther IV က Bahamas ရှိ တိုက်ခန်းများနဲ့ တစ်ချိန်က စူပါစတား Madonna နေထိုင်ခဲ့တဲ့ ဇိမ်ခံတိုက်ခန်းများကဲ့သို့သော အိမ်ခြံမြေအများအပြားကိုလည်း ပိုင်ဆိုင်ထားပါတယ် ။

ဒါတင်မကသေးဘဲ Gunther IV က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အိမ်တစ်လုံးထဲမှာ အိမ်စောင့်များ၊ သူနာပြုများနဲ့ Gunther IV ရဲ့နေ့စဉ်အစားအစာများကို truffles နဲ့ caviar များသာ ပါဝင်တဲ့ ကမ္ဘာ့ထိပ်တန်းစားဖိုမှူးများမှ ပြင်ဆင်ပေးပါတယ် ။

ထို့အပြင် Gunther IV က ဇိမ်ခံစူပါကားများပေါ်မှာလည်း ခရီးထွက်ပြီး အားလပ်ချိန်တွေမှာ စွဲမက်ဖွယ်ကောင်းပြီး ဂန္တဝင်စတိုင်ဖြင့် တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ရေကူးကန်မှာ ရေကူးနိုင်ပါတယ် ။

၎င်းတို့အားလုံးကို ဂေါပကကဘဲ အိမ်မွေးတိရစ္ဆာန်ကိုယ်စား အိမ်မွေးတိရစ္ဆာန်ကို စီမံခန့်ခွဲပေးတာပါ ။ အကယ်လို့ အိမ်မွေးတိရိစ္ဆာန်များ အသက်မရှိတော့ပါက အခြားတိရစ္ဆာန်များကို ပိုင်ဆိုင်မှုဆက်လက်ခံစားနိုင်စေရန် ဂေါပကမှ တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် ။

သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ပြည့်သွားရင်တော့ ဒီပမာဏကို ပရဟိတအဖွဲ့တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ် ။ Gunther IV ဆုံးသွားရင် ငွေများကို သူ့ရဲ့သားစဉ်မြေးဆက်များထံ လွှဲပြောင်းပေးမှာဖြစ်ဒါကြောင့် ဒီခွေးဟာ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ကံကောင်းတဲ့ ခွေးလေးပါ။

Crd