ေတာ္လွန္ေရးရဲ႕အင္အားဟာ ျပည္သူအားလံုးဆီမွာရိွတယ္ဆိုၿပီး ေသြးမေအးၾကဖို႔ တိုက္တြန္းလာတဲ့ ဟန္နီေႏြဦး

ေတာ္လွန္ေရးရဲ႕အင္အားဟာ ျပည္သူအားလံုးဆီမွာရိွတယ္ဆိုၿပီး ေသြးမေအးၾကဖို႔ တိုက္တြန္းလာတဲ့ ဟန္နီေႏြဦး

 

 

Photo Model တစ္ေယာက္ျဖစ္တဲ့ ဟန္နီေႏြဦးကေတာ့ လူေကာင္ေသးေသးေလးနဲ႔ ခ်စ္စရာေကာင္းတာမို႔ ပရိသတ္ေတြ အထူးသျဖင့္ လူငယ္ေတြႀကိဳက္ၾကသူတစ္ေယာက္ပါပဲ။ ဟန္နီေႏြဦးဟာ ေႏြဦးေတာ္လွန္ေရးမွာလည္း တက္တက္ႂကြႂကြပါဝင္ခဲ့ၿပီး

လက္ရွိမွာလည္း လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး ေတာ္လွန္ေရးလုပ္ငန္းစဥ္မ်ားကို ဆက္လက္လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ ေတာထဲကို ေရာက္ရွိေနတဲ့ ဟန္နီေႏြဦးဟာ ဒီကေန႔မွာေတာ့ ၿမိဳ႕ေပၚမွာရွိေနၾကတဲ့ ျပည္သူေတြကို ေတာင္းဆိုခ်က္တစ္ခုေျပာလာပါတယ္။

 

 

ဟန္နီေႏြဦးက ေတာ္လွန္ေရးရဲ႕ အင္အားဟာ ျပည္သူအားလုံးဆီမွာ ရွိတယ္။ အခုဆိုရင္ ေတာထဲေတြမွာ လူငယ္ေတြ၊ ျပည္သူေတြဟာ စစ္ေကာင္စီကို အႏိုင္တိုက္ဖို႔ ယုံၾကည္ခ်က္ကိုယ္စီနဲ႔ ျပင္ဆင္ေနၾကပါတယ္။

တခ်ိဳ႕ေနရာေတြမွာလည္း စစ္ေကာင္စီကို တိုက္ၿပီး တိုက္ပြဲေတြဝင္ေနၾကပါၿပီ ။ ၿမိဳ႕ေပၚကျပည္သူေတြအေနနဲ႔လဲ အခုခ်ိန္အထိေသြးမေအးၾကဘဲနဲ႔ ရတဲ့နည္းနဲ႔ စစ္ေကာင္စီကို ေတာ္လွန္ေနတုန္းပဲလို႔ က်ေနာ္ ယုံၾကည္ပါတယ္။

 

 

ျပည္သူတရပ္လုံးညီညီညာညာလုပ္ႏိုင္ၾကမယ့္ ေတာ္လွန္ေရးပုံစံေတြကိုလည္း ေက်ာင္းသားသမဂၢေတြ၊ ေတာ္လွန္ေရးအင္အားစုေတြက အၿမဲတိုက္တြန္းႏႈိးေဆာ္ေနတာလည္း ေတြ႕ရပါတယ္။

အဲဒီေတာ့ ၿမိဳ႕ေတြေပၚမွာရွိေနတဲ့ ျပည္သူေတြအေနနဲ႔ CDM လႈပ္ရွားမႈကို မေမ့ထားဖို႔၊ မီတာမေဆာင္ဖို႔၊ အခြန္မေဆာင္ဖို႔၊ စစ္ေကာင္စီရဲ႕ ထုတၠဳႏၼ္ားကို သပိတ္ေမွာက္ဖို႔၊ စစ္ေကာင္စီရဲ႕ အမိန႔္၊ ၫႊန္ၾကားခ်က္မွန္သမွ်ကို မလိုက္နာဖို႔၊ ေက်ာင္းမတက္ဖို႔၊ ဆႏၵျပေနတဲ့လူငယ္မ်ားကို အားေပးေထာက္ခံၾကဖို႔၊

 

 

ပူးေပါင္းပါဝင္ၾကဖို႔ စတဲ့နည္းလမ္းေတြနဲ႔ ေတာ္လွန္ေရးမွာ ဆက္လက္ပါဝင္ေပးၾကဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ေတာထဲကရဲေဘာ္ေတြနဲ႔ တသားတည္းရွိေၾကာင္းကို ၿမိဳ႕ေပၚမွာ စစ္ေကာင္စီကိုလုံးဝအုပ္ခ်ဳပ္ခြင့္မေပးျခင္းျဖင့္ ျပသေပးၾကပါရန္ တိုက္တြန္းအပ္ပါတယ္ခဗ်။ ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။

 

 

