မဖြင့္ရဆိုတဲ့တံခါးကို ဖြင့္မိၿပီးေနာက္ အံ့အားသင့္စြာ ေတြ႕ရွိခဲ့ရတဲ့ ဒ႑ာရီအလာ ႐ုပ္ႂကြင္းမ်ား

မဖြင့္ရဆိုတဲ့တံခါးကို ဖြင့္မိၿပီးေနာက္ အံ့အားသင့္စြာ ေတြ႕ရွိခဲ့ရတဲ့ ဒ႑ာရီအလာ ႐ုပ္ႂကြင္းမ်ား

 

 

ဒီတစ္ခါ ေဖာ္ျပေပးမွာကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း၂၀၀ ေက်ာ္ေလာက္က သတၱေဗဒကို အလြန္ေလ့လာလိုက္စားခဲ့တဲ့ ပညာရွင္တစ္ေယာက္ရဲ႕ ေနအိမ္ေျမေအာက္ခန္းထဲက ထူးဆန္းတဲ့ သတၱဝါ႐ုပ္ႂကြင္းေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီပညာရွင္ကေတာ့ 1782 ခုႏွစ္မွာေမြးတဲ့ အဂၤလန္ ေျမာက္ပိုင္းသား Thomas Merrylin ဆိုသူျဖစ္ၿပီး သဘာဝ ေလာကပညာရွင္ / ေရွးေဟာင္းသတၱေဗဒ ပညာရွင္ျဖစ္ၿပီး လူခ်မ္းသာ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူ႕ရဲ႕ သမိုင္းေၾကာင္းမွာေတာ့ သူဟာ ဘယ္လို ေသဆုံးခဲ့တယ္ဆိုတာ မေျပာထားဘဲ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားတဲ့ ပညာရွင္လို႔ဘဲ မွတ္တမ္းမွာ ေတြ႕ရပါတယ္။

 

 

သူမရွိေတာ့တဲ့ေနာက္ပိုင္းမွာ သူရဲ႕ ေဆြမ်ိဳးေတာ္စပ္သူဟာ Thomas Merrylin အိမ္ႀကီး ကို လန္ဒန္မိဘမဲ့ေဂဟာအျဖစ္ လႈဒါန္းခဲ့ပါတယ္။ အိမ္ႀကီးနဲ႕ ပတ္သတ္လို႔ ကတိကဝတ္ တစ္ခုရွိခဲ့ၿပီး အဲ့ဒီကတိကေတာ့ အိမ္ႀကီးရဲ႕ ေျမေအာက္ခန္းကို ဘယ္ေတာ့မွ မဖြင့္ရဘူးဆိုတဲ့ ကတိတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တစ္ႏွစ္မွာ မိဘမဲ့ေဂဟာ အျဖစ္လႈဒါန္းထားတဲ့ Thomas အိမ္ရဲ႕ ေျမေအာက္ခန္းကို ဖြင့္မိတဲ့အခါမွာေတာ့ အခု ျမင္ေတြ႕ေနရတဲ့အတိုင္း သတၱဝါ ႐ုပ္ႂကြင္းမ်ား အပါအဝင္ ႐ုပ္ႂကြင္းေပါင္း ၅၀၀၀ ကိုေတြ႕ရွိခဲ့ရပါတယ္။

 

 

တစ္ပုံခ်င္းစီကို ၾကည့္ၿပီး အျပင္ေလာကမွာ တခါမွ ျမင္ဖူးမွာ မဟုတ္တဲ့ ထူးဆန္းတဲ့ ႐ုပ္ႂကြင္းေပါင္းမ်ားစြာကို ေတြ႕ရွိရမွာပဲ ျဖစ္ပါတယ္။ တခ်ိဳ႕႐ုပ္ႂကြင္းေတြဟာဆိုရင္ ပုံျပင္ေတြ ဒ႑ာရီေတြမွာသာ ၾကားဖူးခဲ့ၾကတဲ့ အေကာင္ေတြပါ။ အဲ့လိုေကာင္မ်ိဳးေတြကို ေတြ႕ျမင္ရမွာ ျဖစ္ၿပီး မိမိမ်က္လုံးကိုေတာင္မယုံနိုင္ေလာက္ေအာင္ ျဖစ္သြားေစပါတယ္။

