ပုံတစ္ပုံေၾကာင့္ ကမၻာေက်ာ္သြားတဲ့ ေကာင္မေလးက သူမရဲ႕ Meme ကို ေဒၚလာ(၅)သိန္းျဖင့္ ေရာင္းခ်

ပုံတစ္ပုံေၾကာင့္ ကမၻာေက်ာ္သြားတဲ့ ေကာင္မေလးက သူမရဲ႕ Meme ကို ေဒၚလာ(၅)သိန္းျဖင့္ ေရာင္းခ်

 

 

 

လူႀကိဳက္မ်ားတဲ့ ကမၻာေက်ာ္ Meme ပုံပိုင္ရွင္ျဖစ္တဲ့ ေကာင္မေလးကေတာ့ အခုဆိုရင္ သူမရဲ႕ Meme ကို ေဒၚလာ(၅)သိန္းနဲ႕ ေရာင္းခ်လိဳက္ၿပီလို႔ သိရပါတယ္။ သူမရဲ႕အမည္ကေတာ့ Zoe Roth ျဖစ္ၿပီး ကန္လူမ်ိဳးတစ္ေယာက္ပါ။ သူမရဲ႕ အသက္ပါလွတဲ့ ဓာတ္ပုံေလးဟာ Meme ကမၻာမွာ ေအာင္ျမင္သြားခဲ့ပါတယ္။

 

 

အခုဆိုရင္ Zoe Roth ဟာ အသက္ (၂၁)ရွိၿပီျဖစ္ၿပီး၊ သူမရဲ႕နာမည္ႀကီး Meme ပုံကို non-fungible token (NFT) format မွာ ေလလံတင္ေရာင္းခ်ခဲ့ပါတယ္။ ဝယ္ယူသြားတဲ့သူရဲ႕အမည္ေျပာင္ကေတာ့ @ 3fmusic လို႔ သိရၿပီး၊ cryptocurrency ေငြေၾကး (၁၈၀) Ethereum နဲ႕ ဝယ္ယူခဲ့တာပါ။ လက္ရွိေပါက္ေဈးအရေတာ့-

 

 

1 ethereum မွာ ကန္ေဒၚလာ (၄၇၀၀)ေက်ာ္ျဖစ္ေပမယ့္ အမွန္တကယ္ေရာင္းခ်စဥ္တုန္းက ethereum (၁၈၀)မွာ ကန္ေဒၚလာ (၅)သိန္းေက်ာ္သာ ေဈးရွိခဲ့ပါတယ္။ ဒီကမၻာေက်ာ္ Meme ပုံကို ဖခင္ျဖစ္သူ Dave Roth က (၂၀၀၅)ခုႏွစ္က ရိုက္ကူးခဲ့တာပါ။ ထိုစဥ္က သူမရဲ႕အသက္မွာ (၄)ႏွစ္ေက်ာ္သာရွိေသးၿပီး ကယ္လီဖိုးနီးယားျပည္နယ္၊ Meban က ေနအိမ္အနီးမွာ ရိုက္ခဲ့တာလို႔ ဆိုပါတယ္။

 

သူမတို႔ ေနအိမ္အနီးမွာ မီးေလာင္မႈျဖစ္စဥ္ ဒီဓာတ္ပုံေတြကို ဖခင္က ကင္မရာအသစ္နဲ႕ ရိုက္ကူးခဲ့တာျဖစ္ၿပီး၊ ဓာတ္ပုံေပါင္းမ်ားစြာ လူမႈကြန္ရက္မွာ တင္ခဲ့တာပါ။ အဲဒီေနာက္ ဒါဇင္နဲ႕ခ်ီတဲ့ဓာတ္ပုံေတြထဲကမွ သူမရဲ႕ အသက္ဝင္လြန္းတဲ့အၾကည့္နဲ႕ Meme ပုံဟာ အေတာ္ေလးကို လူႀကိဳက္မ်ားခဲ့ပါတယ္။ (၂၀၁၈)ခုႏွစ္မွာ ဒီဓာတ္ပုံေလးေၾကာင့္-

 

 

