

 

 

 


 

 


 

 


 

 


Crd

Unicode

Acidအဖွဲ့ဝင်တစ်ဦးဖြစ်သူ သူငယ်ချင်း ဇေယျာသော် ရုတ်တရတ်ဖမ်းဆီးထိန်းသိမ်းခံရတာမို့ အရမ်းစိတ်ပူနေတဲ့ အဆိုတော် ရန်ရန်ချမ်း

Acid အဖွဲ့ဆိုတာကတော့ တချိန်က ဇေယျာသော်၊ ရန်ရန်ချမ်း၊ အနဂ္ဂ၊ ဟိန်းဇော်စတဲ့ လူငယ်လေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Hip Hop ဂီတအဖွဲ့ဖြစ်ပါတယ်။ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေကြပြီဖြစ်တဲ့

အဖွဲ့ဝင်တွေဟာ ဟိန်းဇော်ကွယ်လွန်သွားခဲ့ပေမယ့် အရင်အတိုင်း အခင်အမင်မပျက်ပဲ ညီအစ်ကိုရင်းတွေလို ခ် စ်နေကြဆဲဖြစ်ပါတယ်။ အနဂ္ဂနဲ့ ရန်ရန်ချမ်းတို့က မိသားစုကိုယ်စီနဲ့ ဂီတအလုပ်တွေလုပ်ကိုင်နေကြသလို ဇေယျာသော်ကတည်း နိုင်ငံရေးအလုပ်တွေနဲ့အတူတူ အခွင့်အရေးရရင်လည်း သီချင်းတွေသီဆိုနေဆဲဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၈) ရက်နေ့မှာတော့ NLD လွတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်ဟာ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာဝင်းမှာ စကစေတြရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ထိုသတင်းအတွက် ပြည် သူတွေ၊ ပရိသတ်တွေက စိတ္ပူ နေကြသလို ဇေယျာသော်ရဲ့ ငယ်သူငယ်ချင်း ရန်ရန်ချမ်းကလည်း ဇေယျာသော်ဘာမှဖြစ်လို့မရဘူးနော် စကစနဲ့နီးစပ်ပေါက်ရောက်တဲ့သူတွေပြောပေးပါ ဒီစာကိုမြင်ကြမှာပါ ။ ဆိုပြီး သူစိုးရိမ်နေကြောင်း ပြောလာပါတယ်။

ဇေယျာသော်ကတော့ စကစ အလိုရှိနေတဲ့ NLD ပါတီဝင်တစ် ယောက်ဖြစ်ပြီး အခုလို ဖမ်းဆီခြင်းခံခဲ့ရတယ်ဆိုတဲ့သတင်းထွက်ပေါ်လာတဲ့အခါ ပရိသတ်တွေ၊ ပြည်သူတွေနဲ့ မိတ်ဆွေတွေက အလွန်အမင်းစိုးရိမ်နေကြတာပဲဖြစ်ပါတယ်။

Crd