

 

 

 


 

 


 

 



 

 


 

 


Crd

Unicode

ချစ်ဇနီးလေး ဖြစ်စေချင်တဲ့ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ဝမ်းသာပျော်ရွှင်နေခဲ့တဲ့ သရုပ်ဆောင် နေထူးနိုင်

 

 

 

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်နေထူးနိုင်ကမိန်းမဖြစ်စေချင်တဲ့ဆန္ဒလေးကိုမဖြစ်ဖြစ်အောင်လုပ်ပေးခဲ့တဲ့အကြောင်းကိုအခုလိုပြောပြထားပါတယ်နော်။

 

 

သရုပ်ဆောင်နေထူးနိုင်ကကျွန်တော်ကိုယ်တိုင်ဗုဒ္ဓဂယာမှာပင့်ဆောင်လာသောဗောဓိညောင်ပင်၊သားကြီးကိုယ်ဝန်ကြီးနဲ့မို့ဗုဒ္ဓဂယာဘုရားဖူးမလိုက်ရလို့ မိန်းမဘာလိုချင်လဲဘာဝယ်ခဲ့ရမလဲမေးတော့မိန်းမကသူအတွက်ဂယာကဗောဓိညောင်ပင်ကိုသူမွေးရပ်မြေမှာစိုက်လှူချင်တယ်။

 

 

ဗောဓိပင်အစစ်ပဲလိုချင်တယ်ဆိုတာနဲ့ဂယာရောက်တာနဲ့ဗောဓိပင်ကိုအရင်သွားညောင်စေ့ကိုယူပြီးတည်းခိုတဲ့နေရာမှာပျိုးခဲ့၁၁ရက်ကြာပြန်မယ်နေ့ကြည့်လိုက်တော့

လက်ညှိုးလောက်အပင်လေးပေါက်နေတယ်ရန်ကုန်ကိုရအောင်သယ်လာပြီး မိန်းမမွေးရပ်မြေရွှေတောင်မြို့နွားမယံအုပ်စုပုရိပိုဒ်တန်းရွာမှာစိုက်ပျိုးလှူဒါန်းခဲ့ရာ။

 

 

အခုဆို၁၀နှစ်အရွယ်ရောက်တော့ကျွန်တော်တို့မိသားစုနဲ့အတူWeLoveMarChalအဖွဲ့ကဘုရားဆင်းတုတော်၈ဆူနေပူခံကျောက်ပြားများနဲ့

 

 

ဂြိုလ်ရှစ်ခွင်အားကဆုန်လညောင်ရေသွန်းပွဲအတွက် ညောင်ရေသွန်းပွဲအမှီလှူဒါန်းကြပါသည်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Crd