ႏွစ္ေပါင္း(၂၅၀၀)ေက်ာ္က ခ်စ္သူႏွစ္ဦးရဲ႕ ေနာက္ဆုံးအနမ္း႐ုပ္ႂကြင္း

ႏွစ္ေပါင္း(၂၅၀၀)ေက်ာ္က ခ်စ္သူႏွစ္ဦးရဲ႕ ေေနာက္ဆုံးအနမ္း႐ုပ္ႂကြင္း

 

 

အီရန္နိုင္ငံရဲ႕ အေနာက္ေျမာက္ပိုင္း ေရွးေဟာင္းသုေတသန နယ္ေျမတစ္ခုျဖစ္တဲ့ Teppe Hasanlu မွာ အနမ္း႐ုပ္ႂကြင္းေတြထဲမွာ ေရွးအက်ဆဳံး႐ုပ္ႂကြင္းလို႔ သတ္မွတ္ျခင္းခံထားရတဲ့ အနမ္း႐ုပ္ႂကြင္းတစ္ခုကို ဘူမိေဗဒပညာရွင္ေတြက ၁၉၇၂ ခုႏွစ္ကတည္းက တူးေဖာ္နိုင္ခဲ့တယ္လို႔ သိရပါတယ္။

 

 

အဆိုပါေဒသမွာ လူသားတို႔ဟာ ခရစ္ေတာ္မေပၚမီေရွးႏွစ္ေပါင္းမ်ားစြာကတည္းက လူေတြအေျခခ်ေနထိုင္ခဲ့ရာ ေဒသတစ္ခုျဖစ္ၿပီး၊ လက္ရွိအခ်ိန္မွာေတာ့ သိပၸံပညာရွင္ေတြအမ်ားစု အဲဒီေဒသမွာ တူးေဖာ္မႈေတြ ဆက္တိုက္ျပဳလုပ္ေနပါတယ္။ အခုေတြ႕ရွိခဲ့တဲ့ Hasanlu (ca. 800 BCE) ခ်စ္သူစုံတြဲ႐ုပ္ႂကြင္းႏွစ္ခုရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကေတာ့ သိပၸံညာရွင္ေတြအတြက္ မေဖာ္ထုတ္နိုင္ေသးတဲ့ ဒ႑ာရီအရာေတြထဲက တစ္ခု ျဖစ္ပါတယ္။

 

 

ဒီစုံတြဲ႐ုပ္ႂကြင္းကို ႐ြံနဲ႕ျပဳလုပ္ထားတဲ့ အုတ္ေတြနဲ႕စီျခယ္ထားတာပါ။ သူတို႔တစ္ေတြရဲ႕ ေနာက္ဆုံးေသဆုံးခဲ့တဲ့ အေနအထားကို ၾကည့္ခ်င္းအားျဖင့္ တစ္ေယာက္နဲ႕တစ္ေယာက္ ဘယ္ေလာက္အထိ အနီးကပ္ဆုံးမွာ ရွိေနခဲ့သလဲဆိုတာ ျမင္သာေစပါတယ္။ ႏွစ္ဦးစလုံးဟာ မ်က္ႏွာခ်င္းဆိုင္လွ်က္ လက္ေတြက သိုင္းဖက္ထားပါတယ္။

 

 

အနမ္းေပးေနတယ္လို႔ ယူဆရတဲ့ အေနအထားတစ္ခုျဖစ္ၿပီး၊ ႏွစ္ဦးစလုံး မည္သို႔မည္ပုံေသဆုံးခဲ့တယ္ဆိုတာကိုေတာ့ ေဖာ္ထုတ္နိုင္ျခင္း မရွိေသးပါဘူး။ သူတို႔ရဲ႕ ေနာက္ကြယ္အေၾကာင္းတရားေတြကို ဘယ္သူမွလည္း တိတိပပ ခန႔္မွန္းနိုင္ဖို႔ မျဖစ္နိုင္ပါဘူး။ ဒါေပမယ့္ ေသခ်ာတာကေတာ့ သူတို႔တစ္ေတြ ဘယ္ေလာက္ခ်စ္တယ္ဆိုတာကိုေတာ့ မွန္းဆၾကည့္လို႔ရပါတယ္။

 

 

