

 

 

 


 

 


 

 

တစ်ချို့ဆိုရင်ထမင်းစားပွဲမှာတကယ့်အဓိကဧည့်သည်တော်တွေထိုင်တဲ့ထိပ်ဆုံးထိုင်ခုံမှာနေရာချပေး၊အရေးကြီးတဲ့နိုင်ငံတော်အခန်းအနားဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးခိုင်းလိုခိုင်းနေရာပေးလိုက်ကြတာလေ၊ဒါကလူကြီးကော၊လူငယ်ကော၊မိန်းမကြီးကော၊မိန်းမငယ်လေးတွေကောဗျ၊သူဌေးကော၊ကမ္ဘာကျော်မင်းသားကောပြည်သူအရပ်သားကောဗျ၊အားလုံးကတစ်ပုံစံထဲဆက်ဆံမှုတုန့်ပြန်မှုတွေတစ်ထပ်ထဲဗျာ။

 

 


 

 

 


Crd

Unicode

ကိုရီးယားနိုင်ငံရောက် ဦးကျော်သူပြောသော သူများနိုင်ငံမှာ မျက်နှာမငယ်စေနိုင်တဲ့ အလုပ်တစ်ခုအကြောင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်ကျော်သူကရုပ်ရှင်သရုပ်ဆောင်အလုပ်အကြောင်းနဲ့သုဘရာဇာအလုပ်အကြောင်းကိုအခုလိုပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင်ကျော်သူကကိုရီးယားမှာပေါ့ဗျာ၊အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်ဖြစ်တယ်လို့ကိုရီးယားလိုမိတ်ဆက်ပေးတော့ပြုံးပြလေရဲ့၊ရုပ်ရှင်လည်းရိုက်တယ်၊အသုဘလည်းချတဲ့ကုသိုလ်ဖြစ်သုဘရာဇာလို့လည်းမိတ်ဆက်ပေးရောပြုံးပြယုံတင်မကတော့ဘူးအတင်းလက်ကိုဆွဲကိုင်ဖက်ပြီးဓါတ်ပုံရိုက်ခိုင်းတော့တာဘဲဗျာ။

တစ်ချို့ဆိုရင်ထမင်းစားပွဲမှာတကယ့်အဓိကဧည့်သည်တော်တွေထိုင်တဲ့ထိပ်ဆုံးထိုင်ခုံမှာနေရာချပေး၊အရေးကြီးတဲ့နိုင်ငံတော်အခန်းအနားဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးခိုင်းလိုခိုင်းနေရာပေးလိုက်ကြတာလေ၊ဒါကလူကြီးကော၊လူငယ်ကော၊မိန်းမကြီးကော၊မိန်းမငယ်လေးတွေကောဗျ၊သူဌေးကော၊ကမ်ဘာကျော်မင်းသားကောပြည်သူအရပ်သားကောဗျ၊အားလုံးကတစ်ပုံစံထဲဆက်ဆံမှုတုန့်ပြန်မှုတွေတစ်ထပ်ထဲဗျာ။

မြန်မာပြည်ဆိုရင်တော့အရင်ကပေါ့ဗျာ၊မင်းသားပါဆိုတော့ပြုံးပြီးဓါတ်ပုံရိုက်ရင်ရိုက်အော်တိုထိုးခိုင်းရင်ခိုင်းပေါ့၊သုဘရာဇာဆိုတာနဲ့မျက်နှာပျက်ပြီးနူတ်ခမ်းမဲ့ရွဲ့ပြီးဝေးဝေးကိုရှောင်ထွက်သွားလေရဲ့၊ဒါဟာ ပြည်ပနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့မတူညီတဲ့ဆက်ဆံရေးပေါ့ဗျာ။

ဪ၊ထေရဝါဒဗုဒ္ဓဘာသာတွေရဲ့နိုင်ငံမှာဘာဖြစ်လို့များဒီလောက်အယူသည်းကြပါလိမ့်လို့၊ဒွိဟဖြစ်မိပါရဲ့ဗျာဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd