ဖိလစ္ပိုင္က လူတစ္ရပ္စာအျမင့္ရိွတဲ့ လင္းႏို႔ႀကီးေတြအေၾကာင္း

ဖိလစ္ပိုင္က လူတစ္ရပ္စာအျမင့္ရိွတဲ့ လင္းႏို႔ႀကီးေတြအေၾကာင္း

 

 

 

အခုတစ္ေလာ ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ့ေနတဲ့ လင္းနို႔ပုံအႀကီးႀကီးေတြဟာ ဖိလစ္ပိုင္နိုင္ငံအတြင္းမွာ ရွိတယ္လို႔ ေတာ္ေတာ္မ်ားမ်ား သိၾကၿပီး ျဖစ္မွာပါ။ အဲဒီလင္းနို႔ႀကီးေတြဟာ အျပင္မွာ တစ္ကယ္ေကာရွိပါ့မလား၊ လူစိတ္ဝင္စားေအာင္ တမင္မ်ား Photoshop နဲ႕ လုပ္ထားၾကသလားလို႔ ေတာ္ေတာ္မ်ားမ်ားက ထင္ၾကပါလိမ့္မယ္။ အမွန္တစ္ကယ္ေတာ့ အဲဒီလိုလင္းနို႔ႀကီးေတြဟာ ဖိလစ္ပိုင္နိုင္ငံအတြင္းမွာ တစ္ကယ္ရွိေၾကာင္း Vice သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

 

 

အေပၚက Twitter ပို႔စ္ဆိုရင္ ျဇႏႅ ၂၄ ရက္ေန႕က တင္ခဲ့တဲ့ ပို႔စ္ျဖစ္ၿပီး ဒီပို႔စ္ေၾကာင့္ပဲ ဒီလိုလင္းနို႔အႀကီးႀကီးေတြ ကိစၥဟာ လူၾကားထဲပ်ံ့ႏွံ႕ခဲ့တာျဖစ္ပါတယ္။ အဆိုပါပို႔စ္ရဲ႕ comment ေအာက္ေတြမွာလဲ ဒီလင္းနို႔ေတြဟာ တစ္ကယ္ရွိတယ္ မရွိဘူးနဲ႕ ျငင္းခုန္ေနၾကတဲ့ လူေတြ အမ္ားအ်ပားပါပဲ။ အမွန္တစ္ကယ္ေတာ့ ဒီလိုလင္းနို႔ပုံမ်ိဳးကို ပထမဦဒဆုံး Reddict မြာ ၾသဂုတ္လ ၂၀၁၈ ခုႏွစ္က တစ္ခါတင္ဖူးၿပီး ေမလ ၂၀၁၉ ခုႏွစ္ေရာက္ေတာ့ facebook ေပၚမွာ ျပန္ share ခဲ့ၿပီး နာမည္ႀကီးခဲ့ပါေသးတယ္။ ဒီ Twitter ပို႔စ္ကေတာ့ ဒုတိယအႀကိမ္ နာမည္ႀကီးတာပဲ ျဖစ္ပါတယ္။

 

 

ဒီလင္းနို႔ႀကီးေတြကို ဖိလစ္ပိုင္နိုင္ငံမွာ The Giant Golden-crowned Flying Fox လို႔ အမည္ေပးထားပါတယ္။ ႐ုတ္တရက္ၾကည့္လိုက္ရင္ေတာ့ လင္းနို႔လို႔ေတာင္ မထင္ရပဲ ေျမေခြးပ်ံႀကီးေတြလိုပါပဲ။ လူေတာ္ေတာ္မ်ားမ်ား ေၾကာက္ေနၾကသလို အဆိုပါ လင္းနို႔ႀကီးေတြဟာ လူေတြကို ဒုကၡေပးတတ္တဲ့ အေကာင္ႀကီးေတြမဟုတ္သလို လင္းနို႔ေတာ္ေတာ္မ်ားမ်ားလို ေသြးလဲမေသာက္ၾကပါဘူး။

 

 

မ်ားေသာအားျဖင့္ အသီးအ႐ြက္ေတြကိုသာ စားေလ့ရွိတဲ့ အေကာင္ႀကီးေတြျဖစ္ပါတယ္။ အုပ္စုဖြဲ႕ေနထိုင္ျခင္းလည္းမရွိပဲ တစ္ေကာင္တည္း ေနတတ္ေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ ေတာနဲ႕ နီးတဲ့ ႐ြာပတ္ဝန္းက်င္ေတြမွာသာ ေတြ႕ရေလ့ရွိၿပီး တစ္ခါတစ္ေလ ေတာစပ္က လူေနအိမ္ေတြမွာ ေျခေထာက္တြဲေလာင္းခ်ိတ္ၿပီး အိပ္ေလ့ရွိပါတယ္။ အရွည္ကေတာ့ အနည္းဆုံးလူတစ္ရပ္ေလာက္ရွိၿပီး တစ္ေကာင္ကို ပ်မ္းမွ်အေလးခ်ိန္ ၁.၂ ကီလိုဂရမ္ခန႔္ရွိေၾကာင္း သိရပါတယ္။

