မုန္တိုင္းေၾကာင့္ ပိတ္မိေနတဲ့ၾကက္မ်ားႏွင့္ ေခြးေလးေတြကို အသက္နဲ႕ရင္းၿပီးကယ္ထုတ္ေပးေနခဲ့တဲ့ မသန္စြမ္းသူေကာင္ေလးတစ္ဦး

မုန္တိုင္းေၾကာင့္ ပိတ္မိေနတဲ့ၾကက္မ်ားႏွင့္ ေခြးေလးေတြကို အသက္နဲ႕ရင္းၿပီးကယ္ထုတ္ေပးေနခဲ့တဲ့ မသန္စြမ္းသူေကာင္ေလးတစ္ဦး

 

 

မကၠဆီကိုနိုင္ငံ Nayarit ၿမိဳ႕မွေနထိုင္သူေထာင္ေပါင္းမ်ားစြာဟာ ယမန္ႏွစ္မွာတိုက္ခိုက္ခဲ့တဲ့ ႀကီးမားတဲ့ Hurricane မုန္တိုင္းမ်ားေၾကာင့္ ေဘးကင္းရာေနရာသို႔ခိုလႈံရန္ ထိုၿမိဳ႕မွထြက္ခြါဖို႔ ႀကိဳးပမ္းခဲ့ၾကပါတယ္။ ဒါေပမဲ့ အသက္ ၁၀ ႏွစ္အ႐ြယ္ Jostyn Dilan Cabrera Ramrez အမည္ရွိေကာင္ေလးတစ္ဦးဟာ ေရလႊမ္းမိုးမႈအတြင္း ပိတ္မိေနတဲ့တိရိစ္ဆာန္မ်ားကိုလ်စ္လ်ဴရႈမထားနိုင္တာေၾကာင့္ ၿမိဳ႕မွာေနရစ္ခဲ့ၿပီး ထိုတိရိစ္ဆာန္မ်ားကိုကယ္ဆယ္ဖို႔ အေကာင္းဆုံးႀကိဳးစားခဲ့ပါတယ္။ အင္တာနက္ေပၚမွာပ်ံ့ႏွံ႕သြားခဲ့တဲ့ဓာတ္ပုံအမ်ားအျပားမွ ေရလႊမ္းမိုးေနစဥ္ ပလတ္စတစ္စည္ပိုင္းဗုံးႀကီးတစ္ခုအတြင္းမွာ ၾကက္ႏွင့္ ေခြးေလးေတြကိုအကာအကြယ္ေပးေနတဲ့ ကိုယ္က်ိဳးမဖက္တဲ့ထိုေကာင္ေလးရဲ႕ဓာတ္ပုံမ်ားကို သင္ျမင္ေတြ႕နိုင္ပါတယ္။

 

 

ထိုေကာင္ေလးဟာ သူ႕ရဲ႕လက္တစ္ဖက္ကို စည္ပိုင္းေပၚတင္ၿပီး သူ႕ေျခက်င္းဝတ္အထိအျမင့္ရွိတဲ့ေရေတြၾကား ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ၿပီး လမ္းေလွ်ာက္သြားခဲ့တာဘဲျဖစ္ပါတယ္။ ထိုေကာင္ေလးဟာ ေရလႊမ္းမိုးမႈအတြင္း ပိတ္မိေနတဲ့ ေခြးေလးေျခာက္ေကာင္ႏွင့္ ၾကက္ႏွစ္ေကာင္တို႔ကိုကယ္ဆယ္နိုင္ခဲ့ၿပီး ၎တို႔အားလုံးမွာ သူ႕အိမ္နီးနားခ်င္းမ်ားရဲ႕အိမ္ေမြးတိရိစ္ဆာန္ေလးေတြဘဲျဖစ္ပါတယ္။

 

 