Crd

Unicode

မဖွင့်ရဆိုတဲ့တံခါးကို ဖွင့်မိပြီးနောက် အံ့အားသင့်စွာ တွေ့ရှိခဲ့ရတဲ့ ဒဏ္ဍာရီအလာ ရုပ်ကြွင်းများ

 

 

ဒီတစ်ခါ ဖော်ပြပေးမှာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀ ကျော်လောက်က သတ္တဗေဒကို အလွန်လေ့လာလိုက်စားခဲ့တဲ့ ပညာရှင်တစ်ယောက်ရဲ့ နေအိမ်မြေအောက်ခန်းထဲက ထူးဆန်းတဲ့ သတ္တဝါရုပ်ကြွင်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီပညာရှင်ကတော့ 1782 ခုနှစ်မှာမွေးတဲ့ အင်္ဂလန် မြောက်ပိုင်းသား Thomas Merrylin ဆိုသူဖြစ်ပြီး သဘာဝ လောကပညာရှင် / ရှေးဟောင်းသတ္တဗေဒ ပညာရှင်ဖြစ်ပြီး လူချမ်းသာ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ သမိုင်းကြောင်းမှာတော့ သူဟာ ဘယ်လို သေဆုံးခဲ့တယ်ဆိုတာ မပြောထားဘဲ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ပညာရှင်လို့ဘဲ မှတ်တမ်းမှာ တွေ့ရပါတယ်။

 

 

သူမရှိတော့တဲ့နောက်ပိုင်းမှာ သူရဲ့ ဆွေမျိုးတော်စပ်သူဟာ Thomas Merrylin အိမ်ကြီး ကို လန်ဒန်မိဘမဲ့ဂေဟာအဖြစ် လှုဒါန်းခဲ့ပါတယ်။ အိမ်ကြီးနဲ့ ပတ်သတ်လို့ ကတိကဝတ် တစ်ခုရှိခဲ့ပြီး အဲ့ဒီကတိကတော့ အိမ်ကြီးရဲ့ မြေအောက်ခန်းကို ဘယ်တော့မှ မဖွင့်ရဘူးဆိုတဲ့ ကတိတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်နှစ်မှာ မိဘမဲ့ဂေဟာ အဖြစ်လှုဒါန်းထားတဲ့ Thomas အိမ်ရဲ့ မြေအောက်ခန်းကို ဖွင့်မိတဲ့အခါမှာတော့ အခု မြင်တွေ့နေရတဲ့အတိုင်း သတ္တဝါ ရုပ်ကြွင်းများ အပါအဝင် ရုပ်ကြွင်းပေါင်း ၅၀၀၀ ကိုတွေ့ရှိခဲ့ရပါတယ်။

 

 

တစ်ပုံချင်းစီကို ကြည့်ပြီး အပြင်လောကမှာ တခါမှ မြင်ဖူးမှာ မဟုတ်တဲ့ ထူးဆန်းတဲ့ ရုပ်ကြွင်းပေါင်းများစွာကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ တချို့ရုပ်ကြွင်းတွေဟာဆိုရင် ပုံပြင်တွေ ဒဏ္ဍာရီတွေမှာသာ ကြားဖူးခဲ့ကြတဲ့ အကောင်တွေပါ။ အဲ့လိုကောင်မျိုးတွေကို တွေ့မြင်ရမှာ ဖြစ်ပြီး မိမိမျက်လုံးကိုတောင်မယုံနိုင်လောက်အောင် ဖြစ်သွားစေပါတယ်။

Crd