ဟန္နီေႏြဦးကေတာ့ ႏုနယ္ငယ္႐ြယ္တဲ့ မိန္းမငယ္ေလးတစ္ေယာက္ျဖစ္ေပမယ့္ စစ္ေကာင္စီကို ေတာ္လွန္ဖို႔ စိတ္ေရာလူပါ ႀကိဳးစားေနၿပီး ၿမိဳ႕ေပၚမွာ စစ္ေကာင္စီကို လုံးဝအုပ္ခ်ဳပ္ခြင့္မေပးျခင္းျဖင့္ ေတာထဲကရဲေဘာ္ေတြနဲ႔ တစ္သားတည္းရွိေၾကာင္း ျပေသးပါဆိုၿပီး ေတာင္းဆိုလိုက္တာပဲျဖစ္ပါတယ္။

Crd

Unicode

တော်လှန်ရေးရဲ့အင်အားဟာ ပြည်သူအားလုံးဆီမှာရှိတယ်ဆိုပြီး သွေးမအေးကြဖို့ တိုက်တွန်းလာတဲ့ ဟန်နီနွေဦး

Photo Model တစ်ယောက်ဖြစ်တဲ့ ဟန်နီနွေဦးကတော့ လူကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းတာမို့ ပရိသတ်တွေ အထူးသဖြင့် လူငယ်တွေကြိုက်ကြသူတစ်ယောက်ပါပဲ။ ဟန်နီနွေဦးဟာ နွေဦးတော်လှန်ရေးမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့ပြီး

လက်ရှိမှာလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ တောထဲကို ရောက်ရှိနေတဲ့ ဟန်နီနွေဦးဟာ ဒီကနေ့မှာတော့ မြို့ပေါ်မှာရှိနေကြတဲ့ ပြည်သူတွေကို တောင်းဆိုချက်တစ်ခုပြောလာပါတယ်။

ဟန်နီနွေဦးက တော်လှန်ရေးရဲ့ အင်အားဟာ ပြည်သူအားလုံးဆီမှာ ရှိတယ်။ အခုဆိုရင် တောထဲတွေမှာ လူငယ်တွေ၊ ပြည်သူတွေဟာ စစ်ကောင်စီကို အနိုင်တိုက်ဖို့ ယုံကြည်ချက်ကိုယ်စီနဲ့ ပြင်ဆင်နေကြပါတယ်။

တချို့နေရာတွေမှာလည်း စစ်ကောင်စီကို တိုက်ပြီး တိုက်ပွဲတွေဝင်နေကြပါပြီ ။ မြို့ပေါ်ကပြည်သူတွေအနေနဲ့လဲ အခုချိန်အထိသွေးမအေးကြဘဲနဲ့ ရတဲ့နည်းနဲ့ စစ်ကောင်စီကို တော်လှန်နေတုန်းပဲလို့ ကျနော် ယုံကြည်ပါတယ်။

ပြည်သူတရပ်လုံးညီညီညာညာလုပ်နိုင်ကြမယ့် တော်လှန်ရေးပုံစံတွေကိုလည်း ကျောင်းသားသမဂ္ဂတွေ၊ တော်လှန်ရေးအင်အားစုတွေက အမြဲတိုက်တွန်းနှိုးဆော်နေတာလည်း တွေ့ရပါတယ်။

အဲဒီတော့ မြို့တွေပေါ်မှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ CDM လှုပ်ရှားမှုကို မမေ့ထားဖို့၊ မီတာမဆောင်ဖို့၊ အခွန်မဆောင်ဖို့၊ စစ်ကောင်စီရဲ့ ထုတ္ကုန္မ်ားကို သပိတ်မှောက်ဖို့၊ စစ်ကောင်စီရဲ့ အမိန့်၊ ညွှန်ကြားချက်မှန်သမျှကို မလိုက်နာဖို့၊ ကျောင်းမတက်ဖို့၊ ဆန္ဒပြနေတဲ့လူငယ်များကို အားပေးထောက်ခံကြဖို့၊

ပူးပေါင်းပါဝင်ကြဖို့ စတဲ့နည်းလမ်းတွေနဲ့ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ပေးကြဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် တောထဲကရဲဘော်တွေနဲ့ တသားတည်းရှိကြောင်းကို မြို့ပေါ်မှာ စစ်ကောင်စီကိုလုံးဝအုပ်ချုပ်ခွင့်မပေးခြင်းဖြင့် ပြသပေးကြပါရန် တိုက်တွန်းအပ်ပါတယ်ခဗျ။ ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ဟန်နီနွေဦးကတော့ နုနယ်ငယ်ရွယ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ပေမယ့် စစ်ကောင်စီကို တော်လှန်ဖို့ စိတ်ရောလူပါ ကြိုးစားနေပြီး မြို့ပေါ်မှာ စစ်ကောင်စီကို လုံးဝအုပ်ချုပ်ခွင့်မပေးခြင်းဖြင့် တောထဲကရဲဘော်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသေးပါဆိုပြီး တောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။

Crd