အဆိုပါေကာင္ေလး လမ္းေလွ်ာက္ေနတာကိုၾကည့္ျခင္းအားျဖင့္ သူ႕မွာ မသန္စြမ္းမႈတစ္ခုရွိေနတယ္လို႔ Sopitas သတင္းရဲ႕အဆိုအရ သိရွိရပါတယ္။ Jostyn ဟာ မသန္စြမ္းေပမဲ့လည္း၊ တိရိစ္ဆာန္အားလုံးအား Hurricane မုန္တိုင္းဒဏ္မွေျခာက္ေသြ႕တဲ့ေနရာသို႔ပို႔ေဆာင္ေပးရန္ လိုလားေနဆဲျဖစ္ပါတယ္။ သူ႕ရဲ႕ကိုယ္က်ိဳးမဖက္ဘဲ ၾကင္နာတတ္တဲ့ အျပဳအမူေၾကာင့္ TRAC Sinaloa က Jostyn ကို ေနာက္ပိုင္းမွာေျခရာခံခဲ့ၿပီး တိရိစ္ဆာန္မ်ားႏွင့္ သူ႕အတြက္ အစားအေသာက္တခ်ိဳ႕ကို သြားေရာက္ လႉဒါန္းေပးခဲ့ၾကပါတယ္။

Crd

Unicode

မုန်တိုင်းကြောင့် ပိတ်မိနေတဲ့ကြက်များနှင့် ခွေးလေးတွေကို အသက်နဲ့ရင်းပြီးကယ်ထုတ်ပေးနေခဲ့တဲ့ မသန်စွမ်းသူကောင်လေးတစ်ဦး

 

 

မက္ကဆီကိုနိုင်ငံ Nayarit မြို့မှနေထိုင်သူထောင်ပေါင်းများစွာဟာ ယမန်နှစ်မှာတိုက်ခိုက်ခဲ့တဲ့ ကြီးမားတဲ့ Hurricane မုန်တိုင်းများကြောင့် ဘေးကင်းရာနေရာသို့ခိုလှုံရန် ထိုမြို့မှထွက်ခွါဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ အသက် ၁၀ နှစ်အရွယ် Jostyn Dilan Cabrera Ramrez အမည်ရှိကောင်လေးတစ်ဦးဟာ ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေတဲ့တိရိစ္ဆာန်များကိုလျစ်လျူရှုမထားနိုင်တာကြောင့် မြို့မှာနေရစ်ခဲ့ပြီး ထိုတိရိစ္ဆာန်များကိုကယ်ဆယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အင်တာနက်ပေါ်မှာပျံ့နှံ့သွားခဲ့တဲ့ဓာတ်ပုံအများအပြားမှ ရေလွှမ်းမိုးနေစဉ် ပလတ်စတစ်စည်ပိုင်းဗုံးကြီးတစ်ခုအတွင်းမှာ ကြက်နှင့် ခွေးလေးတွေကိုအကာအကွယ်ပေးနေတဲ့ ကိုယ်ကျိုးမဖက်တဲ့ထိုကောင်လေးရဲ့ဓာတ်ပုံများကို သင်မြင်တွေ့နိုင်ပါတယ်။

 

 

ထိုကောင်လေးဟာ သူ့ရဲ့လက်တစ်ဖက်ကို စည်ပိုင်းပေါ်တင်ပြီး သူ့ခြေကျင်းဝတ်အထိအမြင့်ရှိတဲ့ရေတွေကြား ကိုယ့်ကိုကိုယ်ထိန်းချုပ်ပြီး လမ်းလျှောက်သွားခဲ့တာဘဲဖြစ်ပါတယ်။ ထိုကောင်လေးဟာ ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေတဲ့ ခွေးလေးခြောက်ကောင်နှင့် ကြက်နှစ်ကောင်တို့ကိုကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အားလုံးမှာ သူ့အိမ်နီးနားချင်းများရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေဘဲဖြစ်ပါတယ်။

 

 

အဆိုပါကောင်လေး လမ်းလျှောက်နေတာကိုကြည့်ခြင်းအားဖြင့် သူ့မှာ မသန်စွမ်းမှုတစ်ခုရှိနေတယ်လို့ Sopitas သတင်းရဲ့အဆိုအရ သိရှိရပါတယ်။ Jostyn ဟာ မသန်စွမ်းပေမဲ့လည်း၊ တိရိစ္ဆာန်အားလုံးအား Hurricane မုန်တိုင်းဒဏ်မှခြောက်သွေ့တဲ့နေရာသို့ပို့ဆောင်ပေးရန် လိုလားနေဆဲဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ကျိုးမဖက်ဘဲ ကြင်နာတတ်တဲ့ အပြုအမူကြောင့် TRAC Sinaloa က Jostyn ကို နောက်ပိုင်းမှာခြေရာခံခဲ့ပြီး တိရိစ္ဆာန်များနှင့် သူ့အတွက် အစားအသောက်တချို့ကို သွားရောက် လှူဒါန်းပေးခဲ့ကြပါတယ်။

Crd