Dave ဟာ JPG magazine ရဲ႕ Emotion Capture က႑မွာ အေကာင္းဆုံးဆု ရရွိခဲ့ပါတယ္။ Zoe Roth ဟာ လက္ရွိအခ်ိန္မွာ လူမႈကြန္ရက္ဆယ္လီအျဖစ္ ရပ္တည္ေနသလို၊ ႀကိဳၾကားႀကိဳၾကား ေမာ္ဒယ္ေလာကထဲကို တိုးဝင္ေနသူပါ။ သူမဟာ သာမန္အားျဖင့္လည္း ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ကေလးမေလးတစ္ဦးျဖစ္ပါသတဲ့။

Crd

Unicode

ပုံတစ်ပုံကြောင့် ကမ္ဘာကျော်သွားတဲ့ ကောင်မလေးက သူမရဲ့ Meme ကို ဒေါ်လာ(၅)သိန်းဖြင့် ရောင်းချ

လူကြိုက်များတဲ့ ကမ္ဘာကျော် Meme ပုံပိုင်ရှင်ဖြစ်တဲ့ ကောင်မလေးကတော့ အခုဆိုရင် သူမရဲ့ Meme ကို ဒေါ်လာ(၅)သိန်းနဲ့ ရောင်းချလိုက်ပြီလို့ သိရပါတယ်။ သူမရဲ့အမည်ကတော့ Zoe Roth ဖြစ်ပြီး ကန်လူမျိုးတစ်ယောက်ပါ။ သူမရဲ့ အသက်ပါလှတဲ့ ဓာတ်ပုံလေးဟာ Meme ကမ္ဘာမှာ အောင်မြင်သွားခဲ့ပါတယ်။

အခုဆိုရင် Zoe Roth ဟာ အသက် (၂၁)ရှိပြီဖြစ်ပြီး၊ သူမရဲ့နာမည်ကြီး Meme ပုံကို non-fungible token (NFT) format မှာ လေလံတင်ရောင်းချခဲ့ပါတယ်။ ဝယ်ယူသွားတဲ့သူရဲ့အမည်ပြောင်ကတော့ @ 3fmusic လို့ သိရပြီး၊ cryptocurrency ငွေကြေး (၁၈၀) Ethereum နဲ့ ဝယ်ယူခဲ့တာပါ။ လက်ရှိပေါက်ဈေးအရတော့-

1 ethereum မှာ ကန်ဒေါ်လာ (၄၇၀၀)ကျော်ဖြစ်ပေမယ့် အမှန်တကယ်ရောင်းချစဉ်တုန်းက ethereum (၁၈၀)မှာ ကန်ဒေါ်လာ (၅)သိန်းကျော်သာ ဈေးရှိခဲ့ပါတယ်။ ဒီကမ္ဘာကျော် Meme ပုံကို ဖခင်ဖြစ်သူ Dave Roth က (၂၀၀၅)ခုနှစ်က ရိုက်ကူးခဲ့တာပါ။ ထိုစဉ်က သူမရဲ့အသက်မှာ (၄)နှစ်ကျော်သာရှိသေးပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ Meban က နေအိမ်အနီးမှာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။

သူမတို့ နေအိမ်အနီးမှာ မီးလောင်မှုဖြစ်စဉ် ဒီဓာတ်ပုံတွေကို ဖခင်က ကင်မရာအသစ်နဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ဓာတ်ပုံပေါင်းများစွာ လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။ အဲဒီနောက် ဒါဇင်နဲ့ချီတဲ့ဓာတ်ပုံတွေထဲကမှ သူမရဲ့ အသက်ဝင်လွန်းတဲ့အကြည့်နဲ့ Meme ပုံဟာ အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်မှာ ဒီဓာတ်ပုံလေးကြောင့်-

Dave ဟာ JPG magazine ရဲ့ Emotion Capture ကဏ္ဍမှာ အကောင်းဆုံးဆု ရရှိခဲ့ပါတယ်။ Zoe Roth ဟာ လက်ရှိအချိန်မှာ လူမှုကွန်ရက်ဆယ်လီအဖြစ် ရပ်တည်နေသလို၊ ကြိုကြားကြိုကြား မော်ဒယ်လောကထဲကို တိုးဝင်နေသူပါ။ သူမဟာ သာမန်အားဖြင့်လည်း ပျော်ပျော်နေတတ်တဲ့ ကလေးမလေးတစ်ဦးဖြစ်ပါသတဲ့။

Crd