

 

 



 

 



 

 


Crd

Unicode

ငါးမျှားနေရင်း ပျားတုပ်ခံရမှာကြောက်လို့ ရေထဲဆင်းပြေးခါမှ အသားစားငါး အကိုက်ခံရပြီးသေဆုံးသွားခဲ့သော အမျိုးသား

 

 

 

ယခုတစ်ခေါက်မှာတော့ 9 News သတင်းဌာနကဖော်ပြချက်အရဘရာဇီးနိုင်ငံကအမျိုးသားတစ်ဦးဟာ၊သူငယ်ချင်းများနဲ့အတူငါးမျှားနေရင်းပျားအုပ်စုရဲ့ရန်ကကြောက်လို့ဆိုပီး၊ရေကန်

ထဲကိုခုန်ချပြေးဆင်းခဲ့ပါတယ်။သို့ပေမဲ့လို့၎င်းအနေနဲ့ရေကန်ထဲခုန်ချခဲ့ပီးပျားတုပ်ခံရမဲ့အန္တရာယ်ကင်းပီထင်ခဲ့ပေမဲ့လဲ၊၎င်းမထင်မှတ်ထားတဲ့ကံဆိုးမှုကြီးကိုဝမ်းနည်းစွာနဲ့ကြုံတွေ့ခဲ့ပါတယ်။

 

 

အကြောင်းကတော့အသက်(30)အရွယ်သာရှိသေးတဲ့အမျိုးသားတစ်ဦးဟာ၊သူငယ်ချင်းနှစ်ယောက်နဲ့အတူအနီးရေကန်စပ်နားမှာထိုင်ရင်းငါးမျှားခဲ့ကြပါတယ်။

ထိုကဲ့သို့ငါးမျှားနေစဉ်မှာပဲ၎င်းတို့ဆီကိုဦးတည်လာနေတဲ့ပျားအုံကိုသတိထားမိခဲ့တာကြောင့်၊ပျားတုပ်ခံရမှာစိုးလို့ဆိုပီးသုံးယောက်သားရေကန်ထဲခုန်ဆင်းခဲ့ကြပါတယ်။

 

 

၎င်းအမျိုးသားရဲ့သူငယ်ချင်းနှစ်ယောက်ကတော့ရေကန်ထဲခုန်ဆင်းအပီးခနအကြာမှာပဲ၊အန္တရာယ်ကင်းစွာကုန်းပေါ်ပြန်တက်နိုင်ခဲ့ပါတယ်။သို့ပေမဲ့၎င်းကတော့ကံဆိုးစွာနဲ့၊ရေကန်ထဲကအသားစားငါးရဲ့အစာဖြစ်ခဲ့ပီးသေဆုံးသွားခဲ့ရပါတယ်လို့သိရပါတယ်။

Crd