ဒီ႐ုပ္ႂကြင္းႏွစ္ခုရဲ႕ သက္တမ္းဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၂၅၀၀)ကလို႔ ယူဆရၿပီး၊ အမ်ိဳးသမီးလို႔ မွတ္ယူလို႔ရတဲ့ ႐ုပ္ႂကြင္းက သူမရဲ႕ ခ်စ္သူ သို႔မဟုတ္ လင္ေယာက္်ားရဲ႕ ေမးေစ့ကို ကိုင္တြယ္ကာ ေနာက္ဆုံးအနမ္း ေပးေနတဲ့ပုံလို႔ အၾကမ္းဖ်ဥ္းသတ္မွတ္လို႔ ရပါတယ္။ ဒီေဒသမွာ အျခားရိုးစုေပါင္းမ်ားစြာနဲ႕ ေရွးေဟာင္းအေဆာက္ဦေပါင္းမ်ားစြာ တူးေဖာ္ေတြ႕ရွိထားတယ္လို႔ သိရပါတယ္။

Crd

Unicode

နှစ်ပေါင်း(၂၅၀၀)ကျော်က ချစ်သူနှစ်ဦးရဲ့ နောက်ဆုံးအနမ်းရုပ်ကြွင်း

အီရန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ရှေးဟောင်းသုတေသန နယ်မြေတစ်ခုဖြစ်တဲ့ Teppe Hasanlu မှာ အနမ်းရုပ်ကြွင်းတွေထဲမှာ ရှေးအကျဆုံးရုပ်ကြွင်းလို့ သတ်မှတ်ခြင်းခံထားရတဲ့ အနမ်းရုပ်ကြွင်းတစ်ခုကို ဘူမိဗေဒပညာရှင်တွေက ၁၉၇၂ ခုနှစ်ကတည်းက တူးဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဒေသမှာ လူသားတို့ဟာ ခရစ်တော်မပေါ်မီရှေးနှစ်ပေါင်းများစွာကတည်းက လူတွေအခြေချနေထိုင်ခဲ့ရာ ဒေသတစ်ခုဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ သိပ္ပံပညာရှင်တွေအများစု အဲဒီဒေသမှာ တူးဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ အခုတွေ့ရှိခဲ့တဲ့ Hasanlu (ca. 800 BCE) ချစ်သူစုံတွဲရုပ်ကြွင်းနှစ်ခုရဲ့ နောက်ကြောင်းရာဇဝင်ကတော့ သိပ္ပံညာရှင်တွေအတွက် မဖော်ထုတ်နိုင်သေးတဲ့ ဒဏ္ဍာရီအရာတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒီစုံတွဲရုပ်ကြွင်းကို ရွံနဲ့ပြုလုပ်ထားတဲ့ အုတ်တွေနဲ့စီခြယ်ထားတာပါ။ သူတို့တစ်တွေရဲ့ နောက်ဆုံးသေဆုံးခဲ့တဲ့ အနေအထားကို ကြည့်ချင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အထိ အနီးကပ်ဆုံးမှာ ရှိနေခဲ့သလဲဆိုတာ မြင်သာစေပါတယ်။ နှစ်ဦးစလုံးဟာ မျက်နှာချင်းဆိုင်လျှက် လက်တွေက သိုင်းဖက်ထားပါတယ်။

အနမ်းပေးနေတယ်လို့ ယူဆရတဲ့ အနေအထားတစ်ခုဖြစ်ပြီး၊ နှစ်ဦးစလုံး မည်သို့မည်ပုံသေဆုံးခဲ့တယ်ဆိုတာကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ သူတို့ရဲ့ နောက်ကွယ်အကြောင်းတရားတွေကို ဘယ်သူမှလည်း တိတိပပ ခန့်မှန်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ သူတို့တစ်တွေ ဘယ်လောက်ချစ်တယ်ဆိုတာကိုတော့ မှန်းဆကြည့်လို့ရပါတယ်။

ဒီရုပ်ကြွင်းနှစ်ခုရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကလို့ ယူဆရပြီး၊ အမျိုးသမီးလို့ မှတ်ယူလို့ရတဲ့ ရုပ်ကြွင်းက သူမရဲ့ ချစ်သူ သို့မဟုတ် လင်ယောက်ျားရဲ့ မေးစေ့ကို ကိုင်တွယ်ကာ နောက်ဆုံးအနမ်း ပေးနေတဲ့ပုံလို့ အကြမ်းဖျဉ်းသတ်မှတ်လို့ ရပါတယ်။ ဒီဒေသမှာ အခြားရိုးစုပေါင်းများစွာနဲ့ ရှေးဟောင်းအဆောက်ဦပေါင်းများစွာ တူးဖော်တွေ့ရှိထားတယ်လို့ သိရပါတယ်။

Crd