

 

 

 



 

 


 

 


 

 



 

 


 

 

အစားအသောက် ဆင်းရဲပင်ပန်းကြီးစွာနဲ့ တိုင်းပြည်အတွက် တော်လှန်ရေးလုပ်ဆောင်နေတဲ့ PDF ရဲဘော်တွေကို အာဟာရဒါန ကျွေးမွေးလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

 

 


Crd

Unicode

သူမရဲ့ မွေးနေ့မှာ တောထဲတောင်ထဲမှာ အနေအစားဆင်းရဲနေတဲ့ PDFလေးတွေကိုထမင်းမြိန်စေရန် ဝက်သားဟင်းနဲ့ ငပိရည်လေး လှူဒါန်းခဲ့တဲ့ ဟန္နာယူရီ

ကိုရီးယား မင်းသမီးလေးလို ချောမောလှပနေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ဟန်နာယူရီကိုတော့ ပရိသတ်တွေလည်း သိကြမယ်လို့ထင်ပါတယ်။

သူမဟာ နာမည်ကြီး Makeup Artist တစ်ယောက်ဖြစ်သလို သရုပ်ဆောင်အနေနဲ့လည်း ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။

လက်ရှိမှာတော့ သူမဟာ ကိုရီးယားကို ပညာသင်ကြားဖို့ သွားရောက်နေပေမယ့် မိမိတိုင်းပြည်အရေးအတွက် တစ်ထောင့်တစ်နေရာကနေ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ သူပဲဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး အချိန်ကာလတွေကလည်း လမ်းမပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ရင်း ကြိုးပမ်းခဲ့သူပဲ ဖြစ်ပါတယ်။

ဒီလို တိုင်းပြည်အရေးအတွက် စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးခဲ့တာကြောင့် ချစ်ရတဲ့ပရိသတ်တွေက လေးစားအားကျခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့ကတော့ ဟန္နာယူရီ ရဲ့ ပျော်ရွှင်စရာ မွေးနေ့လေးကို ကျရောက်ခဲ့ပါတယ်။

ဒီနှစ်မွေးနေ့လေးမှာတော့ ဟန္နာယူရီဟာ အရင်နှစ်တွေထက် ပိုပြီးအမှတ်တရဖြစ်စေမယ့် အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့တာကေတာ့ အရာအားလုံးကိုစွန့်လွှတ်ပြီး အနေအထိုင် ၊

အစားအသောက် ဆင်းရဲပင်ပန်းကြီးစွာနဲ့ တိုင်းပြည်အတွက် တော်လှန်ရေးလုပ်ဆောင်နေတဲ့ PDF ရဲဘော်တွေကို အာဟာရဒါန ကျေွးမွေးလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလှူဒါန်းပေးခဲ့တာကြောင့် ချစ်တဲ့ ပြည်သူပရိသတ်တွေကလည်း လေးစားချီးကျူးခဲ့ကြတာ ဖြစ်ပါတယ်။

Crd