Crd

Unicode

ဖိလစ်ပိုင်က လူတစ်ရပ်စာအမြင့်ရှိတဲ့ လင်းနို့ကြီးတွေအကြောင်း

 

 

 

အခုတစ်လော ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ လင်းနို့ပုံအကြီးကြီးတွေဟာ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ရှိတယ်လို့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အဲဒီလင်းနို့ကြီးတွေဟာ အပြင်မှာ တစ်ကယ်ကောရှိပါ့မလား၊ လူစိတ်ဝင်စားအောင် တမင်များ Photoshop နဲ့ လုပ်ထားကြသလားလို့ တော်တော်များများက ထင်ကြပါလိမ့်မယ်။ အမှန်တစ်ကယ်တော့ အဲဒီလိုလင်းနို့ကြီးတွေဟာ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ တစ်ကယ်ရှိကြောင်း Vice သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

အပေါ်က Twitter ပို့စ်ဆိုရင် ဇြန္လ ၂၄ ရက်နေ့က တင်ခဲ့တဲ့ ပို့စ်ဖြစ်ပြီး ဒီပို့စ်ကြောင့်ပဲ ဒီလိုလင်းနို့အကြီးကြီးတွေ ကိစ္စဟာ လူကြားထဲပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ အဆိုပါပို့စ်ရဲ့ comment အောက်တွေမှာလဲ ဒီလင်းနို့တွေဟာ တစ်ကယ်ရှိတယ် မရှိဘူးနဲ့ ငြင်းခုန်နေကြတဲ့ လူတွေ အမ်ားအျပားပါပဲ။ အမှန်တစ်ကယ်တော့ ဒီလိုလင်းနို့ပုံမျိုးကို ပထမဦဒဆုံး Reddict မွာ သြဂုတ်လ ၂၀၁၈ ခုနှစ်က တစ်ခါတင်ဖူးပြီး မေလ ၂၀၁၉ ခုနှစ်ရောက်တော့ facebook ပေါ်မှာ ပြန် share ခဲ့ပြီး နာမည်ကြီးခဲ့ပါသေးတယ်။ ဒီ Twitter ပို့စ်ကတော့ ဒုတိယအကြိမ် နာမည်ကြီးတာပဲ ဖြစ်ပါတယ်။

 

 

ဒီလင်းနို့ကြီးတွေကို ဖိလစ်ပိုင်နိုင်ငံမှာ The Giant Golden-crowned Flying Fox လို့ အမည်ပေးထားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ လင်းနို့လို့တောင် မထင်ရပဲ မြေခွေးပျံကြီးတွေလိုပါပဲ။ လူတော်တော်များများ ကြောက်နေကြသလို အဆိုပါ လင်းနို့ကြီးတွေဟာ လူတွေကို ဒုက္ခပေးတတ်တဲ့ အကောင်ကြီးတွေမဟုတ်သလို လင်းနို့တော်တော်များများလို သွေးလဲမသောက်ကြပါဘူး။

 

 

များသောအားဖြင့် အသီးအရွက်တွေကိုသာ စားလေ့ရှိတဲ့ အကောင်ကြီးတွေဖြစ်ပါတယ်။ အုပ်စုဖွဲ့နေထိုင်ခြင်းလည်းမရှိပဲ တစ်ကောင်တည်း နေတတ်လေ့ရှိပါတယ်။ များသောအားဖြင့် တောနဲ့ နီးတဲ့ ရွာပတ်ဝန်းကျင်တွေမှာသာ တွေ့ရလေ့ရှိပြီး တစ်ခါတစ်လေ တောစပ်က လူနေအိမ်တွေမှာ ခြေထောက်တွဲလောင်းချိတ်ပြီး အိပ်လေ့ရှိပါတယ်။ အရှည်ကတော့ အနည်းဆုံးလူတစ်ရပ်လောက်ရှိပြီး တစ်ကောင်ကို ပျမ်းမျှအလေးချိန် ၁.၂ ကီလိုဂရမ်ခန့်ရှိကြောင်း သိရပါတယ်။

Crd